ဆွီဒင် နိုင်ငံ ကို လွှဲပြောင်းပေး ဖို့  တရားရုံး က အမိန့် ချမှတ် ခံထား ရတဲ့ ၀ီကီလိခ် တည်
ထောင်သူ ဂျူလီယန် အဆန် ဟာ အင်္ဂလန် ဗဟို တရား ရုံးကို အသနား ခံစာ တင်ဖို့  နဲ့  ကန့် ကွက်
ဖို့  အတွက် လျှောက်ထား မှု မှာ အနိုင်ရရှိ သွား ပြီး သူ့  ကို ဆွီဒင် ကို လွှဲပြောင်း ခြင်း ၊ မပြု ကို
တရားရုံး က ကြား နာ မှာ ဖြစ်ပါတယ်။
ပြီး ခဲ့ တဲ့ လက အင်္ဂလန် အထက် ရုံး တော်က နေ သူ့  ကို တရားစွဲ ဆို ထားတဲ့ အမှု အတွက်
ဆွီဒင် ကို လွှဲပေး ဖို့  အမိန့် ချမှတ် ခဲ့ ပါတယ်။
အမေရိကန် အစိုး ရ ရဲ့ ထိပ်တန်းလျှို့ ၀ှက် စာရွက် စာတမ်းတွေ ကို ၀ီကီလိခ် ၀ဘ်ဆိုတ် တည်
ထောင်ကာ ဖွင့်ချ ခဲ့သူ ဖြစ်ပါတယ်။သူ့ ကို အမေရိကန် အစိုးရ က တရားဆွဲ ဖို့ စီစဉ် နေပြီး အခု
တရားစွဲ ခံထားရမှု ဟာ ဆွီဒင်နိုင်ငံမှာ အမျိုးသမီး နှစ်ဦး နဲ့  သံဝါသ ပြုခဲ့စဉ် က လိင်အကာအ
ကွယ် ပူစီဖောင်း ပုံစံ အစွပ် ကို မသုံးခဲ့ လို့  ဖြစ်တယ် လို့ ပြင်သစ် သတင်းစာ လမွန့်  က ဖော်
ပြ ခဲ့ ပါတယ်။
မနှစ် က ဒီလို အချိန် က ဂျူလီယန် အဆန်း ဟာ ဒီအမှု နဲ့  ပတ် သက် ပြီး လန်ဒန် ရဲတပ် ဖွဲ့  က
ဖမ်းဆီး ထောင်သွင်း အကျဉ်းချခြင်း ကို ခံခဲ့ ရကာ ဒ်ါလာ သုံးသိန်း တစ်သောင်း အာမခံ နဲ့ 
ပြန်လည် လွတ်မြောက် လာခဲ့တာဖြစ်ပါတယ်။
ဒီဆုံးဖြတ် ချက် ကြောင့် မစ္စတာ အဆန်း ဟာ အထက် တရားရုံးတော်ကို ဒီအမှု အတွက် ပြန်
ဆုံးဖြတ် ပေး ဖို့  ကိုယ်တိုင် လျှောက် ထား နိုင် တော့ မှာ ဖြစ်ပါတယ်။
