ဝန်ကြီး ကလင်တန် ပြန်လည်မထွက် ခင် နယ်ပယ် အသီးသီး မှ ထင်ရှား သူ များ နှင့် တွေ့  (Update)

FNG၊            ၊မြန်မာ နိုင်ငံ သို့  လာရောက် လည်ပတ် သည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး
ဟီလာရီကလင်တန်၏ တတိယနေ့  ခရီးစဉ် တွင် မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နံနက် အစော ပိုင်း တွင် ဒုတိယ အကြိမ်မြောက် တွေ့ ဆုံ ပြီး နောက်  မီဒီယာ
သမား နှစ် ဦး အပါ အ၀င် နယ် ပယ် အသီးသီး မှ ကျော်ကြား ထင်ရှား သူ များ နှင့် နှစ်
နာ ရီ ကျော် ကြာ တွေ ဆုံ ခဲ့ သည် ဟု FNG မှ သတင်း ရရှိ သည်။

ယနေ့ တွေ့ ဆုံ မှု တွင် နာရေးကူညီ မှု အသင်း ရန်ကုန် မှ ဒေါ်ရွှေဇီးကွက် ၊ HIV/ AIDS
ဝေဒနာ ရှင် များ ကို ကူညီ စောင့် ရှောက် သူ မဖြူဖြူ သင်း  နိုင်ငံရေး အကျဉ်းသား ဟောင်း
များ ဖြစ်သည့် ကို ကိုမျိုးရန်နောင်သိန်း၊ ကို ဇာဂနာ၊ ကိုဇေယျာသော်၊ မဇင်မာအောင်၊
နှင့် တရားဟော ပြောခွင့် ပိတ် ပင်ခံ ထား ရသူ ရွှေ ည၀ါ ဆရာတော် အရှင်ပညာသီဟ
၊ စာရေးဆရာ နှင့် ပြည်သူ့ ခောတ် ဂျာနယ် အယ်ဒီတာ မောင်ဝံသ၊ The Voice ဂျာနယ်
အယ်ဒီတာ ဒေါက်တာ နေ၀င်းမောင် တို့  နှင့် ရန်ကုန် မြို့  တက္ကသိုလ် ရိပ်သာ လမ်းရှိ အမေ
ရိကန် သံရုံး တွင် တွေ့ ဆုံ ခဲ့ သည် ဟု သတင်း ရရှိသည်။

နာရေးကူညီ မှု အသင်း ရန်ကုန် မှ ဒေါ်ရွှေဇီးကွက် က အသင်း သက်တမ်း တိုး ခွင့် မပေးခြင်း
နှင့် ပခုက္ကူ ရေဘေး တွင် အာဏာ ပိုင် များ ၏ နှောင့်ယှက် မှု များ ကို ထည့် သွင်း ဆွေးနွေး
ခဲ့ သည် ဟု သိရသည်။

ထို့ နောက် ၀န်ကြီး ကလင်တန် နှင့် အဖွဲ့  မြန်မာ နိုင်ငံ ရန်ကုန် မြို့ မှ ညနေ ၄ နာရီ အချိန် တွင်
ပြန် လည် ထွက် ခွာ ခဲ့ သည်။

နယ် ပယ် အသီးသီး မှ ကျော်ကြား ထင်ရှား သူ များ နှင့် ၀န်ကြီး ကလင်တန် တွေ့ ဆုံရာတွင်
လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်(ပ)ဘဲ လည်း ပါဝင်သည်။

ဓာတ်ပုံများမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက် စာမျက် နှာ မှ ဖြစ်ပါသည်။