စိစစ်ရေး က ဖျော်ဖြေရေး ပုံ တွေ ကို မျက်နှာလွှဲ
အထူး သဖြင့် လစဉ် ထုတ် အလှ အပ ရေးရာ မဂ္ဂဇင်း နှင့် ဖက်ရှင် မဂ္ဂဇင်း တွေ မှာ သရုပ်ဆောင်
သည့်အမျိုး သမီး မော်ဒယ်ဂဲလ်  နှင့်  ဖျော်ဖြေရေး အလှမယ် တွေ ရဲ့  ခန္တာကိုယ် အလှကို ဖော်ကျူး
ထားသည့် ပုံ အချို့  ကို မန်မာ စာပေစိစစ်ရေး က ခွင့် ပြု ပေး နေ ပြီ  ဟု  FNG က စုံစမ်းသိရှိရ
သည်။
လစဉ် ထုတ် People မဂ္ဂဇင်း ၊ OK မဂ္ဂဇင်း ၊ သရဖူ မဂ္ဂဇင်း အပါ အ၀င် အလှ အပ ရေးရာ မဂ္ဂဇင်း
တွေ မှာ ယခင်က ထက် နဲ နဲ  ပို ဖော်လာ တဲ့ ပုံ တွေ ဒီလ မှာ ပါလာ တယ် လို့  ဖက်ရှင် ရေး ရာ
မဂ္ဂဇင်း တစ်ခု ရဲ့  ကြော်ငြာ ဌာန က တာဝန် ရှိ သူ တစ်ဦး က ပြောသည်။
အဆိုပါ နဲနဲ ပွင့်လင်း မြင်သာ သည့် ပုံများ ကို ဂျာနယ် များ တွင် ခွင့် ပြု ပေး ခြင်း မပြု ပေးသေး
သော် လည်း အဆိုတော် များ သီချင်း အယ်(လ)ဘမ် ဂီတဗီဒီယို များ နှင့် မဂ္ဂဇင်းများ တွင် သာ
စမ်းသပ် ခွင့် ပြု ပေး သေး သည် ဟု သိရသည်။
ဂျာနယ် များ သည် အပတ်စဉ် ထုတ် များ ဖြစ် သည့် ပြင် သတင်း ဦးမှု ဖြင့် စောင်ရေ တိုးတက်
လျှက် ရှိ သည့် အတွက် လစဉ် ထုတ် မဂ္ဂဇင်း များ အနေ ဖြင့် လည်း ထို အခွင့် အရေး မျှ မရရှိ
ပါက ရေရှည် ရပ် တည် ရန် မလွယ် ကူ နိုင်တော့ ဟု ထင်ရှား သော မဂ္ဂဇင်း တစ်စောင် ၏ အယ်
ဒီတာ တစ်ဦး က ပြောသည်။
အတည် မပြု နိုင် သေး သည့် သတင်းများ အရ ထင်ရှား သည့် အလှအပ ရေးရာ မဂ္ဂဇင်း ထုတ်
ဝေသူ အချို့  စာပေ စိစစ်ရေးဌာန မှ အရာ ရှိ များ ထံ သွားရောက် အရေး ဆို ရာမှ ထိုကဲ့ သို့ 
အများ အခေါ် ဆင်း ရဲသား ဖက်ရှင် များ ကို ပေထက် အက္ခရာ တင် နိုင်ခဲ့ ခြင်း ဖြစ်သည်။
မြန်မာ နှင့် အိမ်နီးချင်း ဖြစ်သည့် ထိုင်း နိုင်ငံ တွင် မူ ကိုယ်လုံး တီး ၀တ်လစ် စလစ် ကို ပင်
ဖော်ပြ ခွင့် ပြုထား သည်။
မဂ္ဂဇင်းများ တွင် အဆို ပါ ပုံများ ဖော်ပြ နိုင်ပါက စောင် ရေသိသိသာ ထိုးကျ သွား ပြီး စာဖတ်
ပရိတ် သတ် ၏ ၀ယ်လို အား ချိန် ခွင် လျှာ လည်း အပြောင်း အလဲ ဖြစ်သွား နိုင် သည် ဟု
ယခု လဆန်း ပိုင်း မြန်မာ စာပေစိစစ်ရေး မှ ထိပ်တန်း အရာ ရှိ တစ်ဦး က ဒီမိုကရေစီ လူ့ 
ဘောင် နှင့် စာပေ စိစစ်ရေး သည် မကိုက် ညီဟု ဆိုကာ ဖျက် သိမ်းပစ် ရန် နှိုး ဆော်ခဲ့
သည်။
One thought on “စိစစ်ရေး က ဖျော်ဖြေရေး ပုံ တွေ ကို မျက်နှာလွှဲ
  1. ကောင်းပါတယ်
    ပွင့်လင်းမြင်သာရှိသွားတာပေါ့
    ဒီမိုကရေစီနိုင်ငံတစ်ခုကိုသွားရင်တော့ ဒါတွေက ကျွဲကူးရေပါ ဆိုသလို ပါနေမှာပါပဲ.
    နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသိပညာရေချိန်မြင့်မားဖို့တော့လိုတာပေါ့နော်
    ကိုယ့်ယဉ်ကျေးမှုနဲ့ကိုက်၏ မကိုက်၏ / ကိုယ်ဓလေ့ထုံးစံက လက်ခံ၏ မခံ၏ဆိုတဲ့အသိပညာလေးတွေ အနည်းဆုံးတော့လိုအပ်တာပေါ့
    နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဓလေ့ထုံးစံတွေကို အကောင်းဆုံးဖော်ထုတ်နိုင်ရမဲ့သူတွေကတောင် ဒီလိုမျိုးအပြုအမှုတွေလုပ်ရဲသေးတာပဲ သူတို့ရဲ့အသိပညာရေချိန် ဘယ်လောက်ရှိသလဲဆိုတာတော့ သူတို့ကိုယ်တိုင်သိရမှာပေါ့။ ဆရာမကောင်းတပည့်ခေါင်း၊ သားသ္မီးမကောင်းတော့ မိဘခေါင်း တဲ့၊ နောက်လာမဲ့ မျိုးဆက်အတွက် ကျွန်တော်တို့မျိုးဆက်တွေကိုတော့ မကောင်းတဲ့သူတွေ မဖြစ်စေချင်ပါ၊
Comments are closed.