နေမျိုးဦး ၊ ၊အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် ကို ကြိုဆိုရန်
အတွက် စစ်ဗိုလ်ချုပ် တစ်ဖြစ်လဲ မြန်မာ အစိုးရ ခေါင်းဆောင် များ သည့် ရန်ကုန် မြို့  မှ နာ
မည် ကြီး မိတ်ကပ်ဆရာ များ၊ဒီဇိုင်နာ များ ကို ခေါ်ယူထား ပြီး မျက်နှာ ပေါင်းတင်ခြင်း
၊ရွှေသွင်းခြင်း၊ ချေးချွတ်ခြင်း တို့  ကို၎င်း တို့  ၏ ဇနီး မယား များ သာ မက ၊ ဗိုလ်ချုပ်
လူထွက် များ ကိုယ် တိုင် ပြုလုပ် နေသည် ဟုနေပြည်တော် ရောက် နာမည် ကြီး အလှဖန်
တီး ရှင် တစ်ဦးက FNG သို့  ပြောသည်။
ရန်ကုန် နှင့် မန္တလေး မြို့ များ မှ နာမည် ကြီး မိတ်ကပ် အလှဖန်တီး ရှင် များ ဖြစ်သည့်
မိတ်ကပ် ခင်စန်းဝင်း ၊ ဒီဇင်ဘာ နှင်း ၊ ကိုဦး အစ ရှိ သည့် မိတ်ကပ် ပြင်ဆရာ များ နှင့်
ပြည်စိုးအောင် ၊ မပုံ့  အစ ရှိ သည့် ဒီဇိုင် နားများ သည် နေပြည် တော် မြို့ သို့ ရောက်
ရှိ နေသည် ဟု သိရသည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် အား ယနေ့  ည နေပြည်တော်
ဉ် တည်ခင်း ဧည့် ခံ မည့် ညစား စား ပွဲ တော် မြန်မာ အစိုးရ အရာရှိ ကတော် များ အပြိုင်
ကျဲရန် အတွက် နာမည် ကျော် မိတ်ကပ် အလှ ဖန်တီး သူ များ နှင့် ဒီဇိုင် နာ များ ကို
ခေါ်ယူပြီး ပြင်ဆင် နေခြင်း ဖြစ်သည်။
နေပြည်တော်ရောက် မိတ်ကပ် အလှ ဖန်တီး ရှင် တစ်ဦး က မိန်းမတွေ တင် ပြင်ရတာ
မဟုတ်ဘူး ၊ ယောင်္ကျား တွေ ပါ ပြင်ရတာ ရွှေတွေ စိန်တွေ ဆို လဲ ဆင်ထား လိုက်တာ
မနည်းဘူး ၊ လူတွေက အဆီအစ် ပြီး အားကစား လဲ မလုပ် တော့ အလှဆင် ရတာ
မလွယ် ဘူး ဟု ပြောသည်။
ယခင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒီလီဇာ ရိုက် ၊ ဟီလာရီကလင်တန် ၊ မစ်
ရှလ် အိုဘား မား တို့ သည် အများ ပြည်သူ ရှေ့  ၀တ်ဆင် မည့် ဖက်ရှင် များ အတွက်
ဂျော်ဂျီယို အာမီနီ ၊ ဒေါ်နာ တယ်လာ ဗာဆက်ချီ ၊ ဒေါ်နာ ကာရင်း စ သည့် ဒီဇိုင် များ
နှင့် ပြင် ဆင် သလို မိတ် ကပ် နှင့် ဆံပင် အလှ အတွက် ဖက်ရှင် ဒီဇိုင်း အင်စတီ ကျူ
များ မှ ထူး ချွန် ဆု ရရှိ သည့် ကျောင်းသူ များ ကို သာ ၎င်း တို့  ခရီးစဉ် တွင် ခေါ်ဆောင်
ခြင်း ဖြစ်သည်။
ရန်ကုန် မြို့  ရှိ အလှအပ ရေးရာ မဂ္ဂဇင်း တစ်စောင် မှ အယ်ဒီတာ တစ်ဦး က မူ ဘာပုံ
တွေ ထွက် လာ မလဲ မသိဘူး ဟု ပြောသည်။


The Times come … people should upgrade a new mind for to build a progress country. Democracy is NEVER Free.
“လူတွေက အဆီအစ် ပြီး အားကစား လဲ မလုပ် တော့ အလှဆင် ရတာ
မလွယ် ဘူး” ahahahhaha LMAO at that part
They are trying to get a US Visa as they want to go to US!