အင်းစိန် ထောင်တွင်း အစာငတ်ခံ တိုက်ပွဲ ကို အာဏာပိုင် များ နှိပ်ကွပ်

ရန်ကုန် မြို့  အင်းစိန် ထောင်တွင်း ရှိ အစာငတ် တိုက်ပွဲ ၀င်နေကြ သည့် နိုင်ငံ ရေး အကျဉ်း
သား ၁၅ ဦး ကို ထောင် အာဏာပိုင် တွေ က သီးသန့် ခွဲထား ပြီး သောက်သုံး ရေ နဲ့  လိုအပ်
ချက် အချို့  ကို ဖြတ်တောက် ထားသည် ဟု FNG  မှ သတင်း ရရှိ သည်။

ဆန္ဒပြ မှု ၏ တတိယ မြောက်နေ့ တွင် အခြား အဆောင် နှင့် တိုက် များ မှ နိုင်ငံရေး အကျဉ်း
သား များ လည်း ပါဝင် လာ သဖြင့် အကျဉ်းထောင် လုံ ခြုံရေး ကို တိုးမြှင့် ထားကြောင့် နိုင်
ငံရေး အကျဉ်းသား အကျိုးဆောင် မိသားစု များ ကွန်ယက် မှာ အဖွဲါ ၀င် တစ်ဦးက FNG
သို့ ပြောသည်။

အစာငတ်ခံ ဆန္ဒပြ သုများ မှာ ဦးစန္ဒိမာ ၊ ကိုညီညီထွန်း ၊ ကိုသော်ဇင် ၊ ကိုကောင်းမြတ်လှိုင်
ကိုထွန်းဇော်၊ ကိုဇင်းမင်းရှိန်၊ ကိုအောင်မိုးဇော် ၊ ကိုအောင်နိုင် ၊ ကို စောနိုဘဲလ် နှင့် အခြား
နိုင်ငံရေး အကျဉ်း သားများ ပူးပေါင်း ပါဝင် ခဲ့ကြသည်။

ဗုဒ္ဓဟူး နေ့ လည် ထမင်း စားချိန် မှ စတင် ခဲ့ သည့် အစာငတ်ခံ ဆန္ဒပြ မှု သည် ထောင်ကျစဉ်
လျှော့ ရက် နှင့် ထောင် တွင်း  အခွင့် အရေး များ ရရှိ ရေး တို့  အတွက် ဖြစ်သည်။

မြန်မာ စစ်အစိုးရသည် သာမန် အကျဉ်းသား များ ကို လျှော့ ရက် ခံစား ခွင့် ပေးသော် လည်း
နိုင်ငံရေး လှုပ်ရှား မှု ဖြင့် ထောင်ကျ သူများ ကို ၁၉၉၆ ခုနှစ် မှ စတင်ပြီး  လျှော့ ရက် မပေး ဘဲ
နှိပ်ကွပ် ထား သည်။

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြန် သူများ ကို ထောင်ဝင် စာ တွေ့ ခွင့် ဖြတ်တောက် ထား သည်
ဟု ယနေ့  ညနေ တွင် သတင်း ရရှိ သည်။

ယခုနှစ် မေလ က လည်း နိုင်ငံရေး အကျဉ်းသား အချို့  အစာငတ်ခံ ဆန္ဒပြ မှု များ ပြုလုပ် ခဲ့
သည်။