ပါကစ္စတန် မြေထဲ က အမေရိကန် ထွက်ခွာ ဖို့ တောင်းဆို (Update)

အမေရိကန် ဦးဆောင် တဲ့ နေတိုး တပ်ဖွဲ့  က တိုက်ခိုက်ရေး ရဟတ်ယာဉ် တွေ က ပါကစ္စတန်
နယ်မြေ ပိုင် နက် ကို ၀င်ရောက် တိုက် ခိုက် မှု ကြောင့် နယ်ခြား စောင့်တပ်က စစ်သား နှစ် ဒါ
ဇင် ကျော် ကျဆုံး ပြီး နောက် နှစ် နိုင်ငံ ဆက် ဆံရေး ပိုပြီး တင်းမာ လာခဲ့ ပါတယ်။

ပါကစ္စတန် ၀န်ကြီးချုပ် ယူစွဖ် ဂါဇာ ဂီလာနီ ရဲ့  အစိုးရ အဖွဲ့  က ဆုံးဖြတ် ချက် အရ ပါကစ္စတန်
တပ် ကနေ အာဖဂန် နစ္စတန် ထဲ ကို သယ်ပို့  နေတဲ့ လက်နက် / ရိက္ခာစတဲ့  ထောက်ပို့  လမ်း
ကြောင်း တွေ ကို ဖြတ် တောက် ထား လိုက် ပြီး ပါကစ္စတန် နိုင်ငံ ထဲ က လေတပ် စခန်း လေ
ယာဉ် ကွင်း တွေ မှာ အခြေစိုက် တဲ့ အမေရိကန် လေတပ် လေယာဉ် တွေ ကို ပါ အမြန်ဆုံး ဖယ်
ရှားပေး ဖို့ တောင်း ဆိုထား ပါတယ်။

ပါကစ္စတန် စစ်တပ် ရဲ့  ရှေ့ တန်း စစ်ဆေးရေး စခန်း  ကို တိုက် ခိုက်မှု ဟာ ပါကစ္စတန် နိုင်ငံရဲ့ 
အချုပ် အခြာ အာဏာ ကို ထိပါးတာ ဖြစ်ပြီး နိုင်ငံ တကာ ဥပဒေ တွေ ကို ချိုးဖောက်တာ လို့ 
စစ်တပ် က ထုတ် ပြန် တဲ့ ကြေငြာ ချက် မှာ ဖော် ပြထား ပါတယ်။

၂၀၀၁ ခုနှစ် အမေရိကန် နိုင်ငံ က အာဖဂန် နစ္စတန် မှာ အခြေစိုက်တဲ့ အယ်(လ)ကားယီးဒါး
အကြမ်းဖက် အဖွဲ့  နဲ့  တာလီဘန် တွေ ကို ဖယ်ရှား တဲ့ စစ်ဆင်ရေး စတင် ကတည်း က ပါကစ္စ
တန် ဟာ နှစ် စဉ် အမေရိကန် ဆီက စစ်လက်နက် ၊ နည်းပညာ နဲ့  ငွေကြေး အကူအညီ ရရှိခဲ့
ပါတယ်။

ယခုနှစ် မေလ က က ပါကစ္စတန် နိုင်ငံ ထဲ မှာ ပုန်းအောင်း နေတဲ့ အယ်(လ)ကားယီးဒါး
အကြမ်းဖက် ကွန်ယက် ခေါင်းဆောင် အိုစမာဘင်လာဒင် ကို အမေရိကန် က ပါကစ္စတန်နယ်
မြေထဲ ၀င်ရောက် ပြီး သုတ်သင် လိုက် ကတည်းက အမေရိကန် နဲ့  ပါကစ္စတန် ဆက်ဆံရေး
တင်းမာ လာခဲ့ ပါတယ်။

ပါကစ္စတန် နိုင်ငံ ဘလူချီစတန် ပြည်နယ် ထဲ က လေတပ် စခန်း တွေ မှာ အမေရိကန် နဲ့ 
နေ တိုး တပ် ဖွဲ့  လေယာဉ် တွေစခန်း ချထား ပါတယ်။

အမေရိကန် နဲ့  နိုင်ငံစုံ တပ်ဖွဲ့  ကတာဝန် ရှိ သူ တွေ ကတော့ ဒီတိုက် ခိုက် မှု နဲ့  ပတ်သက်ပြီး
စုံစမ်း စစ်ဆေး ပေး မယ် လို့  ကတိပေးထားပါတယ်။

အာဖဂန် နစ္စတန် နိုင်ငံ က တာဝန်ရှိ သူ တွေ ရဲ့  စုံစမ်းချက် အရ နေတိုး တိုက်ခိုက်ရေး ရဟတ်
ယာဉ်တွေ ကို ပါကစ္စတန် က စတင် ပစ်ခတ် တာ လို့  ဆိုပါတယ်။ ပါကစ္စတန် စစ်သား ၂၄ယောက်
ကျဆုံးတဲ့ နေရာနဲ့  အနီးဆုံး အာဖဂန် နစ္စတန် ဘက်အခြမ်း မှာ တပ်ဆွဲထား တဲ့ စစ်စခန်း တစ်ခု
က စစ်သား တွေ ၊ အရာ ရှိ တွေ က သူတို့  မျက် မြင် တွေ့ ရတာ ကို ပြောတာ ဖြစ်ပါတယ်။

ကရာချိ ၊ အစ္စလာမာဘတ် အပါ အ၀င် ပါကစ္စတန် မြို့ တော် တွေ မှာ အမေရိကန် ဆန့် ကျင်တဲ့
ဆန္ဒပြ မှု တွေ ဖြစ်ပွား နေ ပြီး အစ္စလာမ် အစွန်း ရောက် အဖွဲ့  တွေ ကတော့ အစိုးရ အနေနဲ့ ဒီ
ထက် ပို ပြီး အမေရိကန် ကို ဖိအားပေး ဖို့  လိုနေတယ် လို့  ဆိုပါတယ်။

ကျဆုံး သွားတဲ့ စစ်သား ၂၄ ယောက် ရဲ့ အလောင်း ကို ဒီနေ့  နိုင်ငံ အနောက်မြောက်ပိုင်း
ပါရှ်ဝါ မြို့  က စစ်စခန်း တစ်ခု မှာမြုပ် နှံ လိုက်ပြီ ဖြစ်ပါတယ်။ ဒီအခမ်း အနား ကို ပါကစ္စတန်
ကြီးတပ် အကြီး အကဲ ဗိုလ်ချုပ်ကြီး Ashfaq Pervez Kayani တက်ရောက် ခဲ့ ပါတယ်။

နေတိုး အဖွဲ့  အတွင်း ရေး မှုး ချုပ် ပါကစ္စတန် စစ်သား တွေ သေဆုံး ရ မှု အပေါ် မှာ တောင်း
ပန် စကား ဆို ခဲ့ ပြီး အမြန်ဆုံး စုံ စမ်း စစ်ဆေး ပေး ပါ့မယ် လို့  ပြော ဆို ထားပါတယ်။

ပါကစ္စတန် က နေတိုး တပ်ဖွဲ့ အတွက် ထောက်ပို့ လမ်းကြောင်း များ ဖြတ်တောက်ထားသဖြင့် ပါကစ္စတန် နယ်စပ် တွင် စုပြုံနေသည့် ကားတန်းများ REUTERS/Shahid Shinwari

NATO leave airbase
Read more: http://www.foxnews.com/politics/2011/11/26/deadly-border-strike-inflames-tensions-between-us-pakistan/#ixzz1esb6xJql