အသျှင် ဂမ္ဘီရ နှင့် ဦးမင်းကိုနိုင် တို့  ကို ဖိနှိပ်မှု ပိုပြင်းထန် သည့် အကျဉ်းထာင်များ သို့ ပြောင်းရွှေ့ 
တင်ကျော်ကျော်စိုး၊                   ၊ယနေ့ နံနက် အစောပိုင်းတွင် ၈၈ မျိုးဆက် ကျောင်းသား
ခေါင်းဆောင် အများစု နှင့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တွင် ဦးဆောင် ခဲ့ သည့် သံဃာ့
တပ်ပေါင်းစု မှ ခေါင်းဆောင်  ဆရာတော် ကို ဖိနှိပ်မှုပိုများပြားပြင်ထန် သည့် အကျဉ်းထောင်
များသို့ ပြောင်းရွှေ့ နေရာချထားလိုက်သည် ဟု FNG မှသတင်းရရှိသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် ကို ရှမ်းပြည်နယ် ကျိုင်းတုံထောင် မှ
သရက်ထောင် ကို ဒီနေ့  ပြောင်းရွှေ့ လိုက်ပြီး ကလေးထောင် မှာ နှစ်ရှည် ထောင်ဒဏ် ကျခံ
နေရပြီး ကျမ္မာရေး မကောင်းတဲ့ အသျှင် ဂမ္ဘီရ ကို တော့ ဧရာဝတီ တိုင်း မြောင်းမြ အကျဉ်း
ထောင် ကို ပို့  ဆောင် လိုက်သည်  ဟု သိရသည်။
မြောင်းမြ အကျဉ်းဟောင် ယခင် က နိုင်ငံရေး အကျဉ်းသား အနည်းစု သာရှိ ပြီး အခြား အကျဉ်း
ထောင်များ ထက် ပိုပြီး ဖိနှိပ်မှု နည်းသော် လည်း ၂၀၀၃ ခုနှစ် ထောင်တွင်း အုံကြွမှု နောက်ပိုင်း
သာယာဝတီ၊သရက်၊မြင်းခြံ၊ မန္တလေး ကဲ့ သို့  ဖိနှိပ် မှု များ သည့် ထောင် ဖြစ်လာခဲ့ သည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ဦးခွန်ထွန်း ဦး ကို ပူတာအို ထောင် မှာ တောင်ငူ
ထောင် သို့  ယနေ့ ပြောင်းရွှေ့ လိုက်သည်။ တောင်ငူ ထောင် မှ ထောင် ၀န်ထမ်းများ မှာ ပြီး ခဲ့
သည့် လက နိုင်ငံရေး အကျဉ်းသား မိသာစု များ ထောင်ဝင်စာ တွေ့ ရာတွင် စိတ် အနှောင့်
ဖြစ်စေရန် ဖန်တီးမှုများ ရှိ ခဲ့သည်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့  မှ  ခေါင်းဆောင် တစ်ဦး ဖြစ်သူ မနီလာသိန်း ကို သရက်ထောင်
၂၀၁၀ ခုနှစ် သင်္ကြန် ဗုံးကွဲ မှု တွင် ဓာတ်ပုံ ရိုက်ယူခြင်း ပြု ခဲ့ သည့် သတင်းထောင် စည်သူဇေ
ယျ ကို မူ အင်းစိန် မှ နေ၍ ပိုပြီး ဝေး သော ဟင်္သတ ထောင် သို့ ပို့ ဆောင် ထား လိုက်သည်။
နိုင်ငံရေး အကျဉ်းသား များ ထောင် ပြောင်းရွှေ့ မှု နှင့် ပတ်သက် ပြီး  ကိုစည်သူ ဇေယျ ၏ မိ
သားစု ၀င် တစ်ဦး က ” ပိုပြီး ညှင်းပန်း နှိပ် စက် သလို ပဲ ၊ ထောင် ပြောင်းတော့ ပစ္စည်း တွေ
ဘာမှ မယူလာခဲ့ ရ ဘူး ၊ ကိုမင်းကို နိုင် ဆိုရင် ကျိုင်းတုံ မှာ အေးတော့ အနွေးထည် တွေ ၀တ်
ရတယ် လေ အင်းစိန် ရောက် တော့ ထောင် ဥပဒေ ဆို ပြီး အကုန် သိမ်း တော့ တာ ပဲ၊ အစိုးရ
က နိုင်ငံ ရေး အကျဉ်းသား တွေ ကို စိတ်ဝေဒနာ ရအောင် ပို နှိပ် စက်သလို နေပဲ ၊ သူ တို့ ကို
ကယ်မယ့် လူ မရှိ တော့ ပါဘူး ၊ NLD နဲ့  ကမ္ဘာ့ အစိုးရ တွေ လည်း အလကား ပါပဲ သူ တို့ 
အကျိုး အတွက် လုပ် နေကြတာ ဟု သူမ၏ ရင်တွင်း ခံ စား ချက် ကို ရိုးသား စွာဖွင့် ဟသည်။
မနက်ဖြန် တွင် နိုင်ငံ ရေး အကျဉ်းသား အချို့  ကို ထပ်မံ ပြောင်းရွှေ့ မှု ပြု နိုင် သည်ဟု
နိုင်ငံရေး အကျဉ်းသား မိသားစု များ က ခန့် မှန်းကြ သည်။
နအဖ စစ်အစိုးရ ၏ နိုင်ငံ တ၀ှမ်းရှိ အကျဉ်းထောင် များ အတွင်း နိုင်ငံရေး အကျဉ်းသား
နှစ်ထောင် နီးပါး ရှိ သည်။စစ်အစိုးရ ၏ ဆိုးရွား လှသော အကျဉ်းထောင် များ အတွင်း နိုင်ငံရေး
အကျဉ်းသား အချို့ မှာ ကျမ္မာရေးချို့  ယွင်းလျှက်ရှိသည်။
5 thoughts on “အသျှင် ဂမ္ဘီရ နှင့် ဦးမင်းကိုနိုင် တို့  ကို ဖိနှိပ်မှု ပိုပြင်းထန် သည့် အကျဉ်းထာင်များ သို့ ပြောင်းရွှေ့ 
  1. ကျွန်တော်ကတော့nld နှင့်ဘာမှမဆိုင်ဘူးလို့ထင်တယ်၊သူတို့လဲတောင်းဆိုနေတာဘဲ၊ရမှမရဘဲ
  2. NLD တောင်သူတို့လွတ်မြောက်မှုအတွက် အချိန်တွေဘယ်လောက်ယူ၊ ရုန်းကန်ခဲ့ရသလဲဆိုတာ လူတွေအကုန်သိပါတယ်။ ကိုယ်ချင်းမစာလို့ပြောတာမဟုတ်ပါဘူး၊ ကျနော်လည်းပတ်သက်တဲ့သူပါ။
  3. ‘NLD နဲ့  ကမ္ဘာ့ အစိုးရ တွေ လည်း အလကား ပါပဲ သူ တို့ 
    အကျိုး အတွက် လုပ် နေကြတာ ဟု သူမ၏ ရင်တွင်း ခံ စား ချက် ကို ရိုးသား စွာဖွင့် ဟသည်။’
    မှန်လိုက်တဲ့စကား၊ဒက်ထိဘဲ။ဒေါ်စုလည်းအားမကိုးနဲ့၊ဘယ်သူ့ကိုမှအားကိုးမနေနဲ့တော့၊
    လစ်ဗျားမှာလိုလက်နက်ကိုင်ပြီးတော့တာတိုက်ပေတော့။
  4. အေးဗျာ (NLD နဲ့  ကမ္ဘာ့ အစိုးရ တွေ လည်း အလကား ပါပဲ သူ တို့ 
    အကျိုး အတွက် လုပ် နေကြတာ ဟု သူမ၏ ရင်တွင်း ခံ စား ချက် ကို ရိုးသား စွာဖွင့် ဟသည်။) အဲဒီစာသားကတော့ တစ်ကယ့်ကို ရင်နင့်အောင်ခံစားရတဲ့စကားပါပဲ……….အဲဒါဖတ်ပြီးတော့ ဘာဆက်ပြောလို့ပြောရမှန်းတောင်မသိအောင် တွေဝေသွားစေပါတယ် နိုင်ငံအတွက် ဘာ့ကြောင့် အတ္တတွေကို မစွန့်လွှတ်နိုင်ကြတယ်မသိဘူးနော်……….ဒီပုံ ဒီအစိုးရ ဒီစနစ်နဲ့ကတော့ မြန်မာပြည်သူတို့ရေ…..ကျော်သူသာမရှိရင် သေဘို့တောင်ရင်လေးဘွယ်ပါပဲ……….
  5. { NLD နဲ့  ကမ္ဘာ့ အစိုးရ တွေ လည်း အလကား ပါပဲ သူ တို့ 
    အကျိုး အတွက် လုပ် နေကြတာ ဟု သူမ၏ ရင်တွင်း ခံ စား ချက် ကို ရိုးသား စွာဖွင့် ဟသည်။ } တကယ့် ရင်ထဲက ဖွင့်ဆိုချက်ဆိုတာ ခံစားမိပါတယ် … ဒါတွေကို တာဝန်ရှိသူတွေ ပိုပြီးသိသင့်ပါတယ် … ပါးစပ်ကသာ ဘာညာဆိုပြီးပြောနေကြပြီး … လက်တွေ့မှာ ဒီလူတွေက လက်တွေ့ကျကျပိုပြီးခံစားနေရပါတယ် …
Comments are closed.