မြန်မာ ပြည်ကို အလည် အပတ် ရောက် ရှိ နေတဲ့ အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ
ကလင်တန် ဟာ ဒီနေ့  မနက် အစော ပိုင်းက မြန်မာ နိုင်ငံ ခြား ရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်
နဲ့  နိုင်ငံခြားရေး ၀န်ကြီး ဌာန မှာ တွေ့ ဆုံ ခဲ့ ပြီး နောက် မြန်မာ အစိုးရ သမ္မတ ဦးသိန်းစိန်
နဲ့  တွေ့ ဆုံ ခဲ့ တယ် လို့  သတင်း ရရှိ ပါတယ်။
ဟီလာရီ ကလင်တန် နဲ့  ဦးသိန်းစိန် တွေ့ ဆုံ စဉ် မှာ သတင်းယူခွင့် ပြုထား တဲ့ သတင်း ထောက်
တွေ ကို လည်း လုံခြုံရေး အရ ဆိုကာ တင်းတင်းကျပ်ကျပ် စစ်ဆေးမှု တွေ ပြု ခဲ့ တယ် လို့  သတင်း
ရရှိ ပါတယ်။
ဟီလာရီ ကလင်တန် နဲ့  ဦးသိန်းစိန် ဟာ သမ္မတ အိမ်တော် မှာ နှစ်နာရီ နီးပါး ကြာ တွေ့ ဆုံ ဆွေးနွေး
ခဲ့ တယ် လို့  သတင်း ရရှိ ပါတယ်။
မနေ့ က ဟီလာရီ ကလင်တန် စီနင်း လိုက်ပါ လာတဲ့ လေယာဉ် ဟာ တည် ဆောက် ဆဲ နေ ပြည်
တော်လေဆိပ် မှာ လုံခြုံရေး စိတ် မချ ရတဲ့ အတွက် ထိုင်း နိုင်ငံ ဥတာပေါင် လေတပ် စခန်း မှာ
သွား ရောက် ဆိုက် ကပ် ထား ရပါတယ်။
ဟီလာရီ ကလင်တန် သည် ယနေ့ ရွှေတိဂုံ စေတီ ကို သွားရောက် လည်ပတ် မည် ဖြစ် ပြီး ယနေ့ 
ညနေ တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် နှင့် အတူ ညစာ သုံးဆောင်
မည် ဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နှင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး တို့  တွေ့ ဆုံ ချိန် တွင်
ဒဲရက်မစ်ချယ် နှင့် ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ ၀န်ကြီး မိုက်ကယ်ပို့စနာ
တို့  လည်း ပါဝင် မည် ဖြစ်သည်။
သမ္မတ ဦးသိန်းစိန် နှင့် တွေ့ ဆုံ အပြီး ဟီလာရီ ကလင်တန် က မြန်မာ နိုင်ငံ နှင့် ပတ်သက်ပြီး
သတင်းထုတ် ပြန်မှု တွင် “မြန်မာ နိုင်ငံ လွတ်လပ် မှု ကင်းမဲ့ နေဆဲ” ဟု ဖော်ပြ ထား ပြီး မြောက်
ကိုရီးယား နှင့် ဆက်သွယ် မှု က စိုးရိမ်စရာ ဖြစ်နေဆဲ ဟု ဖော်ပြ ထား သည်။
အမေရိကန် နိုင်ငံ ခြား ရေး ၀န်ကြီး ဟီလာရီ ကလင်တန် က ဦးသိန်းစိန် နှင့် တွေ့ ဆုံ ဆွေးနွေး
မှု အသေး စိတ် ကို လတ်တလော သတင်း ထုတ် ပြန် ခြင်း မရှိ သေး သော် လည်း မြန်မာ နိုင်ငံ
၏ ပြုပြင် ပြောင်းလဲ ရေး များ အတွက် အမေရိကန် က အပြည့်အ၀ ထောက်ခံ အားပေး မည်
ဟု ဆိုသည်။
Photo : AFP
