မိုဟာမက် အလီကိုအလဲ ထိုးသတ် နိုင်ခဲ့ သည့် ဂျိုးဖရေဇီယာ ကွယ်လွန်

ဟဲဗီးဝိတ် လက်ဝှေ့ ချန်ပီယံ ဟောင်း ဂျိုးဖရေဇီယာ သည် အသက် ၆၇ နှစ် အရွယ် တွင် ကျောက်
ကပ် ကင်ဆာ ရောဂါ ဖြစ် ကွယ် လွန် သွား ပြီ ဟု သူ ၏ ကျန် ရစ် သူ မိသား စု က သတင်း ထုတ်
ပြန်သည်။

ဂျိုးဖရေ ဇီယာ သည် ၁၉၇၁ ခုနှစ် က မိုဟာမက် အလီ နှင့် ယှဉ်ပြိုင် ထိုးသတ် စဉ် ခြောက်ချီ အထိ
အလဲ အကွဲ ရှုံ နိမ့် နေရာ မှာ ၁၂ ချီတွင် ပြန်လည် ခုခံ နိုင်ကာ ၁၄ ချီ တွင် ကမ္ဘာ့ လက်ဝှေ့ ကျော်
ကို ယှဉ်ပြိုင် ထိုး သတ် အနိုင် ယူ နိုင် ခဲ့ သည်။

ထိုပွဲ စဉ် ဉ် ဖရေဇီယာ သည် အလီ ၏ လက်ချက် ကြောင့် မျက်စေ့တစ်လုံး ဖွင့် မရ တော့ သည်
အထိ ထိုး သတ် ခဲ့ ကာ နောက်ပိုင်း တွင် မိုဟာမက် အလီက ” ကျွန်တော် သေဖို့  တော်တော်
နီးစပ် သွား တယ် ” ဟု ဂုဏ်ပြုပြောဆို ရသည် အထိ ဖရေ ဇီယာ ၏ လက်သီး ကို ချီးကျူး ခဲ့ သည်။

ဂျိုးဖရေဇီယာ သည် မိုဟာမက် အလီ နှင့် သုံးကြိမ် ထိုးသတ် ခဲ့ ဖူးပြီး ၁၉၇၅ ခုနှစ် က Thrilla in Manila
ဆိုသည့် တွေ့ ဆုံ မှု မှာ ကမ္ဘာ ကျော် ပွဲ စဉ် တစ်ခု ဖြစ်ခဲ့ သည်။ ထို ပွဲစဉ် ဉ် လည်း ဂျိုးဖရေဇီယာ က
မိုဟာမက် အလီ ကို အသာ စီးထိုးသတ် နိုင်ခဲ့ သည်။

သူ တို့  နှစ် ဦး သည် သုံးကြိမ် တွေ့ ဆုံ ရာ တွင် ၄၁ ချီ ထိုး သတ် ခဲ့ သည်။

ဂျိုးဖရေဇီယာ သည်  သည် ဟဲဗီးဝိတ် ချန်ပီယံ ဟောင်း ဂျော့ ဖိုမန် နှင့် လည်း ထိုးသတ် ခဲ့ ဖူး
သည်။

သူ့ အား မနေ့ က ဆေးရုံ သို့  အရေး ပေါ် ပို့ ဆောင် ပြီး နောက် နာရီ ၂၀ အကြာတွင် သေဆုံး ခဲ့
ခြင်း ဖြစ် သည်။ ဂျိုးဖရေဇီယာ သည်   ဂျက်ဇ် ဂီတ ပညာရှင် ဖရန့် ဆင် နာထရာနှင့် သူငယ်ချင်း
လည်း ဖြစ်သည်။

၁၅ ချီမြောက် တွင် မိုဟာမက် အလီ ကို အလဲ ထိုး ပြီးနောက် ဒိုင်လူကြီးက ဂျိုးဖရေဇီယာ ကို ကွင်ပြင် သို့  ထွက် ခွာ ရန် ညွှန်ကြား နေစဉ် (Photo - New York Times)

ဂျိုးဖရေဇီယာ နှင့်  မိုဟာမက် အလီ တို့  ၁၉၇၁ ခုနှစ် က ထိုးသတ် မှု မှတ်တမ်းဗီဒီယို ဖြစ်
ပါသည်။ ဘောင်းဘီ အစိမ်း ၀တ်ထား သူမှာ ဂျိုးဖရေဇီယာ ဖြစ်သည်။

Joe Frazier