ဆီးရီးယား အတိုက်အခံ များ နဲ့  အာရပ် အဖွဲ့ ချုပ် တွေ့ ဆုံ

ကုလသမဂ္ဂက ဆီးရီးယား နိုင်ငံ ရဲ့  ဆန္ဒပြ မှု တွေ အတွင်းမှာ အစိုးရတပ် က နှိပ် ကွပ် လို့ 
လူ ၃၅၀၀ ကျော် သေဆုံး တယ် လို့  ပြောဆို ပြီး နောက် တစ်နေ့ မှာ အာရပ် အဖွဲ့ ချုပ်က
တာဝန် ရှိ သူ တွေ နဲ့  ဆီးရီးယား ခေါင်းဆောင် တွေ ဟာ အီဂျစ် နိုင်ငံ ကိုင်ရို မြို့ မှာ ဒီနေ့ တွေ့ ဆုံ ခဲ့ ပါတယ်။

ဒီဆွေးနွေးပွဲ ကို အာရပ် အဖွဲ့ ချုပ် က အထွေထွေ အတွင်းရေးမှုးချုပ် နဘီ အယ်(လ) အာရဘီ
လည်း တက်ရောက် ခဲ့ပါတယ်။

မတ်လ ကတည်းက စတင် ခဲ့ တဲ့ ဆီးရီးယား မငြိမ်မသက် မှု တွေ ဟာ အခု ထိ အားကောင်း
နေ ဆဲ ဖြစ် ပြီး ဆီးရီးယား အစိုးရ တပ် တွေ က မနေ့ က  ဆို ရင် နိုင်ငံ ရဲ့  တတိယ အကြီးဆုံး
မြို့ ဖြစ်ပြီး အစိုးရ ဆန့် ကျင် သူ တွေ များ တဲ့ Homs မြို့  မှာ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်
လံ ဖမ်းဆီး မှု တွေ ရှိတယ် လို့  ဒေသခံ တွေ က AP သတင်း ဌာနကို ပြောပါတယ်။

ဆီးရီးယား နိုင်ငံ တွင်းမှာ တော့ ဘာရှား အယ်(လ) အာဆတ် ကို ဆန့် ကျင် တဲ့ ဆန္ဒပြ မှု တွေ
ဟာရပ်တန့် သွား ခြင်း မရှိ သေး ဘဲ ဆန္ဒပြ သူ တွေ က လှို့ ဝှက် ဆေးရုံ တွေ ၊ လှို့ ဝှက် သပိတ်
စခန်း တွေ နဲ့  ဆက်လက် ဆန္ဒပြ နေ ဆဲ ရှိ ပါတယ်။

အာရပ် အဖွဲ့ ချုပ် က ပြီးခဲ့တဲ့ လက ဆီရီးယား အစိုး ရ နဲ့ တွေ့ ဆုံပြီး ဆန္ဒပြ မှု တွေ ကို တိုက်ခိုက်
တာ တွေ ရပ်တန့် ဖို့ ၊ ဖမ်းဆီးသတ် ဖြတ်တာ တွေ နဲ့  ထောင်ချတာ တွေ ကို ရပ်တန့် ပေး ဖို့ 
တောင်း ဆိုတာ ကို ဆီးရီးယား က ကတိပြု ခဲ့ ပေမယ့် အဲဒီနောက် မှာ လူ ၂၀၀ ကျော်လောက်
ကို သတ်ဖြတ် ပြီး ဖြစ်တယ် လို့  သတင်း တွေ က ဆိုပါတယ်။
မနေ့ က တော့ Free Syrian Army အတွက် လက်ဘနွန် ကနေ လက်နက် တွေ ခိုးသွင်းတယ်
လို့  ယူဆရ သူ ငါးဦး ကို ဆီးရီယား တပ်တွေ က ပစ်သတ် ခဲ့ ပါတယ်။

Syria