အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် အဖွဲ့  သည် ယနေ့  မြန်မာ စံတော် ချိန်
ညနေ ၅ နာရီ ခန့် က မြန်မာ နိုင်ငံ နေ ပြည်တော် လေဆိပ် သို့  ဆိုက် ရောက် ခဲ့ ရာ မြန်မာ ဒုတိယ
နိုင်ငံ ခြားရေး ၀န်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာမျိုးမြင့် က ခရီးဦး ကြို ပြု သည်
ဟု သတင်း ရရှိ သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး သည် လေယာဉ် ပေါ် တွင် ပါရှိ လာသည့် မော်တော်ကား များ ဖြင့်
ပင်သူမ တည်း ခို မည့် နေရာ သို့  ဆက်လက် ထွက် ခွာ သွား သည် ဟု သတင်း ရရှိသည်။
ဟီလာရီ ကလင်တန် နှင့် အဖွဲ့  သည်ယနေ့ ည ၇ နာရီ အချိန် တွင် မြန်မာ အစိုးရ က တည့် ခင်း ဧည့်
ခံ သည့် ညစာစားပွဲ သို့  တက်ရောက် ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။
မနက် ဖြန် တွင် မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန် ၊ ဒုသမ္မတ များ ၊ ပြည်သူ့  လွှတ်တော် ဥက္ကဌ ၊
နိုင်ငံခြားရေး ၀န်ကြီး ၊ မြန်မာ လူ့ အခွင့် အရေး ကော် မရှင် မှ တာဝန် ရှိ သူ များ နှင့် တွေ့ ဆုံ မည်
ဖြစ်သည်။
အမေရိကန် လွှတ်တော် အမတ် တစ် ချို့  ကလင် တန် ၏ မြန်မာ ပြည် ခရီး စဉ် အတွက် ဝေဖန် ကန့် 
ကွက် မှု များ ရှိ သည်။
မြန်မာ နိုင်ငံ တွင်း ပြု ပြင် ပြောင်း လဲရေး များ လုပ်ဆောင် နေ ခြင်း ကို မှတ်ကျောက် တင် အကဲခတ်
ဖို့  ရောက် ရှိ လာသည့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ၏ ခရီးစဉ် သည် မြန်မာ – အမေရိကန်
ဆက် ဆံ ရေး အတွက် ပိုမို တိုးတက် လာမည့် လက္ခဏ ရှိ သည် ဟု ရန်ကုန် အခြေစိုက် မြန်မာ နိုင်ငံ
ရေး အင်အား စု များ က သုံးသပ် သည်။
မြန်မာ အစိုးရ ၏ ပြုပြင် ပြောင်းလဲ ရေး လုပ်ငန်း များ ပိုပြီး အရှိ အဟုန် ရစေရန် သမ္မတ အိုဘားမားက
ဝန်ကြီး ကလင်တန် ကို မြန်မာ နိုင်ငံ သို့  စေလွှတ်ခြင်း ဖြစ်သည်။
အမေရိကန် သမ္မတ အိုဘားမား က မြန်မာ နိုင်ငံ တွင် ပျိုးပျိုး ပျက်ပျက် တိုးတက် ဖြစ်ထွန်း မှု များ ကို
မြင်နေရ ပြီ ဟု ယခင် သီတင်းပတ် က ဘာလီ အစည်းအဝေး သို့  တက်ရောက် စဉ် တွင် ပြောကြား ခဲ့
သည်။
ဟီလာရီ ကလင်တန် သည် နှစ် ပေါင်း ၅၅ နှစ် အတွင်း မြန်မာ နိုင်ငံ သို့ 
ပထမ ဦးဆုံး လာရောက် သည့် အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီး ဖြစ်သည်။
၁၉၅၅ ခုနှစ် က သမ္မတ ဒွိုက် အိုင်ဆင် ဟောင်ဝါ လက်ထက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ဖော်
စတာ ဒါးလက်(စ) နှင့် အဖွဲ့  မြန်မာ နိုင်ငံ သို့  လာရောက် လည်ပတ် ခဲ့ ဖူးသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် သည် တောင်ကိုရီးယား နိုင်ငံ မှ တစ်ဆင့် မြန်မာ
နိုင်ငံ သို့  ခရီးထွက် ခွာ ခြင်း ဖြစ်ပြီး မြန်မာ နိုင်ငံ သို့  မထွက် ခွာ မှီ တောင် ကိုရီးယား လေဆိပ် ဉ်သတင်း
စာ ရှင်းလင်းပွဲ လုပ်ရာ မြန်မာ နိုင်ငံ ၏ အပြောင်း အလဲ များ ကို ကိုယ်တိုင် ကိုယ်ကျ သိမြင် နိုင်ရန်
အတွက် သွား ရောက် ရခြင်း ဖြစ်သည် ဟု ပြောခဲ့ သည်။
Photo : AP,AFP, Reuters
- Clinton Arrives in Myanmar (myfoxphoenix.com)
- Hillary Rodham Clinton Makes Historic Visit To Myanmar (huffingtonpost.com)






လူမရှိတဲ့နေရာကိုဘဲခေါ်ရဲတယ် ထောင်တွေ ဆင်းရဲသားတွေနေတဲ့ရပ်ကွက်တွေရှိတဲ့နေရာကိုမခေါ်ရဲဘူး