ဟီလာရီ ကလင်တန် ခရီးစဉ် အတွက် လုံခြုံရေး တင်းကျပ်ထား

မြန်မာ နိုင်ငံ ကို မနက် ဖြန် မှာ လာရောက် လည် ပတ်မယ့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီ
လာရီ ကလင်တန် ခရီးစဉ် အတွက် ရန်ကုန် နဲ့  နေပြည်တော် မြို့ တွေ မှာ လုံခြုံရေး အထူးတင်း
ကျပ် ထား တယ် လို့  သိရပါတယ်။ ရန်ကုန် မြို့  နဲ့  နေပြည်တော် မြို့  ရဲ့  လုံခြုံရေး ကို ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး လှဌေးဝင်း ကိုယ်တိုင် ဦးဆောင် စီမံ ခန့် ခွဲ နေတာ
ဖြစ်တယ်လို့  FNG က သတင်း ရရှိ ပါတယ်။

ရန်ကုန်မြို့  က ရဲစခန်း အချို့  ကတော့ ဟီလာရီ ကလင်တန် ရဲ့  ခရီးစဉ် လုံခြုံရေး အတွက် ဟု
အကြောင်း ပြ ကာ ရာဇ၀တ် မှု နဲ့  ထောင်ကျ ခဲ့ ဖူး သူ တွေ ကို လိုက်လံ ဖမ်းဆီး တာ တို့ ခြေ
ချုပ် ခံ ၀န် ချက် လုပ် တာတို့  ရှိ နေတယ် လို့  သိရ ပါတယ်။

တောင်ဥက္ကလာပ မြို့ နယ် မှာ ရာဇ၀တ် မှု နဲ့  ထောင်ကျ ခဲ့ ဖူး သူ တစ်ဦး လုံခြုံရေး အရ ဟု
အကြောင်း ပြ ကာ တစ်ပတ် ခန့် အချုပ် ထဲ မှာ နေဖို့  ရဲ ကဖမ်းဆီး သွား ပေမယ့် မိသားစု က
ငွေ သုံး သိန်း လိုက်ပေး နိုင်လို့  အချုပ် ကနေ လွတ် ပြီး ခြေချုပ် လက်မှတ် ထိုး ဖို့  ပြောင်း လဲ
ပေး ခဲ့ တယ် လို့  သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီ လာရီ ကလင်တန် ရဲ့  မြန်မာ ပြည် ခရီးစဉ် ဟာ ကြိုတင်
ကြေငြာ ပြီး လာရောက် လည် ပတ် တာ ဖြစ်ကြောင်း အီဂျစ် နဲ့  လစ်ဗျား နိုင်ငံ တွေ ထက် ပိုပြီး
လုံခြုံ စိတ် ချ ရတဲ့ အခြေ အနေ ရှိတယ် လို့  ရန်ကုန် မြို့  က တပ်မတော် အရာ ရှိ ဟောင်း တစ်
ဦး က FNG  ကို ပြောပါတယ်။

အီဂျစ် နဲ့  လစ်ဗျား နိုင်ငံ တွေ အတွက်  ဟီလာရီ ကလင်တန် ရဲ့ ခရီးစဉ် ကို ကြိုတင် အသိပေး
ခဲ့ ခြင်း မရှိ ပဲ သက်ဆိုင်ရာ နိုင်ငံ ခေါင်းဆောင် တွေ လောက်သာ အသိပေး ခဲ့ ပါတယ်။

ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံ ခရီးစဉ် မှာ သတင်းထောက် တွေ သတင်း ယူခွင့် ကို လည်း
ကန့် သတ် ထား ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ် အောင်ဆန်း စုကြည် နဲ့ ဟီလာရီ ကလင်တန်  တို့  နှစ်ဦး
သီးသန့် တွေ့ ဆုံ မှု ကို တက္ကသိုလ် ရိပ်သာ လမ်း က ဒေါ်အောင်ဆန်းစုကြည် နေအိမ် မှာ ပြု
လုပ် မှာ ဖြစ် ပြီး အဲဒီ အိမ် မှာ ပဲ သူမ တို့  နှစ် ဦး ရဲ့  ပူး တွဲ သတင်း စာရှင်း လင်း ပွဲ ကို ကျင်း
ပမှာ ဖြစ်ပါတယ်။

နေ ပြည်တော် မြို့  မှာ တော့ ဟီလာရီ ကလင် တန် ရဲ့ ခရီးစဉ် အတွက် မြို့ ဝင် မြို့ ထွက် လမ်း
တွေ ကို ပိတ် ဆို့  စစ်ဆေး မှု တွေ ပြု နေ တယ် လို့  သိရပါတယ်။

ဟီလာရီ ကလင်တန် မြန်မာ နိုင်ငံ ကို လာရောက် လည်ပတ် ချိန် ဟာ သူ မရဲ့  မိခင် ဖြစ်သူ
အသက် ၉၂ အရွယ် ရှိ ဒေါ်ရော်သီ ရောဒ်ဟမ် ကွယ်လွန် တာ တစ်လ ပြည့် တဲ့ အချိန် နဲ့  လည်း
တိုက် ဆိုင် နေပါတယ်။

3 thoughts on “ဟီလာရီ ကလင်တန် ခရီးစဉ် အတွက် လုံခြုံရေး တင်းကျပ်ထား

  1. ဟီလာရီကလင်တန်ရဲ့ အမေကလဲ မြန်မာမကြီးပါပဲ။ ဒေါ်ရော်သီ လို့ အမည်ရပြီး မန်းလေးက ဒေါ်သီသနခါးကဒေါ်သီနဲ့ညီအစ်မတော်ပါတယ်တဲ့

  2. စစ်တပ်ခေါက်ထားပြီး တစ်ခုခုဖြစ်ရင် ဒီစစ်တပ်ကြောင့်ဖြစ်တယ်ပြောအုံးမယ် မသိရင်ဆရာမလုပ်နဲ့

  3. ဘာလုံခြုံရေးမှတင်းကျပ်စရာမလိုဘူးစစ်တပ်ကိုသာခေါက်ထားလိုက်အားလုံးအေးချမ်းတယ်

Comments are closed.