မြစ်ကြီးနား မြို့  တွင် ဗုံး ပေါက်ကွဲမှု ကြောင့် လူ ၁၀ ဦး သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

ကချင် ပြည်နယ် မြစ်ကြီးနား မြို့  စီတာပူရပ်ကွက်အနီး ကားကြီးဝင်းအနီး တွင် ရှိ သည့် အိမ်တစ်အိမ်
တွင် ယမန်နေ့  ည ၈း၄၅ မိနစ် အချိန် ခန့်က ပြင်းထန်စွာ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွာ ခဲ့ ရာ ကလေး
ငယ် နှစ်ဦး အပါအ၀င် အနည်း ဆုံး လူ ဆယ်ဦး  သေဆုံး သည် ဟု FNG မှ သတင်း ရရှိ သည်။

ပေါက်ကွဲ မှု တွေ ကို မျက်မြင်တွေ့ ရှိ သူ များ ၏  ပြောကြားချက်အရ  “ ၀ုန်း ”ဆို ပေါက်ကွဲမှု ဖြစ်ပွား
ပြီးတော့ ဆက်တိုက်ဆက်တိုက် ပေါက်ကွဲသံတွေကို ကြားရကြောင်းနဲ့ အဲဒီအိမ်ကို မီးစလောင်ပြီး
ပေါက်ကွဲမှုတွေဖြစ်နေလို့ ဘယ်သူမှ အနားမကပ်ရဲဘဲ မီးညွန့်အားကောင်းလာကာ ဘေးအိမ်တွေကို
ဆက်ပြီးတော့ ည ၁၁ နာရီအထိ မီးလောင်နေတာ ကို မြင်တွေ့ရကြောင်း ပြောသည်။

သတင်း တို များ ၊ သုတ/ရသ  နှင့် ကနဦး သတင်း တင်ဆက် မှု များ ကို FNG Faceboook စာမျက်နှာ
တွင်ကြည့် ရှု နိုင်ပါသည်

မီးလောင် ပေါက် ကွဲမှု ဖြစ်ပွားသည့်  အိမ် သည် ကချင် လွတ်မြောက် ရေး တပ်မတော် KIA ၏
ဆက်ဆံရေးရုံး  နှင့်  မလှမ်း မကမ်း မှာ ဖြစ်ပြီး ယခု ပေါက်ကွဲ မှု ဖြစ်ပွား သည့်  အိမ်မှ အိမ်ရှင်
သည် KIO ခေါင်းဆောင် များ နှင့် နီးစပ် သည် ဟု သိရသည်။

စနေနေ့  က မြစ်ကြီးနား တွင် လက်လုပ် ဗုံးများ ပေါက်ကွဲ မှု ဖြစ်ပေါ်သည် ဟု သိရသည်။

ယနေ့ တနင်္လာနေ့  တွင် မြို့  ပေါ် ဉ် လုံခြုံရေး အထူး တင်းကျပ်ထား သည်။ယနေ့ ထူတ်
အစိုးရ အာဘော် သတင်း စာများ ဉ် ချိန်ကိုက် ဗုံး နှစ် လုံး ကို တွေ့ ရှိ ဖျက်ဆီး နိုင် ခဲ့ သည်
ဟု ဖော်ပြထား သည်။

ပြီးခဲ့ သည့် သီတင်း ပတ်က မန္တလေး-မြစ်ကြီးနား ရထား လမ်းပိုင်း ရှိ ဆားမှော် ဘူတာ အနီး
တွင် မြစ်ကြီးနား အဆန် ရထား တစ်စီး ကို KIA က ဗုံး ခွဲ တိုက် ခိုက် ခဲ့ သည်။

Photo Credit : Yangon Press International

One thought on “မြစ်ကြီးနား မြို့  တွင် ဗုံး ပေါက်ကွဲမှု ကြောင့် လူ ၁၀ ဦး သေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ

  1. တော်တော်ဆိုးတာပဲနော်……ဘာမှမသိတဲ့ကလေးတွေသနားစရာပါ…….

Comments are closed.