ယနေ့ နေ့ လည် ၁း၃၀ မိနစ် အချိန် ခန့် က ရန်ကုန် မြို့  ကျောက်တံတား မြို့ နယ် ကမ်းနားလမ်း
ရှိ ဗြိတိသျှ သံရုံး အရှေ့ တွင် ဆန္ဒပြ မှု တစ်ခု ဖြစ်ပွား သည် ဟု FNG မှ သတင်း ရရှိ သည်။
ဆန္ဒပြ ပွဲ ကို ရခိုင် လူငယ် များ နှင့် မြန်မာ လူငယ်များ က ဦးဆောင် စီစဉ် ကြခြင်း ဖြစ်ပြီး နောက်
တစ်ပတ် တွင် လည်း ဆက်လက် ပြသအုံး မည် ဟု သိရသည်။
ဆန္ဒပြ သူများ ထဲ မှ တစ်ဦး ဖြစ်သူက ” BBC သတင်း ဌာန သတင်း တစ်ပုဒ်မှာ မြန်မာ ပြည်မြေပုံ
ကို လွဲမှားစွာ ဖော်ပြ မှု ၊ ရခိုင် တိုင်း ရင်းသား တွေ နေ တဲ့ နေရာ မှာ ရိုဟင်ဂျာ( မူဂျာဟေဒင်) တွေ
ထည့်ထား မှု တွေ ကို BBC က ပြန်လည် ဖြေရှင်း တောင်း ပန်တာ မလုပ် တဲ့ အတွက် ဆန္ဒပြခြင်း
ဖြစ်သည် ဟု ပြော သည်။
လန်ဒန် မြို့  ဗြိတိသျှ အသံလွှင့် ဌာန (BBC) မှ သတင်း ထောက် တစ်ဦး ဖြစ် သူ Anna Jones ၏
Bleak outlook for Burma’s ethnic groups အမည် ရှိ သတင်း ဆောင် ပါး နှင့် အကြောင်း
အရာ ပါ အချက် အလက် များပါ ဂရပ်ဖစ် ပုံ များ နှင့် ပတ်သက် သည့် အကြောင်း အရာများ ကို
မြန်မာ ပြည်သူ လူထု က မ ကျေနပ် ၍ ဆန္ဒပြ ကြ ခြင်း ဖြစ်သည်။
ဗိုလ်အောင်ကျော်လမ်း ရှိ လက်ဘက် ရည် ဆိုင် များ တွင် လူစု ဝေး ပြီးနောက် ဗြိတသျှ သံရုံးရှေ့ 
ဆန္ဒ ပြမှု စတင် ပြီး သိပ်မကြာခင် မှာ ပင် ရဲကား များ နှင့် အရပ် ၀တ် လုံခြုံရေးများ ရောက် ရှိ လာ
သဖြင့် လူစု ခွဲ လိုက် သည် ဟု သိရသည်။
