နေမျိုးဦး ၊ ၊မြန်မာ နိုင်ငံ ရဲ့  ပြုပြင်ပြောင်းလဲ မှု တွေ အတွက် အမေရိကန် အကူအညီ
ပေးသွား မှာ ဖြစ်တဲ့အကြောင်း မနေ့ က ရန်ကုန် မြို့  အမေရိကန် သံရုံး မှာ ကျင်းပ တဲ့ သတင်းစာ
ရှင်းလင်း ပွဲ မှာမြန်မာ နိုင်ငံ ကို လေး ရက် ကြာ အလည်အပတ် ခရီး စဉ် အဖြစ် ရောက် ရှိ နေ တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာ န မိုက် ကယ် ပို့  စနာ က သတင်း ထောက် တွေ ကို
ပြောကြား သွား ခဲ့ ပါတယ်။
မိုက်ကယ် ပို့  စနာ ဟာ အစိုးရ တာ ၀န် ရှိ သူ တွေ အပါ အ၀င် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နဲ့  လည်း တွေ့ ဆုံ ပြီးမှ ဒီ ကြေ ငြာ ချက်ကို ထုတ် ပြန် ခဲ့တာ ဖြစ်ပါတယ်။
သူဟာ မြန်မာ နိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲ မှု တွေ နဲ့  ပတ်သက် ပြီး အကောင်း မြင် တယ် လို့  ပြော
ကြားခဲ့ ပြီး အမေရိကန် အစိုး က အရေးယူဒဏ်ခတ် ထား တဲ့ စီးပွားရေး ပိတ် ဆို့  မှု တွေ ကို ဖယ်
ရှား စေလို ရင် တော့ နိုင်ငံ ရေး အကျဉ်းသား တွေ လွှတ်ပေး တာ တို့  ၊ တိုင်းရင်း သား လက်နက်
ကိုင် အဖွဲ့  အစည်း တွေ နဲ့  ငြိမ်းချမ်းရေး တည် ဆောက် နိုင်တာ တို့  အပါအ၀် အခြား လုပ်
သင့် လုပ် ထိုက် တာ တွေ ကို ပြီး မြောက် အောင် လုပ် ရမယ် လို့  ထည့်သွင်းပြောကြား သွားပါ
တယ်။
မိုက်ကယ် ပို့  စနာ ရဲ့  ခရီး စဉ် အတွင်း မှာ မြန်မာ နိုင်ငံ ကို ရောက် ရှိ နေ တဲ့ အမေရိကန် အထူး
သံ နဲ့  နှစ်နိုင်ငံ ညှိုနိုင်း ရေး မှုး နဲ့  တွေ ဆုံ ခဲ့ ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာ ဖြစ်
ပါတယ်။
မိုက်ကယ် ပို့  စနာ က သူ့  ရဲ့ သတင်းစာ ရှင်းလင်း ပွဲ မှာ မြန်မာ နိုင်ငံ မှာ အပြောင်းအလဲ စတင်
နေ ပြီ အားရဖွယ် ကောင်းတဲ့ ခြေလှမ်း တွေ နဲ့  လက္ခဏာ တွေ ကို လည်း တွေ့ နေရတယယ်လို့ 
သူက ရိုက်တာ သတင်းဌာန ကို ပြောပါတယ်။
ညှိုနိုင်းရေး မှု ဒဲရက် မစ်ချလ် က တော့ ” အပြောင်း အလဲ တွေ ရှေးရှု နေတဲ့ ဒီခြေလှမ်း တွေ
ဟာ စီးပွားရေး ပိတ် ဆို့  မှု ကို ရုပ် သိမ်း ဖို့  အတွက် ခိုင် မာ တဲ့ ခြေလှမ်း တွေ ဖြစ် ဖို့  လိုတယ်
လို့  ပြောကြား ခဲ့ ပါတယ်။
အမေရိကန် အထူးသံ နှစ်ဦး ဟာ မကြာခင် က မှ မြစ်ကြီးနား ထောင် က လွတ်လာ တဲ့ နိုင်ငံ
ရေး အကျဉ်းသား ဟောင်း နဲ့  ဟာ သ ပညာရှင် ကိုဇာဂနာ အပါအ၀င် နိုင်ငံ ရေး အကျဉ်း
သား ခြောက် ဦး ကို လည်း သီးသန့် တွေ့ ဆုံ ခဲ့ ပါတယ်။
မြန်မာ နိုင်ငံ ရဲ့  အပြောင်း အလဲ တွေ အတွက် အမေရိကန် က ဘယ် လို ကူညီရ မလဲ ဆိုတာ
ကို စဉ်းစား နေကြပါပြီ ၊ အသေးစား ချေး ငွေ တွေ နဲ့  လယ်ယာ စိုက်ပျိုး ကဏ္ဍ တွေ မှာ ချေး
ငွေ တွေ ထုတ် ချေး ဖို့  စီစဉ် ထားတယ် လို့  ပြောကြား သွား ခဲ့ ပါတယ်။
သတင်း ကိုးကား ၊ ၊ VOA News / U.S. Embassy Burma Transcript
Photog Credit ၊ ၊ AP / Khin Mg Win




