ဖိလစ်(မဲဆောက်)၊ ၊၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့  ကတည်း က ယခင် မြန်မာ
စစ်အစိုးရ မှ လုံခြုံရေး အကြောင်း ပြ ချက် ဖြင့် ပိတ် ထား ခဲ့ သည့် ထိုင်း-မြန်မာ နယ်စပ်
သောင်းရင်း မြစ်ကူး တံ တား မြ၀တီ ကို ယနေ့  နံနက် ၇ နာရီ မိနစ် ၃၀ အချိန် ခန့် က ထိုင်း-မြန်မာ
နှစ် နိုင်ငံ ဒေသခံ အရာရှိ များက ပြန်လည် ဖွင့်လှစ်ပေး လိုက် သည် ဟု FNG မှ သတင်း ရရှိ သည်။
တံတား ဖွင့် လှစ် ပွဲ နှင့် နယ်စပ် ကုန်သွယ် မှု ပြန် လည် စတင် မှု အခမ်းအနား သို့  မြန်မာ ၀န်ကြီး
တစ်ဦး ဖြစ်သူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒု ၀န်ကြီး ဦးဝင်းမြင့် နှင့် ကရင် ပြည်နယ်
ဝန်ကြီး ချုပ် ဦးဇော်မင်း တို့  တက်ရောက် မြ၀တီ ရှိ အထူး စီးပွားရေး ဇုန် ကို ပါ ဖွင့်လှစ် ပေး လိုက်
သည် ဟု သိရသည်။
ပြီးခဲ့ သည့် အောက်တိုဘာလ က မြန်မာ နိုင်ငံ သို့  ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝတ်ထရာ လာ
ချစ်ကြည်ရေး ခရီး လာရောက် လည်ပတ်စဉ် နှစ် နိုင်ငံ ကုန် သွယ်ရေး ပိုမို မြှင့်တင် မှု အစီအစဉ် အရ
မြန်မာ အစိုးရ မှ သဘော တူ ညီချက် ရရှိ ကာ တံ တား ပြန်လည် ဖွင့်လှစ် ရန် အတွက် စဉ်းစား ခဲ့
ခြင်း ဖြစ်သည် ဟု သိရသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပြန်လည် ဖွင့်လှစ် သည့် အချိန် သည် ထိုင်း ဘုရင် မင်းမြတ်ဘူ
မိဘော အဒူလျှာဒက် သက်တော် ၈၄ နှစ် ပြည့် ချိန် နှင့်လည်း တိုက် ဆိုင်နေသည်။
တံတား ဖွင့်လှစ်ပွဲ နှင့် အတူ နှစ်ချီ ရပ် နား ထား ခဲ့ ရသည့် ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေး
သည် လည်း တရား ၀င် ပြန်လည် စတင် သည် ဟု မြ၀တီ မြို့  မှ ဆန်ကုန် သည် တစ်ဦးက ပြော
သည်။
မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးပိတ်ထား စဉ် အတွင်း လိုင်စင်မဲ့ကားများ၊ အထည်အလိပ်၊
စားသောက်ကုန်များကို မြန်မာဘက်ခြမ်းသို့  နေ့ စဉ် တရားမ၀င်ကူးသန်း ရောင်းဝယ်လျက်ရှိသည်။
ထိုသို့  ပိတ်ထား စဉ် အတွင်း မြ၀တီမှတဆင့် ရန်ကုန်မြို့သို့ နေ့စဉ်နည်း လမ်းမျိုးစုံနှင့် ပို့ ဆောင်မှု
ကြောင့် မြ၀တီ၊ ဘားအံတွင် တာဝန်ကျ အစိုးရအရာရှိတို့မှာ ၀င်ငွေကျပ်သိန်းရာချီဝင်နေကြကြောင်း
မြ၀တီ အာဏာပိုင် တို့နီးစပ်သည့် ငွေလွှဲဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသောမြန်မာကုန်သည်တဦးက
FNG သို့ ပြောသည်။
အထက်ဖေါ်ပြ ပါ သတင်း နှင့် တစ် ဆက် တည်း FNG က သီးခြား ရရှိ သော သတင်းမှာ နယ်စပ် ကုန်
သွယ်ရေး ဇုန် ဖွင့်လှစ် မှု နှင့် တံတား ပြန်လည် ဖွင့်လှစ် ခြင်း တို့  အပြင် ထိုဒေသ ရှိ လက်နက် ကိုင် အဖွဲ့ 
များ နှင့် အစိုးရ ငြိမ်းချမ်းရေး ဆွေး နွေး မည် ဆို သည့် သတင်း များ ကြောင့် မြ၀တီ မြို့  ရှိ အိမ်ခြံမြေ ဈေး
များ မှာ ရက် ပိုင်း အတွင်း သိသိသာသာ ထိုးတက် သွား ရာ ယနေ့  တံတား ဖွင့် လှစ် ပြီး ချိန် ဉ် မြ၀တီ မြို့ 
တွင် ယခင် သိန်း ၃၀၀ တန် သည့် အိမ် မှာ သိန်း ၆၀၀ အထိ ဈေးတက် သည် ဟု ဒေသခံ ကုန်သည်
တစ်ဦး က ပြောသည်။
” ဒီမှာ က ထိုင်း ဖုန်း သုံး လို့  ရတယ် ၊ ရန်ကုန် လို မီးမျက် ဘူး ၊ ရန်ကုန် က ကုမ္ပဏီ တွေ က ဒီမှာ ရုံးခွဲ
တွေ ဖွင့် ဖိုး အခု ဆင်းလာ ကြတာ မှာ ဈေးတက် တာပဲ ” ဟု ပြောသည်။
ပြီးခဲ့ သည့်နှစ် နိုဝင်ဘာလ က DKBA တပ်ဖွဲ့ များ နှင့် မြန်မာ အစိုးရစစ် တပ် တို့  တိုက်ပွဲ ဖြစ်ပွား စဉ်
မြ၀တီ မြို့  ရှိ ဒုက္ခ သည် ထောင်ပေါင်း များ စွာ ထိုင်း နိုင်ငံ မဲ ဆောက် မြို့  သို့  ထွက် ပြေး ခိုလှုံ ခဲ့ ကြရ
သည်။

The becoming decreased values of home-lands will exist on the openning doors of Economy.
This bridge will be for loving,freedom & trading.
like