အမေရိကန်-မြန်မာ တွေ့ ဆုံ မှု ရလာဒ် များ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် ၏ မြန်မာ  ခရီးစဉ် တွင် မြန်မာ သမ္မတ
ဦးသိန်းစိန် နှင့် ဇနီး ၊ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးသူရ ရွှေ မန်း ၊  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်
အပါအ၀င် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် တို့  နှင့် တွေ့ ဆုံ ခဲ့ သည်။

မြန်မာ အမေရိကန် ထိပ်တန်း အစိုးရ အဆင့် ခေါင်းဆောင် များ တွေ့ ဆုံ ပြီး နောက် မြန်မာ အစိုးက
ကတိ ပြု ခဲ့ သည်များ မှာ —-

(၁) ပြုပြင် ပြောင်း လဲ ရေး ကို နောက် ကြောင်း ပြန်လှည့် မည် မဟုတ်

(၂) စစ်တပ် အုပ် ချုပ် ရေး နှင့် စစ်အာဏာ သိမ်းခြင်း တို့  ပြန်လည် ပေါ်ပေါက်စေလိမ့် မည် မဟုတ်

(၃) နိုင်ငံ ရေး အကျဉ်းသား အားလုံး ကို အမြန် ဆုံး ပြန်လွှတ်ပေး မည်

(၄) မြောက် ကိုရီးယား နိုင်ငံ နှင့် စစ်ရေး ဆက် ဆံ မှု များ ကို ဖြတ်တောက် သွားမည်

(၅) ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နယ်ခြားဒေသတွေမှာ လူသားချင်းစာနာမှု အကူညီပေးခွင့်ရရေး တို့ 
ကို ဖော်ဆောင် မည်

(၆) ရှေ့ ဆက် မည့် နိုင်ငံ ရေး တွင် နိုင်ငံ သား တိုင် ပါဝင် ခွင့် ရရှိ ရေး

(၇)ဒုတိယ ကမ္ဘာ စစ် အတွင်း ကျဆုံး ခဲ့ သည့် အမေရိကန် စစ်သား များ အလောင်း ပြန်လည်ရှာဖွေ
ရေး လိုက်လျှောမှု

အမေရိကန် က မြန်မာ့ ပြောင်းလဲ မှု များ အတွက် ပြန်လည် အသိအမှတ် ပြု ဆောင်ရွက် မှု များ

(၁) မြန်မာ နိုင်ငံ နှင့် ဆက်ဆံ ရေး တွင် သံအမတ် ကြီး အဆင့် ပြန်လည် ထား ရှိ သွားမည်

(၂) အပြောင်းအလဲ တစ်ချို့  ကို ဖော်ဆောင် ခဲ့ သည့် အတွက် ကူညီ ထောက်ပံ့ မှု များ ပြန်
လည် ပေး သွား မည်။

(၃) ဒီမိုကရေစီ ဖော်ဆောင်ရေး ဖြစ်စဉ် များ တွင် အကူ အညီပေး မည်( လွှတ်တော် ၊ အရပ်
ဘက် အုပ် ချုပ် ရေး နှင့် ရွေးကော်ပွဲ စသည် များ )

(၄) ပြည်တွင်း စစ် ရပ်တန့် ပြီး ငြိမ်းချမ်းရေး တည် ဆောက် နိုင် မှု ၊ နိုင်ငံသား တိုင်း နိုင်ငံ ရေး
တွင် ပါဝင် နိုင်မှု ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တို့  ကို ပြီး ပြတ် အောင်
ဆောင် ရွက် နိုင်လျှင် ကန့်  သန့်  ထား ချက် များ ဖယ်ရှား ဖို့  စဉ်းစား မည်။

FNG စာတည်း အဖွဲ့  က ယနေ့ ထုတ် နိုင်ငံ တကာ သတင်း စာ များ တွင် ဖော် ပြ ထား ချက် များ
ကို ကောက် နှုတ် ဖော် ပြ သည်။

2 thoughts on “အမေရိကန်-မြန်မာ တွေ့ ဆုံ မှု ရလာဒ် များ

Comments are closed.