မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီကလင်တန် တို့ သည် ယမန် နေ့  ည က အလွတ် သဘော တွေ့ ဆုံ ဆွေးနွေးခဲ့ ပြီး နောက် ယနေ့  ထပ်မံ တွေ့ ဆုံ ရတွင် မြန်မာ နိုင်ငံ ၏ လူ့ အခွင့် အရေး ဒီမို ကရေစီ ရေး
တို့  နှင့် ပတ် သက် ပြီး ဆွေး နွေး ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။
ယနေ့  မနက် အစော ပိုင်း တွင် ဟီလာရီ ကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် သို့ သွား
ရောက် လည်ပတ် ကာ NLD အဖွဲ့  ၀င် များ ဒေါ်အောင်ဆန်းစုကြည် ၏ ဆွေးမျိုး များ နှင့် တရင်းတနှီး
တွေ့ ဆုံ သည် ဟု သတင်း ရရှိ သည်။
ဟီလာရီ ကလင်တန် နှင့် တွေ့ ဆုံ ချိန် တွင် ဒေါ်အောင်ဆန်းစုကြည်က သူမ အနေဖြင့် အပြောင်း အလဲ
ကို သူမ ကိုယ် တိုင် လည်း မျှော်လင့် ပါသည် ဟု သူ့ သဘောထား ကို ပြောကြား ခဲ့ သည်။
FNG ၏ facebook စာမျက် နှာ တွင် လည်း သတင်း တို များ နှင့် ဓာတ်ပုံ များ ကို ကြည့်ရှု နိုင်ပါသည်။
မြန်မာ နိုင်ငံ သို့  ၅၅ နှစ် အတွင်း ပထမ ဦး ဆုံး စေသာ အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီး အဖြစ်
ရောက် ရှိ နေသည့် ဟီလာရီ ကလင်တန် သည် ယနေ့  အရပ်ဘက် လူ့  ထု အခြေပြု အဖွဲ့ အစည်း
များ ဖြစ်သည့် ရုပ်ရှင် သရုပ် ဆောင် နှင့် ဒါရိုက်တာ ဦးကျော်သူ ၏ နာရေး ကူညီမှု အသင်း အပါ
အ၀င် ပရဟိတာ စေတနာ့ဝန်ထမ်း စွမ်းဆောင် သူ အချို့  နှင့် ပါ တွေ့ ဆုံ မည် ဖြစ်သည်။
ယနေ့  နေ့ လည် တွင် ရန်ကုန် မြို့  အမေရိကန် သံရုံး ဉ် တွေ့ ဆုံ မှု တွင် ဟာသ ပညာရှင် ကိုဇာဂနာ အပါ
အ၀င် တရား ဟော ခွင့် ပိတ် ပင် ခံ ထား ရသည့် ရွှေ ည၀ါ ဆရာ တော် နှင့် ပါ တွေ့ ဆုံ မည် ဖြစ်သည်။
Photo : AP,AFP, Reuters, Global Post, CNN, BBC, The Guardian, New York Times, Washington Post
















