အဖွဲ့  ၀င် ၂၂ နှစ် နိုင်ငံ ပါရှိ တဲ့ အာရပ် အဖွဲ့ ချုပ် က ဆီးရီယား နိုင်ငံ ကို ဒဏ်ခတ် အရေး ယူမှု
တွေ စတင် လိုက် ပြီ ဖြစ်ပါတယ်။ မတ်လ နှောင်း ပိုင်း ကတည်း က စတင် ခဲ့ တဲ့ နိုင်ငံ တွင်း ဆူ
ပူ အုံကြွ မှု တွေ မှာ ဆီးရီးယား အစိုး ရ ဆန္ဒပြ သူ ၃၅၀၀ ကျော် ကို သတ် ဖြတ် ခဲ့ ပြီး နောက်
မှာ ဒီအရေး ယူဖို့  ဆုံးဖြတ် ချက် ကို ချမှတ် ခဲ့ တာ ဖြစ်ပါတယ်။
ဒဏ်ခတ် အရေး ယူမှု အရ ဆီးရီးယား နိုင်ငံ နဲ့  ဆက်သွယ် နေတဲ့ လေကြောင်း လိုင်း တွေ အပါ
အ၀င်၊ အဆင့် မြင့် ဆီးရီးယား အရာရှိ တွေ လည်ပတ် ခွင့် နဲ့  ဆီးရီးယား ဗဟိုဘဏ် နဲ့  ဆက်စပ်
တဲ့ လုပ်ဆောင် မှု တွေ ဖြတ် တောက် ဖို့  ပါ ပါဝင်ပါတယ်။
နိုင်ငံ တကာ နဲ့  အာရပ် အဖွဲ့ ချုပ် တွေ က အရေးယူ ပိတ် ဆို့  နေပေမယ့် ဆီးရီယား နိုင်ငံ ထဲက
လူထု အုံကြွ မှု တွေ ကို သမ္မတ ဘာရှား အာဆတ် ကို သစ္စာ ခံ တဲ့ တပ် တွေ က ဆက်လက်
တိုက် ခိုက် နေဆဲ ဖြစ်ပါတယ်။
ဆီးရီးယား နိုင်ငံခြား ရေး ၀န်ကြီး ကတော့ အာရပ် အဖွဲ့ ချုပ် ရဲ့  အရေးယူ ပိတ် ဆို့  မှု ဟာ တိုင်း
ပြည်ကို ပိုပြီး မငြိမ် မသက် ဖြစ်အောင် လုပ်တာ လို့  စွပ် ဆွဲ ထား ပါတယ်။
ဒီဆုံးဖြတ် ချက် ကို အာရပ် အဖွဲ့  ချုပ် အဖွဲ့  ၀င် ၂၂ နိုင်ငံ အနက် ၁၉ နိုင်ငံ က ထောက်ခံမဲပေး
ခဲ့ ကြပါတယ်။ ဒီဆုံးဖြတ် ချက် မှာ အာရပ် အဖွဲ့ ချုပ် က ဆီးရီးယား နိုင်ငံ ကို ပေး အပ် နေတဲ့
ငွေကြေး ဆိုင် ရာ ထောက်ပံ့ မှု တွေ ကို ပါ ရပ် ဆိုင်း ဖို့  ဆုံးဖြတ် ချက် လည်း ပါဝင်ပါတယ်။
အမေရိကန် နဲ့  ဥရောပ သမဂ္ဂ ၀င် နိုင်ငံ တွေ က ဆီးရီယား နိုင်ငံ ကို အရေးယူပိတ် ဆို့ ထားပြီး
ဖြစ်ပါတယ်။ အခု တစ်ပတ် အတွင်း ဖြစ်ပွား ခဲ့ တဲ့ ဆန္ဒပြ ပွဲ တွေ မှာ ကလေး ၁၀ ဦးလောက် ထိ
အသတ် ခံရတယ် လို့  ဆီးရီးယား က လာတဲ့ သတင်း တွေ မှာ ဖော်ပြ ထား ပါတယ်။
ဆီးရီးယား နိုင်ငံ ကို အရေး ယူပိတ် ဆို့  ဖို့  အာရပ် အဖွဲ့ ချုပ် ရဲ့  ထိပ် သီး အစည်း အဝေး ကို
စစ်ကောင်စီ ကို ဆန့် ကျင် တဲ့ ဆန္ဒပြ မှု တွေ ဖြစ်ပွား နေတဲ့ အီဂျစ် နိုင်ငံ ကိုင် ရို မြို့  မှာ ကျင်း
ပတာ ဖြစ်ပါတယ်။
အာရပ် အဖွဲ့  ချုပ် အနေနဲ့  ဆီးရီးယား နိုင်ငံ ကို အရေး ယူမှု ဟာ အဖွဲ့  ၀င် နိုင်ငံ တစ် နိုင်ငံ ကို
ပထမ ဦးဆုံး အရေးယူ တာ ဖြစ်ပါတယ်။
ညီထွေး ကိုင်ရို မှ နေ၍ FNG အတွက် သတင်း ပေး ပို့ သည်။
