ညီထွေး၊ ၊သမ္မတ ဟိုဟနီ မူဘာရက် အာဏာလွှဲ ပြီး ကတည်း က အီဂျစ် နိုင်ငံ မှာ တိုင်းပြည်
အာဏာ ကိုထိမ်းချုပ် ထား တဲ့ အဖွဲ့  ဖြစ်တဲ့ အီဂျစ် စစ်ကောင်စီ က ယခင် သမ္မတ ဟောင်း
လက်ထက် ၁၉၉၀ပြည့် လွန် နှစ် တွေ မှာ ၀န် ကြီး ချုပ် အဖြစ် တာဝန် ယူ ခဲ့ ဖူး သူကို ၀န်ကြီး
ချုပ် အဖြစ် ပြန်လည်ခန့် အပ် ခဲ့ ပါတယ်။
သမ္မတ ဟိုစနီ မူဘာရက် လက်ထက် ၁၉၉၆ ခုနှစ် ကနေ၁၉၉၉ ခုနှစ် အောက် တိုဘာ လ အထိ
ဝန်ကြီးချုပ် တာဝန် ထမ်းဆောင် ဖူး တဲ့ ကမာလ်း ဂန်ဇိုရီ ဟာ အမေရိကန် နိုင်ငံ မီချီဂန် တက္က
သိုလ် မှာ ကနေ ဘွဲ့  လွန် ဒေါက်တာ ဘွဲ့  ရရှိ ခဲ့ သူ တစ်ဦးဖြစ်ပြီး အာဖရိက ဖွံ့ ဖြိုး မှု အာရပ်ဘဏ်
အကြံပေး နဲ့  အီဂျစ် အစိုးရ နဲ့  အရပ် ဘက် အဖွဲ့  တွေ မှာ အဆင့် မြင့် ရာထူး တာဝန် တွေ ထမ်း
ဆောင် ခဲ့ သူ တစ်ဦး ဖြစ်ပါတယ်။
အီဂျစ် စစ်ကောင်စီ က ဒီနေ့  မနက် အစော ပိုင်း မှာ ဆန္ဒပြသူ တွေ သေဆုံး ရမှု အတွက် တောင်း
ပန် ခဲ့ ပါတယ်။ ဆန္ဒပြ မှု တွေ အတွင်း မှာ ယနေ့  အထိ ၃၈ ဦး သေဆုံး ခဲ့ ပြီး တစ်ထောင် ကျော်
ဒဏ် ရာရရှိ ခဲ့ ပါတယ်။
ကိုင်ရို က အမေရိကန် တက္ကသိုလ် မှာ ပညာသင်ကြား နေစဉ် အတွင်း ဆန္ဒပြ မှု မှာ ပါဝင် တဲ့
ကျောင်းသား သုံး ဦး ကိုလည်းပြန်လည် လွှတ်ပေး ဖို့  အတွက် အမေရိကန် သံ တမန် တွေ ဟာ
အီဂျစ် အာဏာပိုင် တွေ နဲ့  တွေ့ ဆုံ ညှို နှိုင်း နေပါတယ်။
ကမာလ်း ဂန်ဇိုရီ ဟာ လွှတ်တော် ရဲ့  နောက်ဆုံး အစည်း အဝေး တွေ ပြီး သွား တဲ့ ဇန်န၀ါရီ လ
၁၀ ရက် နေ့ အထိ တာဝန် ထမ်းဆောင် ရမှာ ဖြစ်ပြီး လွှတ်တော်က ဆက်ပြီး သူ့  ကို ၀န်ကြီးချုပ်
လုပ် ဖို့  ဆက် လက် အတည် ပြု ရင် သမ္မတ ရွေးကောက် ပွဲ အထိ တာဝန် ထမ်းဆောင် ရမှာ
ဖြစ်ပါတယ်။
အီဂျစ် စစ်ကောင် အကြီးအကဲ လေတပ် ဗိုလ်ချုပ်ကြီး မိုဟာမက် ဟူစိန် တန်တာဝီ နဲ့  သူ ဒီနေ့ 
တွေ့  ဆုံ ခဲ့ ပြီး ရာထူး တာဝန် ထမ်းဆောင် ဖို့  သဘော တူ ခဲ့ ပါတယ်။
ကမာလ်း ဂန်ဇိုရီ ၀န်ကြီး ချုပ် ရာထူး တာဝန် ကို ထမ်းဆောင် ပြီလို့  အီဂျစ် စစ်တပ် ပြောခွင့်ရ
ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှုးကြီး အမာ အိုင်မန် က သတင်း ထောက် တွေ ကို ပြောပါတယ်။
အီဂျစ် နိုင်ငံ တ၀ှမ်းမှာ ဆန္ဒပြ မှု တွေ ထပ်မံ ပေါ်ပေါက် လျှက် ရှိ ပြီး အခြေအနေ တည်ငြိမ်
မှု မရှိ ဘူး လို့  အီဂျစ် နိုင်ငံ အလုပ်သမား သမဂ္ဂ အဖွဲ့  ၀င် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ အိုရမ်
ဆူလေမန် က Freedom News ကို ပြောပါတယ်။
အာဏာ ကို ကာလရှည် စွာ ကိုင် ဆွဲ ထားတာ ဟာ “ကျိန်စာ” ဖြစ်ပြီး အဲဒါမလွတ်မြောက် နိုင်
ဘူးလို့  အီဂျစ် စစ်တပ် ကယနေ ပြော ကြား လိုက် ပါတယ်။ အီဂျစ် စစ်တပ် ဟာ အမြန် ဆုံး
အာဏာ လွှဲပေး မှာ ဖြစ်ပြီး ချက်ခြင်း ကတော့ မဖြစ် နိုင်ဘူး လို့  အီဂျစ် စစ်တပ် ခေါင်းဆောင်
ပိုင်း တွေ က အီဂျစ် ရုပ် သံ နဲ့  ရေဒီယို သတင်း သတင်း အစီ အစဉ် တွေ ကို ပြောပါတယ်။
မြို့ တော် ကိုင်ရို က တာဟီရ်ရာ ရင် ပြင် မှာ ဆန္ဒပြ နေသူ တွေ ကတော့ အီဂျစ် စစ်တပ် ဟာ
ပြန်လည် လက် စား ချေရေး ဗျူဟာ ကို ကျင့် သုံး နေ တယ် လို့ စွပ်ဆွဲ ထားပါတယ်။
ဒီနေ့  ပြန်လွတ် လာတဲ့ အီဂျစ် နိုင်ငံ ဖွား အမေရိကန် နိုင်ငံ သား ရိုက်တာ သတင်းထောက်
ဟောင်း နဲ့  အာရပ် အရေး လှုပ်ရှား သူ မိုနာ အယ်(လ) သာဝီ က သူ့  ကို အီဂျစ် လုံခြုံရေး
တပ်ဖွဲ့  ၀င် တွေ က ဖမ်းဆီး ပြီး အီဂျစ် ရဲ တပ် ဖွဲ့  က ရိုက် နှက် မှု ကြောင့် လက် ကျိုး ခဲ့ရ
ပြီး ၊ သူ့  ကို ပြည်ထဲရေး ၀န်ကြီး ဌာန က ထောက်လှမ်း ရေး တပ် ဆွယ် တစ်ခု မှာ ဖမ်းဆီး
ထားစဉ် တာဝန် ကျ အရာ ရှိ တွေ က နှမ သားချင်း မစာနာ လိင်ပိုင်း ဆိုင်ရာ ပြောဆို ခဲ့ တယ်
လို့  The Guardian သတင်း စာ ကို ပြောပါတယ်။
Related articles
- Egypt military ‘appoints new PM’ (bbc.co.uk)
- Egypt Protests: Scenes From Day Six (huffingtonpost.com)
- Egypt’s generals defy Tahrir protests over elections (guardian.co.uk)
