သြဂုတ် ၁၇ ရက်နေ့ မှာ ထရီပိုလီ မြို့  ကို စတင် ၀င်ရောက် နိုင်ခဲ့ တဲ့ လစ်ဗျား ဒီမိုကရေစီ လို
လား တဲ့ လက်နက် ကိုင် တွေ ဟာ သြဂုတ်လ ၂၀ ရက်နေ့ မှာ ထရီပို လီ မြို့  ကို သိမ်းပိုက် နိုင်
ခဲ့ ပြီး နောက် တစ်ရက် မှာ တော့ ကဒါဖီ ရဲ့  အိမ် နဲ့  စစ်စခန်း ရှိ ရာ ဘဘ် အယ်(လ) ဇစ်ဇရာ
ကို သိမ်းယူ နိုင် ခဲ့ ပါတယ်။
ထရီပိုလီ မြို့  ကို လက်နက် ကိုင် တွေ ၀င် ရောက် လာတဲ့ အထိ ကဒါဖီ ဟာ သူ့  ရဲ့  အိမ်ဝင်း ထဲ
မှာ ရှိ နေ ခဲ့ ပြီး ခံတိုက် ဖို့  အမိန့် ပေးထား တဲ့ သူ့ ရဲ့  ထရီပိုလီ က တပ် တွေ သူပုန် တွေ ကို လက်
နက် ချ အညံ့ ခံ တော့ မှ သူ နဲ့  သူ့  အတွင်း စည်း ( နိုင်ငံခြားရေး ၀န်ကြီး ၊ကာကွယ်ရေး ၀န်ကြီး၊
ထောက်လှမ်း ရေး အကြီး အကဲ နဲ့  သူ့  သား နှစ် ဦး ဟာ ထွက် ပြေး တိမ်းရှောင် သွား တာ ဖြစ်ပါ
တယ်။

ကဒါဖီ ရဲ့  မိသား စု က တော့ သူပုန် တွေ ထရီပိုလီ ကို မချဉ်း ကပ် ခင် ကတည်း က အယ်(လ)ဂျီး
ရီယား နိုင်ငံ ဘက် ကို စစ်တပ် အစောင့် အလျှောက် ပါတဲ့ အရပ် ဘက် သုံး ကား တွေ နဲ့  တိတ်တ
ဆိတ် ထွက် ပြေး သွား ခဲ့ ပါတယ်။
ကဒါဖီ ကို အောက်တိုဘာ ၂၀ ရက် နေ့  ဖမ်းမိချိန် မှာ သူ နဲ့  အတူ အရှင် ဖမ်းမိ တဲ့ အရာ ရှိ တစ်ဦး
က NTC (လစ်ဗျား အသွင် ကူးပြောင်း ရေး ကောင်စီ ) ကို စစ်မေးချက် အရ ထရီပိုလီ က ထွက်
ပြေးလာ တဲ့ အချိ န် မှာ ကဒါဖီ ရဲ့  ယာဉ် တန်း ဟာ အစီး နှစ်ဆယ် ခန့်  ရှိ ပြီး နောက် ပိုင်း တခြား
ထွက် ပြေး တဲ့ အရာ ရှိ တွေ ရဲ့  တပ် နဲ့  ပေါင်း တော့ သူ ရဲ့  ယာဉ် တန်း က များ ပြား လာပြီး ဆာတ်
မြို့  ကို ပဲ ဦးတည် မောင်း နှင် ခဲ့ တယ် လို့  ဆို ပါတယ်။
ကဒါဖီ ဟာ ဒီမြို့  ကို သူ့  ရဲ့  သား တစ်ဦး ဖြစ် သူ ခါမစ် ရဲ့  နာမည် ကျော် ခါမစ် တပ်မဟာ အစောင့်
အရှောက် နဲ့  ဆာတ် မြို့  ကို ဘေးမသီ ရန် မခ ရောက် ရှိ လာ တာ ဖြစ် ပြီး ၊ ဒီမြို့  မှာ သူ့  ကို လိုလား
သူ တွေ နဲ့  သူ နဲ့  အတူ အဖမ်းခံ ရ ပြီး သေဆုံး ခဲ့ တဲ့ မူတာဆင် ကဒါဖီ တို့  ရှိ နေ ပါတယ်။ ဆာတ်
မြို့  ဟာ ကဒါဖီ ရဲ့  မွေး ရပ် မြေ ဖြစ် ပြီး သူ သား မူ တာဆင် ရဲ့  အထူး တိုက် ခိုက် ရေး တပ် နဲ့ 
ဆာအိဖ် အစ္စလာမ် (ထရီပိုလိ ကျ ဆုံး စဉ် က အဖမ်းခံ တယ် လို့  သတင်း ထွက် ခဲ့ သူ )
တို့  ရဲ့  တပ် တွေ ရှိ နေ ပါတယ်။ ( ခါမစ် ဂဒါဖီ ကတော့ သြဂုတ် လ ၂၉ ရက် ဇ၀ီယာ တိုက် ပွဲ မှာ
ကျဆုံး ခဲ့ ပါတယ်)

ကဒါဖီ နဲ့  သူ့ သစ္စာ ခံ တွေ ဟာ ဆာတ် မြို့  ကို ထွက် ပြေး သွား ခဲ့ ပေမယ့် လစ်ဗျား ကြားဖြတ်
အစိုးရ အဖွဲ့  က တော့ သူ ဟာ နိုင်ငံ တောင် ပိုင်း က သူ နဲ့  မျိုး နွယ် စု တူ တွေ ရှိ ရာ ဒေသ တစ်
ခု ဒါမှ မဟုတ် ဆာဘား မြို့  ကို ထွက် ပြေး မယ်လို့  ပဲ ယုံ ကြည် ထား ခဲ့ ပေမယ့် ကဒါဖီ ဟာ
အီရတ် အာဏာ ရှင် ဆက်ဒမ် ဟူ စိန် သူ့ ရဲ့  ဇာတိမြေ တီကရစ် ကို ပြန် ပြေး သလို ပဲ ဆာတ်
မြို့  ကို ပဲ ပြန် လည် ထွက် ပြေး ခဲ့ ပါတယ်။
လစ်ဗျား တော်လှန်ရေး ရှစ်လ အတွင်းမှာ သူ့  ကို ဆန့် ကျင် တဲ့ သူ တွေ လုံး ၀ မသိမ်းပိုက် နိုင်
ခဲ့ တဲ့ မြို့  ဖြစ်တဲ့ အတွက် ကဒါဖီ က ဒီမြို့  ကို သူ ရွေးချယ် ခဲ့တာ ဖြစ် ပြီး တကယ်လို့ ဒီမြို့  ကျ
သွား ခဲ့ ရင် ဆာဘား ဒါမှ မဟုတ် နိုင်ငံ တောင် ပိုင်း က ဒေသ တွေ မှာ ထွက် ပြေး ပုန်းရှောင်
ဖို့  သူ ရွေးချယ် ခဲ့တာ ဖြစ်ပါတယ်။
ဆာတ် မြို့  ကို ကဒါဖီ နဲ့  သူ့  ရဲ့  ကား တန်း ဟာ သြဂုတ် လ ၂၃ ရက်နေ့ မှာ ရောက် ရှိ ခဲ့ ပြီး
နောက် မြို့  ထဲ က သူ့  ရဲ့  သစ္စာ ခံ အဖွဲ့  တွေ နဲ့  ပူးပေါင်း ခဲ့ ပြီး အင်အား တောင့် တင်း လာ
ခဲ့ ပါတယ်။
ဆာတ် ကို စတိုက် ပြီ
ထရီပိုလီ ကို သိမ်း မိ တဲ့ လစ်ဗျား NTC တပ်ဖွဲ့  တွေ ဟာ စက် တင်ဘာ လ ၁၅ ရက် နေ့ မှာ
ဆာတ် မြို့  ကို စတင် တိုက် ခိုက် ခဲ့ ပြီး ပထမ ဦး ဆုံး တိုက် ခိုက် မှု မှာ ကဒါဖီ ရဲ့  တပ်ဖွဲ့ 
တွေ က အပြင်း အထန် ခု ခံ ခဲ့ တဲ့ အတွက် NTC တပ် တွေ တပ်ပျက် ပြီး မစ်ဆာရာတာ
အထိ ပြန် လည် ဆုတ် ခွာ လာ ခဲ့ ရပါတယ်။
NTC တပ် ဖွဲ့  တွေ ကို ခါမစ် တပ် မဟာ ကဒါဖီ တပ် တွေ နဲ့  ကြေးစား တပ် တွေ က အပြင်း
အထန် တိုက် ခိုက် ခဲ့ တာ ဖြစ်ပါတယ်။
တစ်ချို့  တိုက် ပွဲ တွေ မှာ နိုင်ငံ ကို ၄၂ ကြာ အုပ်ချုပ် ခဲ့ တဲ့ ကဒါဖီ ကိုယ် တိုင် ကြီးကြပ် ခဲ့ တယ်
ပါတယ်။ ကဒါဖီ ဟာ သူထွက် ပြေး စဉ် မှာ သယ်ဆောင် ခဲ့ တဲ့ ရွှေ ငွေ ၊ အဖိုးတန် ပစ္စည်း နဲ့ 
အမေရိကန် ဒေါ်လာ တွေ ကို ဆာတ် မြို့  က ဘဏ် တစ်ခု ထည်း မှာ သိမ်း ဆည်းထား ပြီး
သူက တော့ ဆတ် မြို့  က ဆေးရုံ တစ်ခု မှာ သူ့  ရဲ့  သက် တော်စောင့် ထူထပ် စွာ နဲ့  နေ
ထိုင် ပါတယ်။
ဤဆောင်း ပါး ဖြစ် မြောက် ရေး အတွက် အယ်(လ)ဂျာဇီးယား ၊ ရိုက်တာ ၊ AFP ၊ AP ၊
Huffington Post၊ Russian Times ၊ France 24 ၊ CNN ၊ လစ်ဗျား သတင်းဌာ န များ
နှင့် ၀ီကီ ပီဒီယား တို့  ကို ကို ကား ခဲ့ ပါသည်။
ကျန် ရှိ နေသည့် ဒုတိယ ပိုင်း နှင့် ဇာတ်သိမ်း ဖြစ် သည့် ကဒါဖီ သေဆုံး ခဲ့ ပုံ တို့  ကို မနက်
ဖြန် တွင် စောင့် မျှော် ဖတ် ရှု ပါ။ ကျေးဇူး တင်ပါသည်။
