Black Friday လျှော့ဈေး ရောင်း ချ မှု မှာ ၀ယ်လို အားတွေ ပိုတက်လာ

နှစ်စဉ် နှစ် တိုင်း Thanksgiving ပွဲ တော် အပြီး သောကြာနေ့ တွင် Black Friday ဆိုသည့်
အမဲရောင် သောကြာတွင် Door Buster ဟု ခေါ်သည့် လျှော့ ဈေး များ ဖြင့် Walmart,
Best Buy, Target, Macy စသည့် စတိုး ဆိုင် များ  က ကုန် ပစ္စည်း များ ကိုလျှော့ဈေး
ဖြင့် ရောင်း ချရာ ယခုနှစ် တွင် ယခင် နှစ်များထက်  ဈေးဝယ်သူများ ဖြင့် စည်ကား နေသည်
ဟု ၀ါရှင်တန် ရှိ Walmart စတိုး တွင် တာဝန် ထမ်းဆောင် နေ သည့် ကိုမြတ်မင်းစိုး က FNG
သို့  ပြောသည်။

Thanksgiving Day လို့  ခေါ် တဲ့ ကျေးဇူးတော် နေ့  အခမ်းအနား ကို အမေရိကန် တ၀ှမ်း မှာ
ဒီနေ့  ကျင်း ပ နေကြ ပြီ ဖြစ်ပါတယ်။ အာဖဂန် နစ္စတန် ၊ အီရတ် နဲ့  ကူဝိတ် မှာ ရှိ တဲ့ ရှေ့ တန်း
စစ်မြေပြင် ရောက် တပ် သား တွေ က လည်း သူ တို့  နောက် တန်း မပြန် ခင် မှာ နောက် ဆုံး
အမှတ် တရ ကျေးဇူး တော် နေ့ ကို ကျင်းပ နေကြပါတယ်။

အမေရိကတိုက် ကို ဥရောပ ကနေ  ပြောင်းရွေ့  အခြေချလာ ကြ တဲ့ သူ တွေ ဟာ သူတို့ ကို
လုံခြုံစိတ်ချတဲ့ ကမ္ဘာသစ် ကို ပို့  ဆောင် ပေး တော် မူ တဲ့ ဘုရား သခင် ကို ကျေးဇူး တင်တဲ့
အနေ နဲ့  ဒေသခံ နဲ့  ဌာနေ တွေ ကို အစား အသောက် တွေ ကျွေးမွေး တဲ့ အခမ်းအနား တွေ
က နေ Thanksgiving ဆိုပြီး ပေါ် ပေါက် လာတာ ဖြစ်ပါတယ်။

ကျေးဇူးတော် နေ့ ကို အမေရိကန် နိုင်ငံ မှာ နှစ် စဉ် နိုဝင်ဘာလ စတ္ထုထ ပတ် ရဲ့  ကြာသပတေး
နေ့  မှာ ကျင်းပ ကြ ပါတယ်။

အမေရိကန် သမ္မတ ဂျွန် အက်(ဖ) က နေဒီ က သူ တာဝန် ထမ်းဆောင် နေစဉ် အတွင်း ကျေး
ဇူးတော် နေ့  အတွက် ရည်ရွယ် ပြီး မွေးထား တဲ့ ကြက်ဆင် (Turkey) ကြီး ကို လွှတ် ပေး လိုက်
သလို့  လက်ရှိ အမေရိကန် သမ္မတ အိုဘား မား က လည်း သူ့ သက်တမ်း အတွင်း မှာ ကြက်
ဆင် ကို ၃ နှစ် ဆက် တိုက် လွှတ်ပေး ပြီး ဖြစ်ပါတယ်။