DK၊ ၊ဦးတေဇသည် ဤကမ္ဘာတွင် သင်းကွဲကဲ့သို့ဖြစ်နေသည့်နိုင်ငံရှိ အရင်းရှင်စနစ်၏ ပြင်ပ
ဆက်ဆံရေးမျက်နှာစာတခုသဖွယ်ဖြစ်သည်။ သို့သော်သူလုပ်ပေးနေသည်မှာ ဘယ်သူ့အတွက်
ဖြစ်ပါသလဲ။
မြန်မာပြည်မြောက်ပိုင်းရှိ ရေခဲနေသောကန်တခုသို့ ခရီးထွက်ရန် ဦးတေဇမှ ၄င်း၏ကိုယ်
ပိုင်ရဟတ်ယာဉ်ပေါ်သို့တက်ပြီးချိန်တွင် ရာသီဥတုမှာကြည်ကြည်လင်လင်ရှိနေ၏။ ထိုအရပ်တွင်
တည်းခိုရန်အတွက် သူပိုင်ဆိုင်သော တောင်ပေါ်ဇိမ်ခံအိမ်တလုံးလည်း ရှိနှင့်ပြီးသားဖြစ်သည်။
သူ၏အသက်သည်လည်း (၄၇) နှစ်ထဲသို့ဝင်ရောက်လာပြီဖြစ်သလို သူစပွန်ဆာလုပ်ပေးခဲ့ပြီး
ယမန်နေ့ည၌ကျင်းပခဲ့သော ရော့ခ်ရှိုးပွဲတခုမှတေးသံများကလည်း သူ၏နားထဲတွင်ကြားယောင်
နေဆဲဖြစ်သည်။ ရဟတ်ယာဉ်သည် တဖြည်းဖြည်းနှင့် အမြင့်ပေ (၁၅၀၀၀) ခန့်ရောက်လာသော
အခါ မညီမညာဖြစ်နေသော ရေကန်၏မျက်နှာပြင်ကို သူ့စိတ်ကြိုက်ဓါတ်ပုံများရိုက်ယူခဲ့သည်။
ကံမကောင်းလှစွာပင် ထိုမှမိနစ်ပိုင်းအတွင်းတွင် ရဟတ်ယာဉ်ပိုင်းလော့မှ ရဟတ်ယာဉ်အား
ဝေဟင်တွင်ဆက်လက်ထိန်းမထားနိုင်တော့ပဲ တောင်ပေါ်တနေရာသို့ပျက်ကျသည့်အနေအထားနှင့်
ဆင်းသက်မှု (Crash-landing) ပြုခဲ့ရသည်။
ဦးတေဇနှင့်အခြားသူများအားလုံးသည် ရဟတ်ယာဉ်ပျက်အတွင်းမှ တိုးထွက်ခဲ့ကြရပြီး ၄င်းတို့တွင်
ပါရှိသည့်တရုတ်နိုင်ငံလုပ်ဖုန်းတလုံးမှတဆင့် အရေးပေါ်အကူအညီတောင်းခံမှု (Distress Call)
အားပေးပို့ခဲ့ကြသည်။ ၄င်းတို့၌ ရိက္ခာအနေနှင့်လည်း သကြားလုံး လက်တဆုပ်စာနှင့် သောက်ရေနှစ်ပုလင်းသာရှိနေခဲ့ပြီး ခြေကျင်းဝတ်မြုပ်သောနှင်းထုထဲတွင် နေနေကြရသည်။
အဖြစ်ကမနှစ်ကနဲ့မတူဆိုသလိုပင် ယောက်ျားငါးဦးနှင့်မိန်းမတဦး စုစုပေါင်း (၆) ဦးပါဝင်သော သူတို့အဖွဲ့အနေနှင့် တဝှီးဝှီးနှင့်တိုက်ခတ်နေသည့် ရေခဲမတတ်အေးမြသော တောင်ပေါ်လေ၏ အအေးဒဏ်မှ သက်သာရာရရန် အမြင့်ပေ
(၁၂၀၀၀) တွင်ရှိသည့် ကျောက်တုံးတတုံး၏နောက်တွင် ပူးကပ်နေခဲ့ကြရသည်။ အိပ်ပျော်သွားပါက သွေးခဲပြီး
အသက်ရှူရပ်တန့်သွားနိုင်၍ မအိပ်ပဲနိုးနေစေရန် တဦးနှင့်တဦး အချိန်ငါးမိနစ်ခန့်ကြာမြင့်တိုင်း အပြန်အလှန်
သတိပေးနေခဲ့ကြရသည်။ ဦးတေဇသည်လည်း ၄င်းတို့အနေနှင့်ကြာကြာခံမည်ဟု မထင်လှတော့။
ထိုအကျပ်အတည်းစတင်ဖြစ်ပွားပြီး သုံးရက်ခန့်အကြာတွင်မှ ၄င်းတို့အားလုံးကို ထိုတောင်ပေါ်မှ အသက်ရှင်
လျက်နှင့် ကယ်ဆယ်နိုင်ခဲ့သည်။ ထိုအချိန်အတောအတွင်း မြန်မာနိုင်ငံမှ အချမ်းသာဆုံးလုပ်ငန်းရှင်တဦး၏
ရဟတ်ယာဉ်ပျက်ကျမှုသတင်းသည် မြန်မာပြည်တွင်း လမ်းများပေါ်နှင့် နိုင်ငံတကာသို့ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
ထိုင်းနိုင်ငံမှ ငှားရမ်းလာသည့် ရဟတ်ယာဉ်တစီးနှင့်အတူ မြန်မာစစ်တပ်မှလည်း မြေပြင်တပ်များနှင့် လေတပ်ဖွဲ့များ
အားဖြန့်ချ၍ ဦးတေဇတို့အားရှာဖွေနေခဲ့ကြသည်။ ရဟတ်ယာဉ်ပေါ်တွင်ပါရှိသူ ခြောက်ဦးလုံးတွင် သာမန်အသေး
စားထိခိုက်ဒဏ်ရာများသာရကြပြီး အားလုံးအသက်ရှင်လွတ်မြောက်ခဲ့ကြသည်။ သို့သော် ရဟတ်ယာဉ်ပိုင်းလော့မှာမူ နှင်းကိုက်သောဒဏ်ကြောင့် နောက်ပိုင်းတွင် ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးခဲ့သည်။
(ထိုပိုင်းလော့နှင့်မိသားစုအတွက် ရေရှည်ထောက်ပံ့မှုများ ပေးရန် ဦးတေဇမှစီစဉ်ခဲ့သည်ဟု နောက်ပိုင်း၌ မြန်မာ
မီဒီယာများတွင်သတင်းထွက်လာခဲ့သည်။)
ဘေးဒုက္ခကြီးတခုမှလွတ်မြောက်ခဲ့သော ဦးတေဇအဖို့ ထပ်မံပေါ်လာမည့် အလားအလာရှိသော အခြားဘေး
ဒုက္ခတခုကို ထိန်းနိုင်ပါမည်လားဆိုသည်မှာလည်း စိတ်ဝင်စားစရာပင်။ ရက်စက်ကြမ်းကြုတ်လှသော စစ်
ဘက်အုပ်စိုးမှုအောက်တွင် ကျရောက်နေသည့် ဘားမား (Burma) ဟု အနောက်တိုင်းအသိုင်းအဝိုင်းမှ
အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံတွင် ဦးတေဇသည် သူ၏နိုင်ငံရေးအဆက်အသွယ်များမှတဆင့်
ချမ်းသာကြွယ်ဝလာခဲ့သူဖြစ်သည်။ သို့သော် ထိုအောင်မြင်မှုကြောင့်ပင် မြန်မာစစ်တပ်၏ဖိနှိပ်မှုလက်အောက်မှ
မြန်မာပြည်သူများနှင့် အတိုက်အခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို အဓိကကူညီထောက်ပံ့ပေးနေသည့် အနောက်နိုင်ငံများမှအစိုးရများ၏ စောင့်ကြည့်မှုအောက်သို့ရောက်လာခဲ့စေပြီး သူ၏ထူးလုပ်ငန်းစုဝင်
(Htoo Group) ကုမ္ပဏီများအား ပစ်မှတ်ထားပိတ်ဆို့မှုခံခဲ့ရသည်။
သူသည်လက်နက်ကုန်သည်တဦးဖြစ်ပြီး မြန်မာနိုင်ငံအားရက်စက်မှုဖြင့်ဖိနှိပ်အုပ်စိုးနေသည့် စစ်အစိုးရအား
ဘဏ္ဍာငွေရှာပေးနေသည့် အမာခံဘက်တော်သားတဦးဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနမှ
အတည်ပြုသတ်မှတ်ထားပြီးဖြစ်သည်။ ဦးတေဇ၏ပိုင်ဆိုင်မှုတန်ဖိုးအားခန့်မှန်းချက်နှင့်ပတ်သက်၍ အငြင်း
အခုံဖြစ်နေကြဆဲဖြစ်ပြီး၊ သန်းပေါင်းများစွာသောမြန်မာပြည်သူများအနက်အများစု၏ တနေ့ဝင်ငွေမှာ
အမေရိကန်ဒေါ်လာတဒေါ်လာအောက်သာရှိနေချိန်တွင် မြန်မာပြည်သူများကို ဆင်းရဲတွင်းထဲသို့တွန်းပို့ထားသော
စစ်အစိုးရနှင့်အလွမ်းသင့်လှပြီး အီတလီပြိုင်ကားများ၊ ကိုယ်ပိုင်ဂျက်လေယာဉ်များနှင့် အဖိုးတန်ဝိုင်များကို ဝယ်ယူထားသော သူ၏အသုံးအဖြုန်းကြီးလှသည့် နေထိုင်မှုပုံစံသည် တကမ္ဘာလုံးရှိ မြန်မာစစ်အုပ်စုအား ဆန့်ကျင်ကြသူများ
အားလုံး၏ ပစ်မှတ်တခုဖြစ်လာခဲ့ရခြင်းမှာလဲ သိပ်တော့မဆန်းလှပါ။
ယခုမူ ထိုရက်စက်ကြမ်းကြုတ်လှပြီးလူမုန်းများလှသောစစ်အုပ်စုဝင်အများစုမှာ လူဝတ်လဲ၍အလျှိုလျှိုလစ်
ထွက်သွားကြပြီဖြစ်၍ ဘတ်ဂျက်လိုငွေ အကြီးအကျယ်ပြနေသည့်အချိန်တွင် အခွံသာကျန်တော့သည့် နိုင်ငံ့
ဘဏ္ဍာတိုက်ကြောင့် ရှေ့လျှောက်အသက်ဆက်နိုင်ရန် ထိပ်တန်းစစ်ဗိုလ်ချုပ်ဟောင်းများနှင့် အရပ်သားများ
ပါဝင်သော ဖားတပိုင်းငါးတပိုင်းအစိုးရမှ မြန်မာစီးပွားရေးအားဖွင့်ချရန် စတင်ကြိုးပမ်းလာနေခဲ့ပြီဖြစ်သည်
။ ရလာဒ်မှာ ပွင့်လာမည်ဖြစ်သည့်နေရာများကိုရယူရန် တွန်းတိုက်လှုပ်ရှားလာနေသည့် စင်ပြိုင်လုပ်ငန်းရှင်များ
၏အကြိုက်ဖြစ်လာပြီး၊ အာဏာရှင်ဟောင်းနှင့်ဗိုလ်ချုပ်ဟောင်း သန်းရွှေ၏အရေးပေးမှုကိုရရှိနေခဲ့သည့်
ဦးတေဇနှင့်အခြားခရိုနီများအားလုံး၏ အောက်မှထောက်ပေးထားသောဒေါက်သည်လည်း နေရာရွေ့စပြု
လာပြီဖြစ်သည်။
ဖခင်ဖြစ်သူ ဒေးဒလပ်စ် (Daedalus) ၏စကားကိုလျစ်လျူရှုပြီး နေနှင့်နီးကပ်စွာပျံသန်းမိ၍ ၄င်း၏ကိုယ်ပေါ်တွင်
တပ်ဆင်ထားသော အတောင်ပံတုအားဆက်ထားသောနေရာများရှိ ဖယောင်းများအရည်ပျော်ကျကာ အေဂျီယန်
ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည့် ဂရိဒဏ္ဍာရီလာ အစ်ကရပ်စ် (Icarus) ကဲ့သို့ပင် ဦးတေဇသည်လည်း နေနှင့်နီး
ကပ်စွာပျံသန်းနေခဲ့လေ၏။ သူ့အားအမြတ်အစွန်းကြီးမားစွာရရှိစေခဲ့သည့် သစ်ထုတ်လုပ်ခွင့်များ၊ ရတနာတူးဖေါ်
ထုတ်လုပ်ခွင့်များနှင့် သွင်းကုန်လိုင်စင်များအား ပံ့ပိုးမှုများပေးထားသည့် မြန်မာစစ်ဗိုလ်ချုပ်များ၏ တိုက်တွန်းမှုကြောင့်
အပြန်အလှန်အားဖြင့် ဦးတေဇသည်လည်း စီးပွားရေးပိတ်ဆို့ခံရမှုများကြောင့် သေချာပေါက်အရှုံးပေါ်မည့်
လေကြောင်းလိုင်းထောင်ခြင်း၊ ဟိုတယ်များဖွင့်လှစ်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်ခဲ့လေသည်။ ထို့ကြောင့်ပင်လျှင် ဦးတေဇအနေနှင့် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလာနေပြီး အချိန်အတိုင်းအတာတခုအတွင်း ပြည်ပမှအရင်းအနှီးများ ကျောထောက်နောက်ခံဖြင့် ဝင်ရောက်လာမည့် အလား
အလာရှိသည့် ပြိုင်ဘက်သစ်များနှင့်ယှဉ်ပြိုင်ရန်လည်းကောင်း၊ မြန်မာ့စီးပွားရေးခေတ်ပြောင်းကာလတွင် ရှေ့
ကျသောနေရာမှ ပါဝင်လုပ်ဆောင်နေသော သူ့အနေနှင့် ယခုအခါ နိုင်ငံရေးအလှည့်အပြောင်းများတွင် ထိခိုက်
ဆုံးရှုံးရန်လွယ်ကူလှသော သူ၏ဖောင်းပွနေသည့် စီးပွားရေးအင်ပါယာအား ထိန်းချုပ်စီမံရန်အားလည်းကောင်း
ကြိုးပမ်းရတော့မည်ဖြစ်သည်။
သူ့အနေဖြင့်လာမည့်စိန်ခေါ်မှုများအတွက် အသင့်ဖြစ်နေပြီး “မိမိတို့သည်ယှဉ်ပြိုင်ရခြင်းကိုနှစ်သက်ပြီး မျှတသော
ယှဉ်ပြိုင်မှုကိုသာလိုလားသည်” ဟု စင်္ကာပူနိုင်ငံရှိ၊ မာရီနာဘေးဆဲန်းစ်ဟိုတယ် (Marina Bay Sands Hotel)
တွင် ဖိုးဘီးစ်-အာရှမဂ္ဂဇင်း (FORBES ASIA) နှင့်တွေ့ဆုံပြုလုပ်ခဲ့သည့် ရှားရှားပါးပါးအင်တာဗျူးတခုတွင်
ဂျင်းဘောင်းဘီအနက်၊ ဆွယ်တာအပါးတထည်နှင့် အပေါ့စားရှူးဖိနပ်ကိုဝတ်ဆင်ထားသော ဦးတေဇမှဆိုခဲ့သည်။
ယခင်က FORBES ASIA နှင့် ရန်ကုန်မြို့တွင်ပြုလုပ်ရန်စီစဉ်ထားပြီးမှ မလုပ်ဖြစ်ခဲ့သော အင်တာဗျူးတခု အတွက်လည်း ဦးတေဇမှ တောင်းပန်စကားဆိုခဲ့သည်။ နေ့လယ်စာစားချိန်နှင့် နှစ်နာရီကြာအင်တာဗျူးအချိန်ကာလတိုအတွင်း သူ
၏ဘဏ္ဍာရေးအဆင့်အတန်း အနေအထားနှင့်ပတ်သက်၍ ရေရေရာရာရှင်းပြရန်ကိုမူ ဘာကြောင့်မှန်းမသိ နှုတ်
ဆိတ်နေခဲ့သော ဦးတေဇအနေနှင့် အခြားမရှင်းမရှင်းဖြစ်နေသည်များကိုသာ ရှင်းလင်းရန်အားသန်နေခဲ့သည်။
ထူးလုပ်ငန်းစုအနေနှင့် နှစ်စဉ်ဝင်ငွေအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း (၅၀၀) ရှိသည်ဟု (၂၀၁၁) ဧပြီလတွင်
အီတလီသတင်းစာတစောင်အား ဦးတေဇမှပြောကြားခဲ့သောကြောင့် ထူးလုပ်ငန်းစုသည် မြန်မာနိုင်ငံ၏အကြီးဆုံးသော
မဟာလုပ်ငန်းစုကြီး (Conglomerates) ဖြစ်သည် ဟုဆိုရမည်ဖြစ်သည်။ သူ့အနေနှင့် ထူးလုပ်ငန်းစု၏ဦးဆောင်ကုမ္ပဏီ၌
အများဆုံးရှယ်ယာ ပိုင်ဆိုင်သူဖြစ်သည်ဟု ဦးတေဇမှဆိုခဲ့သော်လည်း ထူးလုပ်ငန်းစုမှရရှိသည့် အမြတ်အစွန်းပမာဏနှင့်
ထိုလုပ်ငန်းစု၏ဥက္ကဋ္ဌအတွက် အသားတင်အကျိုးအမြတ် မည်မျှထပ်တိုးရရှိလာခဲ့သည်ဆိုသည်ကား မသဲကွဲပေ။
မြန်မာနိုင်ငံတွင်းရှိ ကုမ္ပဏီအများစုသည် ၄င်းတို့၏ဘဏ္ဍာရေးအချက်အလက်များကို ထုတ်ပြန်လေ့မရှိကြပဲ
၎င်းတို့၏အစုရှယ်ယာပိုင်ဆိုင်မှုများကိုလည်း ဖေါ်ပြလေ့မရှိကြပေ။
ပြင်သစ်တိုတယ် (Total) ရေနံကုမ္ပဏီနှင့်ပူးပေါင်း၍ သဘာဝဓါတ်ငွေ့တူးဖေါ်ထုတ်လုပ်နေသော ရှက်ဗရွန်ရေနံကုမ္ပဏီ
(Chevron) တခုတည်းအား ချွင်းချက်ပေးထားသည့် အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာမှ မြန်မာပြည်အား
ပိတ်ဆို့ထားမှုမှန်သမျှကို ခါးသီးစွာဆန့်ကျင်လေ့ရှိသူတဦးဖြစ်သည်။ အနောက်နိုင်ငံများမှအစိုးရများသည် အချက်
အလက်မှန်များကို မျက်ကွယ်ပြုထားသည်ဟု ဦးတေဇမှစွပ်စွဲ၏။ သူ့အနေနှင့် မြန်မာစစ်တပ်အား ရဟတ်ယာဉ်များသာ
ရောင်းချခဲ့ပြီး လက်နက်ခဲယမ်းများရောင်းချခဲ့ခြင်းမရှိပဲ အများထင်သလို ဗိုလ်ချုပ်ဟောင်းသန်းရွှေမှ အကြီး
အကျယ်မြှောက်စားခံရသူလည်းမဟုတ်သလို ဗိုလ်ချုပ်ဟောင်းသန်းရွှေ၏သားမက်လည်းမဟုတ်၊ လက်နက်
ကုန်သည်လည်းမဟုတ်ပဲ နာမည်ကြီးထမင်းငတ်သာ ဖြစ်သည်ဟုဆို၏။ သူပြောသလိုဟုတ်မဟုတ်ဆိုသည်ကား
သူနှင့်နီးစပ်သူများ၊ အနောက်နိုင်ငံအစိုးရများနှင့် ၄င်းတို့၏နာမည်ကျော် ထောက်လှမ်းရေးအဖွဲ့အစည်းများမှသာ
အသိဆုံးဖြစ်ပေမည်။
(အပိုင်း-၂ အားဆက်လက်ဖတ်ရှုပါရန်)
Forbes မဂ္ဂဇင်း တွင် ဆောင်းပါးရှင် ဆိုင်မွန် မွန့် လခ် ရေး သား သည့် Burma’s Showy Crony အား
ဆီလျှော် အောင် ဘာသာ ပြန် ဆို ထား ခြင်း ဖြစ်ပါသည်။
Burma’s first private airline. Fleet of 12 aircraft. $25 million to $30 million estimated resale.
Opened August 2010.
3. HOTELS
Aureum Palace and Myanmar Treasure branded properties. 17 hotels, over 1,100 rooms: $120 million to $150 million.
4. MINING
Nickel, jade, limestone, gold.
5. CONSTRUCTION AND REAL ESTATE
$30 million to $40 million in Yangon residential projects.
6. EXPORTS
Timber, pulses, rice.

သူ့ ဘဝ အောင်မြင် အောင် လျှောက်လှမ်းရာမှာ တော့ ဘယ်လိုဘဲ ဖြစ်ဖြစ် ပေးဆပ်မှု – ရယူမှု တော့ ရှိမှာပါ။