အော်စကာ ရာသီ ရုပ်ရှင် ကားသစ်များ

Award Season လို့  ခေါ် တဲ့ အော်စကာ ဆု ၊ ရွှေကမ္ဘာ လုံး ဆု စတဲ့ အမေရိကန်
မှာ ရုပ်ရှင် ထူး ချွန် ဆု တွေ ပေး တဲ့  ရာ သီမှာ ဒီဆု တွေ ရရှိ ဖို့  အတွက် ရိုက်ကူးဖန်တီး ထား တဲ့
ရုပ်ရှင် ဇာတ်ကား တွေ အပြိုင် အဆိုင် ရုံဝင် လာ ကြ ပြီ ဖြစ်တယ်။  ဒီနှစ် မေလ လလယ် လောက်က ရုံတင်ပြ သ သွား တဲ့ ဒါရိုက်တာ ထာရန့် (စ) မာလစ် ( Thin Red Line) ရဲ့ 
The  Tree of Lifeဇာတ်ကား ဟာ ရုပ်ရှင် ထူး ချွန်ဆု တွေ နဲ့  ထိုက် တန် တယ် လို့  မှတ် ချက် ပေး
ကြ ပါတယ်။ ဒီဇာတ်ကား မှာ မင်းသား ဘရက်ပစ် ၊ ရှောင်ပန် တို့  ပါဝင် သရုပ်ဆောင် ထား ကြပါတယ်။

ဒါရိုက်တာ စတီဗီင် စပီးလ်ဘဂ် ရိုက်ကူး တဲ့ War Horse ဆိုတဲ့ ရုပ်ရှင် ကား က ဒီနှစ် အတွက်
အော်စကာ ဆုရမယ် လို့  အများ က ခန့် မှန်းထား တဲ့ ဇာတ် ကား ဖြစ်ပါတယ်။ နိုဝင်ဘာလလယ်
က နေ ဒီဇင် ဘာ လ အထိ အပြိုင် အဆိုင် ရုံ ၀င်လာ မယ့် ဇာတ်ကား တွေ က တော့ The Girl
With Dragon Tattoo, Hugo, Tin Tin, War Horse, Shame, Sleeping Beauty, Twilight
Saga : Breaking Dawn စတဲဇာတ်ကား တွေ ဖြစ်ပါတယ်။

The Girl With Dragon Tattoo 

ကွယ်လွန် ပြီးတော့ မှ နာ မည်ကျော် ခဲ့ တဲ့ ဆွီဒင် စာရေး ဆရာ စတိဂ် လာဆန် ရဲ့  Millennium
စီးရီး ထဲက The Girl With Dragon Tattoo ဆိုတဲ့ ၀တ္ထု ဇာတ်လမ်း ကို ရုပ်ရှင် အဖြစ် ရိုက်ကူး
ထားတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် က  ဆွီဒင်မှာ ဒီရုပ်ရှင် ကား ကို ဇာတ်လမ်း သုံး တွဲ အနေဖြင့်
ရိုက် ကူး ခဲ့တာ အလွန် အောင် မြင် ခဲ့ ပါတယ်။

 Seven (1995The Game (1997) Fight Club (1999)  Panic Room (2002)Zodiac (2007)
The Curious Case of Benjamin Button (2008) The Social Network (2010) စတဲ့ ဇာတ်ကား
တွေ ကို ရိုက်ကူး ခဲ့ တဲ့ ဒါရိုက်တာ ဒေးဗစ် ဖန်ရှာ က ဂျိမ်း(စ)ဘွန်း မင်းသား ဒယ်နီယလ် ခရေ့ ၊ ရွန်
နီ မာရာ ၊ စတယ်လာ စကာဂဒ် တို့  နဲ့  ပြန်လည် ဆန်း သစ်ထား ပါတယ်။ ဒီဇင်ဘာလ ၂၁ ရက်နေ့ 
မှ ရုံ တင် ပြသ မှာ ဖြစ်ပါတယ်။

New Year’s Eve


Pretty Woman နဲ့  Valentine’s Day ရုပ်ရှင် ကား တွေ ကို ရိုက်ကူး ခဲ့တဲ့ ဒါရိုက်တာ ဂယ်ရီ မာရှယ် ရဲ့  ဇာတ်ကား
သစ်ဖြစ်ပါတယ်။ ဒီဇာတ်ကား ဟာ နယူးယောက် မြို့  ရဲ့  နှစ်သစ် ကူး အကြို ည ဆွတ်ပျံ့  ဖွယ်ရာ ဇတ် လမ်း ကို အခြေ
ခံထား တာ ဖြစ်ပြီး နာမည် ကျော် သရုပ် ဆောင် တွေ ဖြစ်တဲ့ ဆာရာ ဂျက်ဆီကာ ပတ်ကား ၊ ဟီလာရီ ဆွန့် ခ် ၊ ဆိုဖီယာ
ဗီရာဂါ ၊ ကတ်သရင်း ဟေဂယ် ၊ ဂျက်ဆီကာ ဘီလ်း ၊ ဟယ်လီ ဘာရီ နဲ့  ဘွန် ဂျိုဗီ တို့  ပါဝင် သရုပ် ဆောင် ထား ပါတယ်။

The Adventures of   Tin Tin

ဒါရိုက်တာ စတီဗင် စပီးလ်ဘဂ် ရိုက်ကူးပြီး ဒါရိုက်တာ ပီတာ ဂျက်ဆင်က ပရိုဂျူဆာအဖြစ် ထုတ်လုက် တင်
ဆက်ထား တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ လူငယ် သတင်း ထောက် တင်တင် နဲ့ သူ့ ခွေး တင်တင် တို့ စွန့်  စား မှု
ကို တွေ့ ရမှာ ဖြစ်ပါတယ်။ ဒါရိုက်တာ စတီဗင် စပီးလ်ဘဂ် ဟာ သီတင်း တစ်ပတ် ထဲ မှာ ရုပ်ရှင် ကား နှစ် ကား
ကို ပြိုင် တူ ရုံ တင် ပြ သ မှာ ဖြစ်ပြီး War Horse ဇာတ် ကား က လည်း သူ ရိုက် ကူး ထား တာ ဖြစ်ပါတယ်။

Sherlock Holmes: A Game of Shadows

ဒါရိုက်တာ ဂိုင်းရစ် ချီ ရိုက် ကူးပြီး ရောဘတ် ဒေါင်းနေ ဂျူနီယာ၊ ဂျူလော ၊ နာအိုမီ ရာပေ့စ် ( The Girl With Dragon Tattoo)
တို့ ပါ ၀င် သရုပ်ဆောင် ထား တဲ့ ရှားလော့ ဟုမ်း ဇာတ်ကား သစ် ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် က ရုံ တင် ပြသခဲ့တဲ့ ရှားလော့
ဟုမ်း ဇာတ် ကား ဟာ လူကြိုက်များ ခဲ့ လို့  ဒီဇာတ်ကား ကို ထပ်မံ ရိုက်ကူးတာ ဖြစ်ပါတယ်။