ဆန္ဒပြ အီရတ် စစ်ပြန် အတွင်း လူနာ အဖြစ် ဆေးရုံ တင်ထားရ သောကြောင့် ကာလီဖိုးနီးယား မှာ အုံကြွမှု တွေ စဖြစ်

အင်္ဂါ နေ့ ည က ဖြစ်ပွားခဲ့ သည့် ကာလီဖိုးနီးယား ပြည်နယ် အုခ်လန် မြို့  ဆန္ဒပြ ပွဲ ရဲတပ်ဖွဲ့  က
မျက်ရည်ယို ဗုံးများ၊ ပဲစေ့ သေနတ် များ  ၊ မီးလောင်ဗုံးများ ပစ်ဖောက် လူစု ခွဲ ခဲ့ မှု ကြောင့်
အီရတ်  စစ်ပြန်  ကမ်းတပ် တပ်သား စကော့ အိုလ် ဆင် မှာ ဦး ခေါင်းတွင်
ဒဏ်ရာ ပြင်းထန် စွာ ရရှိ ပြီး အုခန် လန် ဆေးရုံ တွင် တက်ရောက် ကုသခံ နေ ရ  ရာ မှ ဆန္ဒ
ပြ သူများ အပါ အ၀င် ကာလီဖိုး နီးယား ပြည်သူ များ ၏ ဒေါသ အိုး ပေါက်ကွဲ ခဲ့ ရသည်။

ဦးခေါင်း တွင် ဒဏ်ရာ အပြင်းအထန် ရရှိ သည့် အသက် ၂၄ နှစ် အရွယ် ရှိ  တပ်ကြပ် စကော့
အိုလ် ဆင် သည် အန္တရာယ် များပြား လှသည့် အီရတ် စစ် မြေပြင် သို့ နှစ်ခါ စစ်ထွက် ခဲ့ သော်
လည်း ဘေးမသီရန် မခပဲ အိမ်သို့ ပြန်ရောက် ရှိလာခဲ့သည်။

နောက်ဆုံးသိရသည့် သတင်း များ အရ စကော့ အိုလ်ဆင် သည် ဦးခေါင်း ဒဏ်ရာရမှု
ကို ခွဲ စိတ် ပြီး နောက် စကား ပြော နိုင် ခြင်း မရှိ ဟု CNN သတင်း တွင် ဖော်ပြထား
သည်။

၎င်းသည် အင်္ဂါ နေ့  ညနေ က ဘေးဧရိယာ ရှိ နည်းပညာ ကုမ္ပဏီ တစ်ခု တွင် အလုပ် လုပ်
နေရာ မှ ညနေ ခြောက် နာ ရီ အချိန် တွင် ဆန္ဒ ပြ လမ်းလျှောက် ရ စု ရပ် City Hall သို့ 
ရောက် ရှိ လာကာ ဆန္ဒပြသူ များ နှင့် ပူးပေါင်း ခဲ့ ခြင်း ဖြစ် သည်။

ထိုနေ့ ညက ရဲတပ်ဖွဲ့  က အကြမ်းဖက် ဖြို ခွဲ ခဲ့ မှု ကြောင့် ထိခိုက် ဒဏ်ရာ သူ ခြောက်ဆယ် ခန့် 
ရှိ ပြီး ၁၀၀ ကျော် ဖမ်းဆီး ခံခဲ့ ရသည်။

တင်နက်ဆီ ပြည်နယ် နက်ရှဗီလ်း မြို့  တွင် လည်း အဓိကရုဏ်း နှိမ်နှင်း ရေး ရဲ က ဆန္ဒ
ပြ သူများ ကို အကြမ်းဖက် ဖြိုခွဲ  ဖမ်းဆီး ခဲ့ သည်။

ဗုဒ္ဓဟူး နေ့ တွင် ဆန္ဒ ပြ သူများ က လူ ပြန် စု ခဲ့ ကြပြီး ကာလီဖိုးနီး ယား ပြည်နယ် အနှံ Occupy
လှုပ်ရှား မှု များ ကို လှုံဆော်ရန် တိုက်တွန်း ခဲ့ ကြသည်။

ဆန္ဒပြ သူများ အား အကြမ်းဖက် ဖြေရှင်း လူစု ခွဲခဲ့ မှု ကြောင့် အုခ်လန် ရဲတပ်ဖွဲ့  သာ မက
ကာလီဖိုးနီးယား ပြည်နယ် အစိုးရ နှင့် အမေရိကန် အစိုးရ အကို ပါ မေးခွန်း ထုတ် မှု များ
ကန့် ကွက် ဝေဖန် မှု များ ကြုံ နေရသည်။

အုခ်လန် မြို့  ရဲတပ် ဖွဲ့  ရဲချုပ် က မူ စကော့ အိုလ်ဆင် ကို လာရောက် ကြည့် ရှု အားပေးမှု
ပြုခဲ့ သည်။

ကာလီ ဖိုးနီးယား တစ်ပြည်နယ် လုံး ရှိ မြို့  အသီးသီး တွင် မနက်ဖြန် စနေ နေ့  ဉ် အမြတ်ကြီး
စား လောဘဇော တိုက် သည့် အရင်း ရှင် စနစ် ကို ဆန့် ကျင် ရန် အတွက် ချီတက် ဆန္ဒ ပြကြ
ရန် နှိုးဆော်ထား သည်။

ယနေ့ ည အုခ် လန် နှင့် ဆန်ဖရန် စစ္စကို ရှိ ဆန္ဒ ပြ သူများ က We are the Scott Olsen ဟု
ဟစ်ကြွေး ကာ သူ ၏ ဓာတ်ပုံ များ ကိုင်ဆောင် ပြီး စုဝေး ခဲ့ ကြသည်။