Updated| ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး သည် ပင်လယ်ကွေ့ နိုင်ငံ များ ပူးပေါင်း
ဆောင်ရွက် ရေး ကောင်စီ ၏ ကြားဝင် စေ့စပ် ပေး ချက် အရ သူ၏ သမ္မတ ရာထူး ကို ဒုသမ္မ
တ အား လွှဲပြောင်း ပေး ပြီး ရာ ထူး မှ နှုတ် ထွက် ရန် သဘော တူလိုက်သည်။
အလီ အဗ္ဗဒူလာ ဆာလေး သည် ပြည်သူ လုထု ၏ ဖိအား ကြောင့် လက်ရှိ ရာထူး မှ ဆင်းပေး
ရသည့် စတုတ္ထ မြောက် အာရပ် ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တူနီးရှား သမ္မတ ဘင်အလီ၊
အီဂျစ် သမ္မတ ဟိုစနီ မူဘာရက် ၊ လစ်ဗျား ခေါင်းဆောင် ဗိုလ်မှုးကြီး ကဒါဖီ တို့  သည် ၎င်း တို့ 
၏ ပြည်သူ လူထု မှ ဆန့် ကျင် မှု များ ကြောင့် နှစ် ပေါင်းများ စွာ ချုပ် ကိုင် ထား သည့် နိုင်ငံရေး
အာဏာ များ ကို လက်လွှတ် ခဲ့ ရသည်။
လအတန်ကြာ ပြည်သူ လူထု နှင့် စစ်တပ်၏ ဆန့် ကျင် ကန့် ကွက် မှု ကို ရင် ဆိုင် နေရသည့်
ယီမင် သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး သည့် ပင်လယ်ကွေ့  နိုင်ငံ များ ပူးပေါင်း ဆောင်ရွက်
ရေးကောင်စီ ၏ ကမ ကထ ပြု မှု ဖြင့် အာဏာလွှဲပြောင်း ပေး ရန် ဆွေးနွေး ပွဲ အတွက် ဗုဒ္ဓဟူး
နေ့  နံနက် အစော ပိုင်း တွင် ဆော်ဒီ အာရေးဗီးယား နိုင်ငံ ရီယာဒ် မြို့  သို့ ရောက် ရှိ ကြောင်း
ယီမင် ရုပ်သံ များ မှ ထုတ် လွှင့် သွား ခဲ့ သည်။
ဝါရှင်တန် ရှိ ယီမင် သံရုံး မှ ပြောခွင့် ရ ပုဂ္ဂိုလ် မိုဟာမက် အဘာရှာက ယီမင် သမ္မတ က နှုတ်ထွက်
ပေး ရန် အစီ အစဉ် ကို လက်ခံ မှု သည် ယီမင် နိုင်ငံ ၏ ပဋိပက္ခ များ ကို ချုပ် ငြိမ်း စေနိုင် မည်
ဟု ထင် မြင် သည် ဟု CNN သတင်း ကို ပြောသည်။
ဇွန်လ ဆန်းက လက်နက် ကိုင် တပ်ဖွဲ့  များ ၏ သမ္မတ နန်း တော် ကို ၀င်ရောက် စီးနင်း မှု ဖြစ်စဉ်
အတွင်း ဒဏ်ရာ ပြင်းထန် စွာ ရရှိခဲ့သည့် ယီမင် သမ္မတ အလီ အဗ္ဗဒူလ် လာဆာလေး သည်
ဆော်ဒီအာ ရေးဗီးယား နိုင်ငံ ရီယာဒ် မြို့ သို့ ဆေးကုန် ရန် ရောက် ရှိ ခဲ့ ပြီး နောက် ယီမင် သို့ 
ပြန်လည် ရောက် ရှိ ချိန် တွင် ရာထူး ကို မကြာခင် စွန့် လွှတ်မည် ဟု ကြေငြာခဲ့ သည်။
ယီမင် ရှိ မည်သည့် နိုင်ငံ ရေး အဖွဲ့  အစည်း နှင့် အာဏာလွှဲပြောင်းရေး ဆွေး နွေး မည် ဆိုသည်
ကို မူ တိတိကျကျ ထုတ် ဖော် ပြောကြား ခြင်း မရှိ ဟု သိရသည်။
ဆာလေး ၏ ၃၃ နှစ်ကြာ ယီမင် နိုင်ငံ ကို အုပ်ချုပ် နေ မှု အား ပြည်သူများ က ဆန့် ကျင် ကန့် 
ကွက် နေ ရာ ဆယ်လ ကျော် ကြာမြင့် ပြီ ဖြစ်ပြီး ဆာလေး ၏ သစ္စာ ခံ များ နှိပ် ကွက် မှုကြောင့်
ဆန္ဒ ပြသူ ရာ နှင့် သေဆုံး ပြီး ဖြစ်သည်။
Yemen

I would like to invite you all to come and listen Myanmar Music Online. I have a lot Myanmar Songs and Myanmar Mp3 collected on my site.
Myanmar Online Music: http://www.myanmaronlinemusic.com/
Thanks a lot!!