ယခင် NLD ပါတီ အတွင်းရေးမှုး ဦးလွင် ကွယ်လွန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် အတွင်းရေး မှုး ဟောင်း ဖြစ်သူ ဦးလွင် သည် ယနေ့  ည ၈ နာရီ
မိနစ် ၄၀ အချိန့် ခန့် က ရန်ကုန် မြို့  ကမ္ဘော ဇရိပ်သာ နေအိမ် တွင် ကွယ်လွန် သွား သည် ။ ဂျပန်
ခေတ်စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ်(၁) တက်ရောက် ခဲ့ ပြီး နောက် တပ်မတော် ထဲ ၀င်
ရောက် ကာ ဗိုလ်မှုးကြီး အဆင့်ထိ တာဝန် ထမ်းဆောင် ဖူးသော ဦးလွင် သည် ကွယ်လွန် ချိန်တွင်
အသက် ၈၇ နှစ် ရှိ ပြီ ဖြစ်သည်။

ဦးလွင် ၏ ဇနီး ဖြစ်သူ ဒေါ်တင်တင်မလေးအသက် ယမန် နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ က အသက်
၈၈ နှစ် အရွယ်တွင် ကွယ်လွန် ခဲ့ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေမှူး ဦးလွင် သည် အမျိုး သား ဒီမိုကရေစီ အဖွဲ့ ချုပ်
စတင် တည် ထောင်သည့် အချိန် ကတည်း က ပါတီ ထဲ သို့  ၀င်ရောက် ခဲ့ ပြီး ၁၉၉၀ ရွေး
ကောက် ပွဲ အောင် နိုင် ရေး အတွက် တစ်တပ် တစ်အား ကြိုးစား ခဲ့ သည်။
ဦးလွင် သည် ဗိုလ်ချုပ်ကြီးနေ၀င်း ၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ တွင်  ဒုတိယ၀န်ကြီးချုပ်
အဆင့်အထိ တာဝန်ယူခဲ့ သူ တစ်ဦး ဖြစ် ပြီး ကမ္ဘာ့ ဘဏ် တွင် လည်း တာဝန်ထမ်းဆောင် ခဲ့
သည်။

ပြီးခဲ့ သည့် လက ကျန်းမာရေး မကောင်း သည့် ဦးလွင် သျှင်ပါကူ ဆေးရုံ သို့  တက်ရောက် ကုသ
နေစဉ် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် က သွားရောက် တွေ့ ဆုံခဲ့ သည်။

ဦးလွင် ၏  ရုပ်ကလပ် ကို ဒီဇင်ဘာလ ၈ ရက် ညနေ ၃ နာရီ အချိန် တွင် ရန်ကုန် မြို့ ရေဝေး
သုဿာန် သို့  ပို့ ဆောင် မီးသဂြိုလ် မည် ဖြစ်သည်။