လယ်သမား တွေ ထပ်ပြီး ဆန္ဒပြ အုံးမည်

ယမန် နေ့  က ရန်ကုန် မြို့ အိုးအိမ် ဦးစီးဌာန ရုံးချုပ် ရှေ့  တွင် ဆန္ဒပြ ခဲ့ သည့် လယ်သမား များ
အနက် မှ သန်လျှင် နှင့် သုံးခွ မြို့ နယ် အတွင်း ရှိ လယ်သမား များ ကို ယမန် နေ့ ညက
ရဲက ဖမ်းဆီး စစ်မေး သည် ဟု FNG မှ သတင်း ရရှိ သည်။

ရန်ကုန် တိုင်း နှင့် ဧရာဝတီ တိုင်း အတွင်း ရှိ လယ်ယာမြေ အသိမ်းခံထား ရသည့် လယ်
သမား များ က ထပ်မံ ဆန္ဒပြမှု များ ပြု လုပ် အုံး မည် ဟု သိ ရ သည်။ ဆန္ဒပြ လယ်သမား
များ ကို ဦးဆောင် ခဲ့သည့် ရှေ့ နေ ကို ဖိုးဖြူ နှင့် အခြား လယ်သမား ငါး ဦး နှင့် သုံးခွ မြို့ 
မှ ကျောင်းဆရာ တစ်ဦး မှာ ဖမ်းဆီး ခံ ထား ရသည် ဟု သတင်းထွက် ပေါ် နေသည်။

ယနေ့ နံ  နက် ပိုင်းက ရန်ကုန် မြို့  ဗိုလ်ချုပ် အောင်ဆန်း လမ်း ပေါ် ရှိ အိုးအိမ် ဦးစီးဌာ ရှေ့ တွင်
သင်္ဃန်း ကျွန်း မြို့ နယ် နှင့် တောင် ဒဂုံ မြို့ နယ် များ မှ လယ်ယာမြေ အသိမ်း ခံရသည့်  လယ်
သမား များ လာရောက် စုရုံး ပြီး ၎င်း တို့  အသိမ်း ခံရသည့် လယ်ယာမြေများ ပြန်လည် ရရှိရေး၊
လန ၃၉ ဖျက်သိမ်းရေး တို့  အတွက်တောင်းဆို ဆန္ဒပြ ခဲ့ကြ သည် ဟု FNG မှ သတင်း ရရှိ သည်။

ဆန္ဒပြ မှု များ ကို လယ်သမား အကျိုးဆောင် ရှေ့ နေ ဦးဖိုးဖြူ က ဦးဆောင် သည် ဟု
သိရသည်။

လယ်သမား များ ဆန္ဒပြ ရာ နေရာ သို့  ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ မှုး ရုံးမှ အဓိကရုဏ်း နှိမ်နှင်းရေး
ရဲကားများ ရောက် ရှိလာကာ ရဲမှုး တစ်ဦး မှ နေပြည်တော် မှ ညွှန်ကြား ချက် မကျ သေး ၍ လူ
စု ခွဲ ပေး ရန် ပြောဆို ခဲ့ ရာ  လယ်သမားများ က သိမ်ဖြူလမ်း အတိုင်း ကမ်းနား ဘက် သို့ ချီတက်
ပြီးနောက် လူ စု ခွဲ ခဲ့ ကြသည်။

ယနေ့ မနက် အစော ပိုင်း ကလည်း တောင်ဒဂုံ မြို့ နယ် တွင် လယ်သမား ဆန္ဒ ပြမှု တစ်ခု ဖြစ်ရာ
ဆန္ဒ ပြ လယ်သမား အချို့  ကို တောင်ဒဂုံ ရဲ စခန်း မှာ ရဲမှုး ၀င်းအောင် က ဦးဆောင် ဖမ်းဆီးခဲ့
သည် ဟု သိရသည်။

One thought on “လယ်သမား တွေ ထပ်ပြီး ဆန္ဒပြ အုံးမည်

Comments are closed.