၁၉၈၁ ခုနှစ် မှ ၂၀၀၃ ခုနှစ် အထိ မလေးရှား ၀န်ကြီး ချုပ် အဖြစ် အာဏာကို ချုပ်ကိုင် ထား
သည့် ဒေါက်တာ မဟာသီယာ မိုဟာမက် နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည် တို့  သည် ယနေ့ ညနေ လေးနာရီ အချိန် တွင် ရန် ကုန် မြို့  ထရိတ်ဒါး ဟိုတယ်တွင်
တစ်နာရီ ကျော်ကြာ တွေ့ ဆုံကြ ခဲ့ကြသည် ဟု FNG မှ သတင်း ရရှိ သည်။
မဟာသီယာ မိုဟာမက် သည် မြန်မာနိုင်ငံ အာဆီယံ အဖွဲ့ ဝင် ဖြစ်ရေး အတွက် ၁၉၉၇ ခုနှစ် က
ကြိုးပမ်း ခဲ့ စဉ် က အပြည့်အ၀ ထောက် ခံ အားပေး ခဲ့ သူ ဖြစ်သည်။
သူ ၏ မြန်မာ နိုင်ငံ ခရီးစဉ် တွင် မြန်မာ နိုင်ငံ ၏ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း တွင်
ရင်းနှီးမြုပ် နှံ မှု ၊ ဆယ်သွယ်ရေး ကဏ္ဍ ရင်းနှီးမြုပ် နှံ မှု များ အပါအ၀င် မလေးရှား နိုင်ငံ ၏
နာမည် ကျော် မော်တော်ကားဖြစ် သည့် ပရိုတွန် မော်တော် ကား အရောင်း ပြခန်း စက် ရုံ
ရန်ကုန် ၊ မန္တလေး နှင့် နေပြည်တော် မြို့များ တွင် ဖွင့် လှစ် နိုင် ရေး တို့  ပါဝင် သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့ တွင် သူမ ၏ နေအိမ် ဉ် ကုလ သမဂ္ဂ အထွေထွေ အတွင်း
ရေးမှုးချုပ် ၏အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဗီးယား နှင့် လည်း တွေ့ ဆုံ ခဲ့ သည်။
မလေးရှား ၀န်ကြီးချုပ် ဟောင်း မဟာသီယာ မိုဟာမက် သည် ယခင် စစ်အစိုးရ လက်ထက်
က မြန်မာ နိုင်ငံ သို့  သုံးကြိမ် လာရောက် ခဲ့ ဖူးသော် လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ 
ဆုံ ခဲ့ ခြင်း မရှိ ချေ။
မလေးရှား နိုင်ငံ သည် ဒေသတွင်း နိုင်ငံ များ အနက် မြန်မာ ရွှေ့ ပြောင်း အလုပ်သမား အများ
စု သွားရောက် အလုပ် လုပ် ကိုင် ရာ နေရာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ဂျာမာန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး နှင့် လည်း ယနေ့ 
တွေ့ ဆုံ ခဲ့ သည်။
ဓာတ်ပုံများ ကို Burma VJ နှင့် AP သတင်း တို့  မှ ရယူပါသည်။









အင်းဟုတ်ပါ့……မြေခွေးဝန်ကြီချုပ်
အင်းဟုတ်ပါ့…….မြေခွေးတွေ
အဲဒီလူတွေက တော်…မကောင်းတွေလေ…
ကိုယ်.အတွက်ပဲ ကိုယ်ကြည်.တဲ. သူမျိုးတွေ…
အဲလိုလူမျိုးတွေ ဆိုးရင် ပိုကြောက်ရတယ်..
ဥာဏ်များကြတယ်…
အဲ…သတင်းထောက်တွေ ထဲမှာ Yangon Times က အယ်ချုပ်(သတင်း)
အမေရိကန်ပြန် ပူပူနွေးနွေး ကို Dမင်း ကြီးက ထင်းလို.ပါလား…:)
မဟာသီရာ၊လီကွမ်းယုနဲ့အာရှခေါင်းတွေတယောက်မှမကောင်း
ဘူး။ဒေါ်စုနေအိမ်ချုပ်ကျနေတုန်းက၊အဒီကောင်တွေ
စစ်ခွေးတွေနဲ့ပေါင်ပြီးဗမာပြည်ကရတဲ့အခွင့်အရေးအကုန်ယူခဲ့ကြတာ။
အခုမှဒေါ်စုရဲ့ထမီအနားလာဆွဲဖို့ကြိုးစားနေတာ၊
ဘယ်ကောင့်မှမယုံသင့်ပါ။