ကမ္ဘောဒီးယား ရေဘေး ကို မြန်မာ လေတပ် လေယာဉ်များ နဲ့  ကူညီ

လူ ၂၅၀ ကျော် သေဆုံးပြီး ဖြစ်သည့် ကမ္ဘောဒီယား နိုင်ငံ၏ နှစ် ၅၀၀ အတွင်း အဆိုးရွားဆုံး
ရေဘေး ကို မြန်မာ အစိုးရ လေတပ် လေယာဉ် များ ဖြင့် ကြာသပတေး နေ့  မှ စ၍ ကူညီ
ကယ် ဆယ် ရေး စတင် နေ သည် ဟု ဖနွမ်းပင် ရှိ မြန်မာ သံရုံး ၀န်ထမ်း တစ်ဦးက FNG
သို့  အတည် ပြု ပြောကြား သည်။

ကြာသပတေး နေ့  မနက် က အစား အသောက် ရေ နှင့် အရေး ပေါ် ကျန်းမာရေး စောင့်
ရှောက် မှု ပစ္စည်းများ တင်ဆောင် လာသည့် မြန်မာ လေတပ် လေယာဉ်များ သည် ဖနွမ်း
ပင် မြို့  နင်ဗာ ဒါ လေတပ် စခန်း သို့  ပျံ သန်း ခဲ့ သည် ဟု သတင်း ရရှိ သည်။

ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံ အမတ် ကြီး ဦးချိုထွန်းအောင် က
ရေကြီး မှု ဒဏ် ခံနေရ သည့် ကမ္ဘော ဒီးယား ပြည်သူ များ အတွက် မဆိုစလောက်
ပဏာမ သာဖြစ်သော် လည်း မြန်မာ အစိုးရ နှင့် မြန်မာ ပြည်သူများ ၏ စာနာမှု နှင့်
ကရုဏာ ဖြစ်သည် ဟု ပစ္စည်းများ လွှဲပြောင်း ပေး အပ် ရာ တွင် ပြောခဲ့ သည်။

ရေကြီး မှု ကြောင့် ကမ္ဘောဒီးယား နိုင်ငံ ၏ စပါး ခင်းများ ပျက်စီးခဲ့ ရပြီး ဆုံးရှုံး မှု
တန် ဖိုး အမေရိကန် ဒေါ်လာ ၅၂၁ သန်း ရှိ ကာ လူနှစ် သိန်း ခွဲ ကျော် အိုးအိမ်
များ ဆုံး ရှုံး ခဲ့ ရ ပြီး လူ တစ်သန်း ကျော် ဒုက္ခရောက် ခဲ့ ကြသည်။

2 thoughts on “ကမ္ဘောဒီးယား ရေဘေး ကို မြန်မာ လေတပ် လေယာဉ်များ နဲ့  ကူညီ

  1. စားစရမရှိပေမဲ့ လှူစရာရှိတဲ့ မြန်မာ့စိတ်ဓါတ်ကိုဂုဏ်ယူလိုက်စမ်းပါ

  2. ကမ်ဘော်ဒီးယားပ်ြည်သူတွေက မြန်မာပြည်သူတွေထက် အရေးကြီးနေသလားမသိ။ နာဂစ်က စပြီး ဂီရိအပါအ၀င် ပခုက်ကူ အဆုံး ဗမာပြည် မှာ ရေဘေး ဒုတ်ခသည်တွေ များမှများပါ ဘယ့်နဲ့ ဖြစ်ကြတာတုန်း။

Comments are closed.