ဆာတ်မြို့ ကို ရောက်ရှိ လာတဲ့ အချိန် မှာ ကဒါဖီ ဟာ သွေးပျက် နေပြီး အရင် ကလို စီမံခန့် 
ခွဲ မှု တွေ မလုပ် နိုင်တော့ ဘူး လို့  ကဒါဖီ ရဲ့  ငယ်သူငယ် ချင်း တစ်ဦး ဖြစ်ပြီး အခု ဆာတ်
မြို့  မှ ကုန် သည် တစ်ယောက် ဖြစ်နေတဲ့ အလီ အယ်(လ)ဗာကူးလား က ဂါးဒီယန်း သတင်း
စာ ကို ပြောပါတယ်။
” သူ တော်တော် လန့် လာတယ်။ ဒါပေမယ့် သူ ဒီမြို့  ကနေ နိုင်အောင် ပြန်တိုက် မယ် လို့  မြို့ 
ခွံ တွေ နဲ့  သူ့  လူတွေ ကို ပြောတယ်။ ဒါပေမယ့် ဘယ်သူ မှ သူ့  စကား ကို မယုံကြတော့ ဘူး
သူက တပ်ပျက် လာ တာ လေ လို့  အယ်(လ)ကူဗား က ပြောတာပါ။
စက်တင်ဘာ လ ၂၄ ရက်နေ့ မှာ NTC (လစ်ဗျား အသွင်ကူးပြောင်းရေး ကောင်စီ) ကို ထောက်ခံ
တဲ့ တပ် တွေ ဟာ ဆာတ်မြို့  လေဆိပ် ကို သိမ်းပိုက် နိုင်ပြီ လို့ ကြေငြာခဲ့ ပေမယ့် သူတို့  အချိန်
ကြာကြာ မသိမ်း နိုင်ခဲ့ ပါဘူး။ ကဒါဖီ ကို ထောက်ခံ တဲ့ တပ် တွေ က အပြင်းအထန် ပြန် တိုက်ခိုက်
ခဲ့ လို့  လေဆိပ် က နေ ပြန်လည် ဆုတ် ခွာ လာခဲ့ ရပါတယ်။ ကဒါဖီ တပ် ဖွဲ့  တွေ ကလည်း လေ
ဆိပ်ကို ပြန် မသိမ်း နိုင်ခံပါ ဘူး ။
တစ်ဖက် နဲ့  တစ်ဖက် အပြင်း အထန် တိုက် ပွဲ တွေ ဖြစ်နေတဲ့ အချိန် မှာ ကဒါဖီ ဟာ ဆာတ်မြို့ ထဲ
က ဆာဘ် ခါ ဆို တဲ့ ရပ် ကွက် ထဲက နေ သူ့ ကို လိုလားတဲ့ ဆီးရီးယား ရုပ်သံ တစ်ခု ဖြစ်တဲ့ Al Rai
ကို အသံ တွေ သွင်းပြီး ပို့  နေ ခဲ့ တယ်လို့  အောက်တိုဘာ လ ၅ ရက်နေ့ မှာ ဘက်ပြောင်းသွား ခဲ့
တဲ့ သူ့ ကို ထောက်ခံ သူ တွေ က France 24 သတင်းဌာန ကို ပြောပါတယ်။
“သူက သူ့  စတူဒီယို ထဲ မှာ အသံ သွင်း တယ်။ စတူဒီယို က ဗလီ နား က ရဲစခန်း မှာ ဒီနေ ရာ ကို
ဘယ်သူ မှာ ၀င်လို့  မရ ဘူး သူ့ တပ်သား တွေ ရှိ တယ်။ သူ နဲ့  အတူ ရှိ နေတဲ့ သူ့ တူ အဘ်ဒယ်(လ)
ရာမန် အဘ်ဒယ်(လ) ဟာ မစ် က သူ့ လုံခြုံရေး ကို တာဝန်ယူ ပေးထားတယ်။ သူက ဒီမှာ တပ်မှုး
ကြီး ပေါ့ လို့  ဆာတ် ဒေသ ခံ တွေ က ဆိုပါတယ်။ ကဒါဖီ နဲ့  အဖွဲ့  ဟာ တပ်ပျက် လာပေမယ့်
ဆာတ် မြို့  မှာ ဖေဖော်ဝါရီလ လူထု အုံကြွ မှု ဖြစ်စဉ် က ပါဝင် ခဲ့ သူ တွေ ထဲ က အချို့  ကို ပြန်လည်
ဖမ်းဆီး ပြီး ဆာတ် မြို့  က အကျဉ်းထောင် ထဲ မှာ သတ် ပစ် ခဲ့ တယ် လို့  ဆို ပါတယ်။
ကဒါဖီ တပ် တွေ ဟာ ဒေသခံ တွေ အိမ်တွေ မှာ ၀င် နေပြီး လက်ဖြောင့် သေနတ် သမား တွေ နဲ့ 
NTC တပ် တွေ ကို တိုက်တယ်။ သူ တို့  ရှိမယ် ထင် တဲ့ နေရာ တွေ ကို NTC တပ် တွေ က လှမ်း
ပစ်ရင်အရပ် သားတွေ ရှိတယ့် နေရာ ဘက် ကို ပဲဝင် ပြေး ရော ဒါကြောင့် ဆာတ် တိုက် ပွဲ တွေ က
အကျအဆုံး များတယ် လို့  ဆိုပါတယ်။
စက်တင်ဘာ လ ၂၉ ရက်နေ့ မနက် မှာ နိုင်ငံ အရှေ့  ပိုင်း ဘန်ဂါဇီ နဲ့  ဘရေဂါ ဘက်က တပ်တွေ
ရောက်လာ ပြီး ဆာတ် ကို အပြင်း အထန် တိုက် ခိုက် ပါတယ်။ ကဒါဖီ ဟာ တစ်ချို့  တိုက်ပွဲ
တွေ မှာ ပါဝင် တိုက် ခိုက် ခဲ့ တယ် လို့  ပြောကြပေမယ့် သူ့ ရဲ့  ရွှေငွေ ရတနာ နဲ့  ပိုက် ဆံ
တွေ ကို ကားတန်း တွေ ပေါ် လျို့  ၀ှက် ပြန် တင် ပြီး ထွက် ပြေးဖို့  ပြင် နေကြပါတယ်။
စက် တင်ဘာ လ နှောင်း ပိုင်း ကနေ အောက်တို ဘာလ ဆန်း ပိုင်း ထိ နေတိုး ကလည်း
ဆာတ် မြို့ ထဲ က ကဒါဖီ တပ် တွေ ရှိ မယ့် နေရာ ကို တိုက်ခိုက် ပေမယ့် ကဒါဖီ ရဲ့ 
သစ္စာ ခံ တွေ က ပြင်းပြင်းထန် ထန် ပြန် ပြီး ခုခံ ခဲ့ ပါတယ်။ NTC တပ် သား တွေ အသေ
အပျောက် များ ပါ တယ်။
လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့  ကတော့ လစ်ဗျား ခေါင်းဆောင် ဟောင်း ကဒါဖီ ဆာတ်
မြို့  ကို ထွက် ပြေးတယ် လို့  ထင်မှတ် မထား ပဲ နိုင်ငံ တောင် ဘက် က ဆဟာရ သဲ ကန္တရ တွေ
ဘက် ကို သာ ထွက် ပြေးမယ် လို့  ယုံကြည်ထား ခဲ့ တယ်။
ကဒါဖီ ဟာ ဒီမြို့  ထဲ မှာ ရောက် နေပေမယ့် လုံခြုံ စိတ် ချရတဲ့ နေရာ တစ်ခု မှာ ပဲ ပုန်း ခို နေ
ခဲ့ တဲ့ အတွက် သူ့  ကို ဒီမှာ ရှိ မှန်း ဘယ်သူ မှ မသိကြ ဘူး ။နောက် ဆုံး သူမသေခင် တစ်
ရက် အလို အထိ လစ်ဗျား ကြားဖြတ် အစိုးရ ၀န်ကြီးချုပ် က သူ ကို ဆာဘား မှာ ပုန်းနေတယ်
လို့  ပြောခဲ့ တယ်။
နေတိုး က ကဒါဖီ ကို ခြေရာ ခံမိပြီ
လစ်ဗျား နိုင်ငံထဲ မှာ ရောက် ရှိ နေတဲ့ အမေရိကန် စီအိုင် အေ တပ်ဖွဲ့  တွေ ရဲ့  အကူအညီ
နဲ့  အောက်တိုဘာလ ၁၄ ရက်နေ့ မှာ နေတိုး တပ်ဖွဲ့  ၀င် တွေ က ကဒါဖီ ရှိမယ့် နေရာကို
ခြေရာ ခံ မိခဲ့ ကြပါတယ်။
မြောက်မြား လှတဲ့ ကားတန်း တွေ ဆာတ် မြို့  ထဲ ကို သြဂုတ် ကုန် မှာ ၀င် သွား ခဲ့ တယ်။
ဒီကားတန်း ဟာ အစီး ၁၀၀ ကျော် ရှိ ပြီး သစ်လွင် တောက် ပ နေတဲ့ ကား တွေ ရုရှား လုပ်
အကောင်းစား စစ်ကား တွေ လဲ ပါတယ် ဆိုတာ သိခဲ့ ရတယ်။
ဤဆောင်း ပါး ဖြစ် မြောက် ရေး အတွက် အယ်(လ)ဂျာဇီးယား ၊ ရိုက်တာ ၊ AFP ၊ AP ၊
Huffington Post၊ Russian Times ၊ France 24 ၊ CNN ၊ လစ်ဗျား သတင်းဌာ န များ
နှင့် ၀ီကီ ပီဒီယား တို့  ကို ကို ကား ခဲ့ ပါသည်။
ကျန် ရှိ နေသည့် တတိယ ပိုင်း နှင့် ဇာတ်သိမ်း ဖြစ် သည့် ကဒါဖီ သေဆုံး ခဲ့ ပုံ တို့  ကို
စောင့် မျှော် ဖတ် ရှု ပါ။ ကျေးဇူး တင်ပါသည်။
ကဒါဖီ နှင့် သူ့ သား ဖြစ်သူ သေဆုံး နေသည့် ပုံ များ မှာ Yankees Daily မှာ ဖြစ်ပါသည်။
ကလစ်နှိပ် ကာ အကြီး ချဲ့ ပြီး ကြည့် နိုင်ပါသည်.။









