FNG။ ။နိုင်ငံတကာ တွင် သွားရောက် အလုပ်လုပ် ကိုင် နေရသည့် မြန်မာ များ သည် ကမ္ဘာ
လုံးစီးပွားရေးပျက်ကပ်၏ အကျိုးဆက် ဖြင့် အလုပ် အကိုင် များ ရှား ပါး လာခြင်း ၊ ၀င်ငွေ ထွက်
ငွေ မမျှ တခြင်းစသည့် အကြောင်း များ ကြောင့် မွန်းကျပ်မှု ၊ စိတ်ထွက် ပေါက်မှု နှင့် စိတ်ဓာတ်
ကျဆင်း မှု နှင့်စိတ်ဖိစီးမှု များ ဖြစ်ပေါ် လာခဲ့ သည်။
အထူးသဖြင့် စိတ်ဓာတ် ကျဆင်း မှု ရောဂါ မှာ စင်္ကာပူ လို ၊ တောင် ကို ရီးယား လို နိုင်ငံ များ တွင်
အဖြစ်များ သည်။ နိုင်ငံ သေးငယ် ပြီး အပန်း ဖြေစရာ နည်းပါးသော ကြောင့် ဌာနေ နိုင်ငံ သား များ
ကိုယ် တိုင် စိတ်ဓာတ် ကျဆင်း မှု ရောဂါ များ ကြုံ တွေ့ နေရ ပြီး မိမိ ကိုယ် ကို သတ်သေခြင်းများ
၂၀၀၇ ခုနှစ် မှ စတင် ကာ စင်္ကာပူ တွင် သုံး ဆ တိုးပွား လာပြီး ၊ တောင် ကိုရီးယား တွင် နှစ်ဆ
တိုး ပွား လာခဲ့ Time မဂ္ဂဇင်း ၏ မေလ ပထမပတ် ထုတ် စစ်တမ်း တစ်ရပ် တွင် ဖော် ပြထား သည်။
စင်္ကာပူရောက် မြန်မာ လူမျိုး တို့  လည်း အဆို ပါ လူမှု အကျပ်အတည်း ၏ ဒဏ် က တစ်နည်းတစ်
ဖုံ ရိုက်ခတ် မှု ရှိရာ စင်္ကပူ နိုင်ငံ တွင် ၁၀ နှစ် နီးပါးကြာ ဟိုတယ်နှင့် ခရီး သွား လာရေး ၀န် ဆောင်
မှု လုပ်ငန်း တွင် လုပ် ကိုင် နေသည့် မ အေးထက်စံ က ” ဒီမှာ က အပြိုင် အဆိုင် များ တယ် အလုပ်
ကို ပြိုင် ကြတယ်၊ နောက် အ၀တ် အစား ၊ လူနေ မှု အပြင် …ငါ့ ဘဲက ဘယ် လို …သူ့ ဘဲ က ဘယ်
လို စသည် ဖြင့် ပြိုင်ကြတယ်။ တစ်ချို့  အလုပ်လာလုပ် တဲ့ မြန်မာ ကောင် မလေး တွေ ဒီမှာ အဆင်
ပြေ ပြီး အိုင်တီ နယ်ထဲ မှာ ကျင်လယ် နေတဲ့ ဘဲ မိုက်မိုက် ကလေး တွေ ရရင် ဂုဏ်ရှိ တယ် လို့  ထင်
နေကြတယ်။ ကလပ် တွေ သွား ကြ ၊ ရွှေ တွေ စု ရပ် မှာ အချင်း ပြန်ကြွား ကြ နောက် ပြတ် လို့ ရှိ
ရင် ရှက် ပြီး အလုပ် တွေ မဆင်း နိုင် ၊ အလုပ် တွေ ပြုတ် ကြ တစ်ချို့ လည်း မြန်မာ ပြည်ကို ပြန်
လမ်းဘေး ရောက် သွား တာ တွေ လဲ ရှိ တယ် လို့  FNG ကို ပြောသည်။
ယခင် ကစင်္ကာပူရှိ မြန်မာ သံရုံး ၏ အခွန် နှစ်ထပ် စနစ် က လည်း စင်္ကာ ပူ ရောက် မြန်မာ တို့  ကို
ပိုပြီး ဖိစိးမှု ဖြစ်စေသည် ဟု သိရသည်။ “ကျွန်တော် တို့ က သက်ဆိုင်ရာ နိုင်ငံ အတွက် လည်း ဆောင်
ရတယ်။ မြန်မာ သံရုံး ကိုလည်း ဆောင်ရတယ်။ ရှာသမျှ ငွေ ဘာမှ မကျန် ဘူး ဟု ပြောသည်။မကျေ
နပ် လို့  မြန်မာ ပြည် ပြန် မယ် ဆို လဲ အလုပ် မရှိ ဘူး ” စင်္ကာပူ ရှိ သင်္ဘော ကျင်း တွင် တာဝန်ထမ်း
ဆောင် နေ သည့် ကို ဌေးဇော်ဦး က သူ၏ ခံစား ရမှု ကို ပြောသည်။
စင်္ကာပူ နိုင်ငံ တွင် အလုပ်လုပ် ကိုင် နေသည့် မြန်မာ အများစု မှာ မြန်မာ နိုင်ငံ ၏ လူလတ်တန်းစား
အလွှာ မှ အများဆုံး ဖြစ်ပြီး အများစု မှာ ၎င်း တို့  ၏ လုပ် ခ လစာ များ ကို မြန်မာ နိုင်ငံ ရှိ ဆွေ မျိုး
သားချင်း နှင့် မိဘ များ ထံ သို့  ပြန်လည် ပို့ ဆောင် ကြရ ပြီး အချို့ က မူ ၎င်း တို့ လာရောက် စဉ်က
ငွေချေး ငှား လာကြသည့် ဘဏ် များ နှင့် အကျိုးဆောင် ဧဂျင် စီ များ ကို ပြန်လည် ပေး ဆပ်ရ
သည်။
ငွေကြေး တတ် နိုင်စွာ လာရောက် သူ တို့  အတွက် အခက် အခဲ မရှိ သော် လည်း ငွေ ကြေး အဆင်
မပြေ မှု ကြောင့် ချို့  တဲ့ စွာ လာရ သူ များ မှ အခက် အခဲ အချို့ ကို ပို ရင်ဆိုင်ရ ပြီး ထိုကြုံတွေ့ ရမှု
များ ကို ခံနိုင်ရည် စွမ်း မရှိ သည့် အခါ ဒုက္ခရောက် ကြရသည် ။
စင်္ကာပူ နိုင်ငံ တွင် မြန်မာ စားသောက် ဆိုင် ဖွင့် လှစ် ထား သူ တစ်ဦးက ဒီမှာ ရောက်လာတဲ့ လူငယ်
တွေ မှာ တစ်ချို့  က အပျော်ဘက် ရောက် သွား ပြီး အသုံး အဖြုန်း များကြ ရာ ကနေ မဖြစ်သင့်တာ
တွေ ဖြစ်တယ်။ စင်္ကာ ပူ ထောင် ထဲ မှာ မြန်မာ တွေ ရှိတယ်၊ ဒီမှာ အဆင် မပြေ လို့  မလေးရှားဘက်
ကို စတေးရှောင် သွား တဲ့ သူ တွေ ရှိတယ်။
နိုင်ငံ ရပ်ခြား ဆိုတော့ ကိုယ့် မြန်မာ ပြည်လို မဟုတ် ဘူး ၊ သတိထားရတယ် ၊ အသွား မတော်တစ်
လှမ်း ပဲ ” သူက FNG သို့  ပြောသည်။
စင်္ကာပူ ရှိ မြန်မာ အသိုင်း အ၀ိုင်း တွင် လတ်တလော ဉ် ရေပန်း စား နေသည့် သတင်း မှာ တိုက်ပေါ်
မှ ခုန် ချကာ မိမိကိုယ် ကို သတ်သေသွား သည့် မရင်ငြိမ်းပွင့် ၏ သတင်း ပင် ဖြစ်သည်။
မရင်ငြိမ်းပွင့် ၏ သတင်း နှင့် ပတ်သက် ပြီး စင်္ကာပူ SAE ရှိ ကိုအောင် က ” ကြားတယ်ဗျာ၊ စိတ်မကောင်း
ဘူး ၊ ဒီမှာ က အခန်း တွေ ဌား ပြီး စု နေကြရတာ လေ တသီးပုဂ္ဂလ လွတ်လပ် မှု သိပ်မရှိဘူး ၊စိတ်
ညစ်ပြီ ဆိုရင် ပိုပြီး ညစ်ဖို့  ဘဲ ရှိတယ်။ ပျော်စရာ ရှိ ရင် လဲ ပို ပျော်ရတယ် ” ဟု သူ၏ စင်္ကာပူ အတွေ့ 
အကြုံ ကို ပြောပြသည်။
မြို့  ပြ ၏ မွန်းကျပ်မှု ဒဏ် မှာ အရှေ့ တောင် အာရှ နိုင်ငံ များ ဉ် စင်္ကာ ပူ သည် အဆိုးရွား ဆုံး ဖြစ်ပြီး
အထူး သဖြင့် မြန်မာ မိန်းကလေး ငယ် များ မှာ ကွဲပြား ခြားနား သော ယဉ်ကျေး မှု ၊ လုပ်ငန်းခွင်
ဖိ စီး မှု တို့  ၏ သားကောင် များ ဖြစ်ရသည်။
အချို့  က ထိုမွမ်းကျပ် မှု မှ လွတ်မြောက် ရန် တဒင်္ဂ သာ ယာ မှု များ နောက် လိုက်ရင်း မိမိ ကိုယ်
ကို လောင်မြိုက် ခံ သွား ကြ ရသည်။ စင်္ကာပူ ရှိ မြန်မာ ဘလောက်ဂါ တစ်ဦး ကမူ ” မရင် ငြိမ်းပွင့် ၏
သ တင်း က သူ တစ်ဦး တည်း ကို ကိုယ်စား ပြုတာ မဟုတ် ဘူး စင်္ကာ ပူ က မြန်မာ လူမျိုး တစ်ချို့ 
အထူး သဖြင့် မြန်မာ လူငယ်တွေ ရဲ့  ဘ၀ သရုပ် မှန် ပဲ ဟု သူ ၏ အမြင် ကို FNG သို့ ပြောသည်။
မြန်မာ နိုင်ငံ ကဲ့ သို့  ပင် နိုင်ငံရေး ရာသီဥတု မျိုး ဖြစ်သည့် စင်္ကာပူ သည် မြန်မာ လူငယ် တို့ အတွက်
လွတ်လပ် သည့် နေရာ တစ်ခု မဟုတ် ပဲ မိခင် တိုင်း ပြည်၏ ချွတ် ချုံ ကျသည့် စီးပွား ရေး ကြောင့်
ခရီး တစ်ထောက် နားရာ နေရာ ဖြစ်သည် ကို အစဉ် နှလုံး သွင်းထား ရမည် ဖြစ်သည်။

“စင်္ကာပူ သည် မြန်မာ လူငယ် တို့ အတွက်
လွတ်လပ် သည့် နေရာ တစ်ခု မဟုတ် ပဲ မိခင် တိုင်း ပြည်၏ ချွတ် ချုံ ကျသည့် စီးပွား ရေး ကြောင့်
ခရီး တစ်ထောက် နားရာ နေရာ”
တစ်ချို့ ကအဲ့လိုမတွေးဖြစ်ကျလို့ ပေါ့
Some are really true.
Some are exaggerating and from negative point of views.
The important things to consider are:
1. What is your life purpose?
2.What you value in life?
As long as you have wisdom, strong heart and spiritual foundation, you can survive in life whether you live in Myanmar or Overseas. If you concentrate too much on material possessions and material values, nobody can help you at the end of the day.We all are struggling to survive in different scenarios.
Human is human wherever you live.
A British and a Myanmar are the same.Their needs and desires are the same.
They are conditioned and grew up in different context.
Everybody can be trained to see in a particular context and form the same patterns in their brains if they are in the same context. It’s not strange . We must realize it. Share what you see .Compare and contrast the difference. Bridge the gaps whenever you can. Don’t look down upon your own country and fellow citizens. It’s not their fault. It’s the legacy of a wrong system and conditioning.
When you get a chance to stay in other countries, try to learn their systems and good examples.
After that, you contribute your knowledge, customize or localize that knowledge according to the situations of your country .Train others to see as you do.We will die one day. Give what you have and die empty!
ကြားရတာကတော့ စိတ်မကောင်းစရာပါဘဲ။ ယောက်ကျားလေးတွေ အနေနဲ့လဲ နှမချင်း ကိုယ်ချင်းစာဖို့ကောင်းတယ်။ နောက်လာမဲ့ ငယ်ရွယ်သူတွေက သူရဲကောင်း တစ်ယောက်လို၊ အတုယူစရာတစ်ခုလိုတော့ ဖြစ်မသွားစေချင်ဘူး။ ဆုံးမစာရေးတတ်သူတွေအနေနဲ့ ပညာသားပါပါ ထေက်ပြသင့်ပါတယ်။
မြန်မာပြည်ကလူငယ်တွေဟာ စိတ်တိုင်းကျ ကိုယ့်ဘ၀ ကိုယ့်ပညာနဲ့ ကိုယ်ပိုင်ရပ်တည်ချက်ကို မရွေးချယ်ကြရဘူး….ဖြစ်သင့်တာတွေကိုလိုက်ရောရလွန်းတော့ စိတ်ဖိစီးမှုအရမ်းများလာပြီး ဘ၀မှာရှင်သန်နေရတာမပျော်တော့ဘူး….စိတ်ပျက်လာတယ်
ကျနော်က တော့ မရောက်ဘူးပါဘူး ဒီလိုကြားရတာ ကိုယ့်လူမျိုး မိမိနိုင်ငံသားတစ်ယောက်
သူများနိုင်ငံမှာ ဆုံးရှုံးသွားတာ အတော်ကို စိတ်မကောင်းဖြစ်မိပါတတ်
နောက်ဒီလို အဖြစ်မျိုးမရှိပါစေနဲ့လို့ဆုတောင်းရင်း
နိုင်ငံခြားရောက် မြန်မာတွေ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပြီး
ပျော်ရွင် ကြပါစေ
မြန်မာနိုင်ငံသားတွေနဲ့ မြန်မာပြည်ဖွားအခြားနိုင်ငံသားတွေရဲ့ ဘဝဟာတော်တော်ကိုကွာခြားလှပါတယ်။ မြန်မာနိုင်ငံရဲ့ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်သလို၊ စိတ်ဓါတ်နဲ့ယဉ်ကျေးမှုပြဿနာလဲဖြစ်ပါတယ်။ အမေရိကန်သမ္မတ FDR ပြောသလို..ပြည်သူတွေဟာသူတို့နဲ့တန်တဲ့ အစိုးရတွေကိုရကြပါတယ်..ဆိုတာပေါ့။ မြန်မာပြည်မှာဖြစ်နေတဲ့ရောဂါတွေကို မြန်မာတွေမကုနိုင်တော့ပါ။ လက်တွေ့ကျကျနဲ့ မိမိတို့ မျိုးဆက်သစ်တွေရဲ့ ဘဝတွေအတွက် လုပ်ချင်ကြတာနဲ့ လုပ်သင့်တာကိုရွေးချယ်နိုင်ကြပါစေ။