အောက်တိုဘာလ ၂၀ ရက်နေ့  က မကွေး တိုင်း ပခုက္ကူ နယ် တစ်ဝိုက်မှာ လူ အသေအပျောက်
များ တဲ့ ရေကြီး မှု ဟာ အဲဒီ ဒေသ နဲ့  က ဆည် တွေ ဖောက် ချ ခဲ့ တဲ့ အတွက် ဖြစ် တယ်လို့ 
မြိုင် မြို့  က မြန်မာ့ တပ်မတော် ကြည်း တပ် အရာ ရှိ တစ်ဦးက FNG ကို ပြောပါတယ်။
အဲဒီ ဒေသ မှာ ဆည် ၆ ခု ရှိ ပြီး အနည်း ဆုံး ၄ ခု ကို ဖောက် ချ ခဲ့ တာ ကြောင့် အခု လို ဖြစ်ရ
တာ လို့  ဂန့် ဂေါ မြို့ က တပ်မတော် ၀န်ထမ်း တစ်ဦး က ပြောပါတယ်။ ပခုက္ကူ ဒေသ မှာ ရေကြီး
မှု ကြောင့် ရွှေ ချောင်း ချောင်း တံတား ကျိုး ခဲ့ ပြီး ရွာ တွေ ရေစီး ထဲ မျောပါ ကာ အနည်း ဆုံး
သေဆုံး သူ ၂၀၀ ကျော် ရှိ ပါတယ်။ လူ ၁၀၀၀ ကျော် အိုး အိမ် မဲ့ ဖြစ်ခဲ့ ရ ပြီး ၄၀၀၀ ခန့် 
လောက် က နီးစပ် ရာ နေရာ တွေ မှာ ခို လှုံ နေရ ပါတယ်။
ရေဘး ဒုက္ခ သည် တွေ အတွက် အစိုးရက ပေး တဲ့ ဆန် တစ်ပြည် နဲ့  ငွေ တစ်ထောင် ကျပ် ဟာ
တစ်ခါ တည်း ရရှိ ပြီး လောက် ငှ မှု မရှိ ဘူး လို့  လဲ သိရပါတယ်။
ပခုက္ကူ ရွှေကံသာ ရပ်ကွက် တွင် နေ ထိုင် သူ တစ်ဦး ၏ ပြေပြာ ချက် အရ အောက်တိုဘာလ ၂၀
ရက်နေ့ နံနက် လင်းအားကြီး အချိန် တွင် ပေ ၂၀ခန့် အမြင့် ရှိ သည့် ရေလုံး ကြီး ၀င်ရောက် လာ
ပြီး ရေလမ်းကျရာ ရပ် ကွက် များ တွင် ဘုရား ပုထိုး စေတီ များ ပါ ပါဝင် သည် အထိ ရေစီး နှင့်
အတူ ပါ သွား ကြောင်း သိရသည်။
ရေလွှမ်းမိုး မှု နှင့် ပတ်သက် ပြီး မြိုင် မြို့  မှ စစ်တပ် အရာ ရှိ တစ်ဦး က ဒီလောက် ရေစီးအား
ဆိုတာ ဘယ်လို မှ ဆည် တွေ ကို ဖောက် ချ တာ မဟုတ် ဘဲ မဖြစ် နိုင်ဘူး ၊ ဒီကိစ္စမှ ဘယ်လို
ဘာ ကြောင့် ဖြစ်ရတယ် ဆို တဲ့ အချက် ကို ပါ စုံ စမ်း စစ်ဆေး ပေး ပြီး သေဆုံး သူ တွေ အတွက်
လျှော်ကြေး ငွေ ပေး အပ် ဖို့  လို တယ် လို့  FNG ကို ပြောပါတယ်။
ယခု ရေကြီး မှု ကို မြန်မာ အစိုးရက လူ တစ်ရာ ကျော် သေပြီး အမေရိကန် ဒေါ်လာ ၁.၇ သန်း
ပျက် စီး ဆုံး ရှုံး ခဲ့ တယ် လို့  ထုတ် ဖော် ပြောကြားပါတယ်။


MRTV ည ၈ နာ ရီ သတင်း တွင် မြင် တွေ့  လိုက် ရသော ပခုက္ကူ ဒေသ ရေဘေး ထောက် ပံ ခြင်း အခန်း အနား ကို ကြည့်  ရပါ တယ် ..ဝမ်း သာ ကြည် နုး မူ့  ဖြစ် ရပါ တယ် .. သူ တို့  တွေ အတွက် ဝမ်း သာ ဝမ်း နည်း ဖြစ် ရပါ တယ်..
ကျမ..ရင် ထဲ မှာ ဒီတကြိမ် တော့  သူ တို့  တွေ ကို ကျေ နပ် မိပါတယ်..တကယ် ဘဲ ပြောင်း လဲ စပြု နေပါ လား လို့  တွေး လိုက် မိပါ ရဲ့ ..
ကျေး ဇူး အထူး ထင် ရှိ ပါ တယ် .. တာ ဝန် ရှိလူ ကြီး များ နဲ့  ဖြစ် မြောက် အောင် လုပ် ဆောင် ပေး ခဲ့  သော သူ များ.. သတင်း မီဒီယာ သမား အား လုံး….
ကျမ
ဗမာမ