ဆန်ဖရန် စစ္စကို ဆန္ဒပြသူ တွေ ကို ရဲ က မျက်ရည်ယိုဗုံး သုံးပြီး နှိမ်နှင်း (Updated)

အော်ကျူပိုင်း အုခ်ကလန် ဆန္ဒပြ မှု တွင် ပါဝင်သည့် အီရတ် စစ်ပြန် ကြီး တစ်ဦး ကို ရဲက
အကြမ်းဖက် ရိုက်နှက် သဖြင့် ဆေးရုံ တင်ထားရာ ယနေ့ စိုးရိမ် ရသည့် အခြေအနေ တွင်
ရှိ သည် ဟု သိရသည်။ေ0ါလ် ထရိ လမ်းမရှိ အရင်း ရှင် ငွေကြေး ဈေးကွက် ၏ အမြတ်ကြီးစား မှု  ဆန့် ကျင်သည့်
ဆန္ဒပြ လှုပ်ရှား မှု များ သည် ပို မို အားကောင်း လာရာ ယနေ့  အမေရိကန်နိုင်ငံ ကာလီဖိုး
နီးယား ပြည်နယ် အုခ်လန် မြို့  ဆန္ဒပြ သူများ စခန်း ချထား သည့် နေရာများ ကို အဓိကရုဏ်း
နှိမ်နှင်း ရေး ရဲ များ က မျက် ရည်ယိုဗုံးများ ပစ်ဖောက် ပြီး ၀င်ရောက် စီးနင်း သိမ်း ပိုက် ခဲ့
သည်။

ယနေ့ ညနေ ၅ နာရီ တွင် ဆန္ဒ ပြ သူများ ၁၄ လမ်း နှင့် မေဒီဆင် လမ်းဆုံ ရှိ အများပြည်
သူ စာကြည့် တိုက်မှ အိုဂါဝါ ပလာဇာ သို့  ချီတက် ရာတွင် ညနေ ၇ နာရီ ခန့် ဉ် ရဲက စတင်
တိုက် ခိုက် ခဲ့ ခြင်း ဖြစ်သည်။

အုခ်လန် မြို့ သည် Bay Bridge  မှ သွားရသည့် ဆန်ဖရန် စစ္စကို မြို ၏   တစ်ဖက်  တွင်
ရှိ ပြီး နာမည် ကျော် ဘာကလေ တက္ကသိုလ် တည်ရှိ ရာ ဖြစ်သည်။

ရဲတပ် ဖွဲ့  က ဆန္ဒပြ သူ ၁၀၀ ထက် မနည်း ကို ဖမ်းဆီးထား ကြောင်း နောက် ဆုံး ရ သတင်း
များ အရ FNG က သိရှိ ရသည်။

အမေရိကန် သမ္မတ အိုဘားမား သည် ယနေ့  မနက် ပိုင်းက ဆန်ဖရန် စစ္စကို မြို့  သို့  သွား
ရောက် လည်ပတ် ခဲ့ သည်။

ဆန်ဖရန် စစ္စကို မြို့  သည် Occupy Wall Street ဆန္ဒပြ မှု များ ဖြစ်ပွား နေသည့် မြို့ များ
အနက် နယူး ယောက် နှင့် ၀ါရှင် တန် ပြီးလျှင် အား အကောင်း ဆုံး ဖြစ်သည်။

This slideshow requires JavaScript.

One thought on “ဆန်ဖရန် စစ္စကို ဆန္ဒပြသူ တွေ ကို ရဲ က မျက်ရည်ယိုဗုံး သုံးပြီး နှိမ်နှင်း (Updated)

  1. မင်းတို့ အမေရိကန်တွေ ဘယ်လိုကိုင်တွယ်မလဲဆိုတာကြည့်ချင်လိုက်တာ။ မြန်မာတွေကိုကျတော့ အကြမ်းဖက်ကိုင်တွယ်တယ်ဆိုပြီး မင်းတို့ကတောင်ဒီထက်ပိုတောင်ဆိုးနေပါလား။ ငပွကြီး အမေရိကန်တွေရေ မင်းတို့နိုင်ငံလည်း ဒုက္ခရောက်တော့မှာပါ။ မြန်မာပြည်သူတွေနဲ့ အစိုးရကိုရန်တိုက်တဲ့ မင်းတို့တွေလည်း ပြန်ခံစားရနေပြီမလား။ မင်းတို့ပြည်သူတွေကိုတော့သနားပါတယ်။ အမေရိကန် ငပွတွေကို အဖေတော်ချင်တဲ့ မြန်မာတချို့တွေလည်းကြည့်ထားနော် မိမိလူမျိုးနဲ့ အစိုးရကိုအကောင်းမမြင်တဲ့ မင်းတို့တွေ ဘယ်လိုမှားနေလဲဆိုတာကို သတိထားပါ။

Comments are closed.