နေအိမ် အကျယ် ချုပ် မှ လွတ်မြောက် လာပြီး နောက် တစ်နှစ် ပြည့် မြောက် သည့် အထိမ်းအမှတ်
အဖြစ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ယနေ့  အမျိုးသား ဒီမိုကရေစီ
အဖွဲ့ ချုပ် ရုံး တွင် ပြု လုပ်သည့် သတင်း စာရှင်းလင်းပွဲ တွင် ” နိုင်ငံရေး အကျဉ်းသား များ လွှတ်
ပေး ရန် နှင့် ပြည်တွင်း ငြိမ်းချမ်းရေး တို့  ကို တောင်း ဆို လိုက် သည်။
အဆိုပါ သတင်းစာ ရှင်း လင်း ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်သည်
သမိုင်း ၀င်ရ လာဒ် ဖြစ်သည် ဟု ပြောသည်။ ဆက်လက် ၍ သူမက တရား ဥပဒေ စိုးမိုးမှု ရှိ သည့်
နိုင်ငံ များ တွင် နိုင်ငံ ရေး အကျဉ်း သား မရှိ ဟု သတင်း ထောက် များ၏ မေးမြန်း မှု ကို ဖြေကြားခဲ့
သည်။
မြန်မာ နိုင်ငံ တွင်း ဉ် သန့် ရှင်း သည့် တရားရေး မဏ္ဍိုင် နှင့် တရား ဥပဒေ စိုးမိုး မှု မရှိ ခြင်း ကြောင့်
နိုင်ငံ ရေး အကျဉ်းသား များ ရှိ နေ ခြင်းဖြစ်သည် ဟု Eleven Media ၏ သတင်းထောက် တစ်ဦး
ပြောကြား ချက် ကို ပြန်လည် ဖြေကြား ခဲ့သည်။
ဆက်လက် ပြီး သတင်း ထောက် တစ်ဦး ၏ မေးမြန်း ချက် ကို ဖြေကြား ရာတွင် လက်ရှိ အမျိုးသား ဒီ
မိုကရေစီ အဖွဲ့ ချုပ် က ပြုလုပ် ထား သည့် စာရင်း အချက် အလက် များ အရ နိုင်ငံရေး အကျဉ်းသား
၅၉၁ ဦး ရှိ သည် ဟု ဆိုသည်။
သတင်းထောက် တစ်ဦး ၏ မေးမြန်းချက် တစ်ခု ဖြစ်သည့် ထိပ် တိုက် ရင် ဆိုင် ရေး ကို မူ ဒေါ်အောင်
ဆန်းစုကြည်က ဖြေဆိုရာ ဉ် ” ထိပ် တိုက် ရင် ဆိုင် ရေး သည် ထို အချိန် က အစိုးရ သတင်း စာ များ
က စတင် သုံး စွဲ ခဲ့ခြင်း ဖြစ်ပြီး NLD က စတင် သုံး စွဲ ခဲ့ ခြင်း မရှိ ဟု ပြော ဆို ခဲ့ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် မှတ်ပုံတင် ၊ မတင် ကို မူ မေးမြန်း ခြင်း မပြု ရန် နှင့် ယခုလ
၁၈ ရက် နေ့ မှ သာ ဆုံး ဖြတ် မည် ဟု ပြောခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် ၏ တစ်နှစ် ပြည့် သတင်းစာ ရှင်းလင်း ပွဲ ကျင်းပရန် တစ်ရက် အလို တွင် ပြည်
ထဲရေး ၀န်ကြီးဌာန မှ အဆင့်မြင့် အရာ ရှိ တစ်ဦးက AP နှင့် AFP သတင်းဌာန များ သို့  တယ်လီဖုန်း
ဖြင့် ဆက်သွယ် ပြော ဆိုရာ ဉ် နိုင်ငံရေး အကျဉ်းသား များ မကြာ မှီ လွတ် ပေး မည် ဟု ပြော ကြားခဲ့
သည်။
