ရုရှား မှာ ရွေးကောက်ပွဲ အသစ် ကျင်းပ ရန် ဂေါ်ဘာချောဗ် တောင်းဆို

အင်တာနက် ပေါ် ကနေ  စတင် လူစုပြီး လမ်းပေါ် မှာ ဆန္ဒပြ သည် အထိ ပူတင် ၏ United
Russian Party က ရွေးကောက်ပွဲ မသမာ မှု လုပ်ခဲ့ သည် ကို ဆန္ဒပြ ခဲ့ သည့် ရုရှား ပြည်
သူ များ သည် နောက် ဆုံး တွင် သူ တို့  အတွက် မဟာ မိတ် သစ် ကို ရရှိ ခဲ့ ပြီ ဟု VOA သတင်း
ဌာ က ရေး သေား ဖော်ပြ ထား သည်။

ဆိုဗီယက် ခောတ် ၏ နောက်ဆုံး သမ္မတ အဖြစ် ထမ်းဆောင် ခဲ့ သူ ရုရှား သမ္မတ ဟောင်း မီဟိုင်း
ဂေါ်ဘာချောဗ် က ယနေ့   ရုရှား အစိုးရ အနေ ဖြင့် ရွေးကောက်ပွဲသစ် ကျင်းပရန် တောင်း ဆို ခဲ့
မှု ကြောင့် ရုရှား ပြည်သူ များ နှင့် ရုရှား အတိုက် အခံ အတွက် အားတက် ဖွယ်ရာ သတင်း တစ်ပုဒ်
ဖြစ်ခဲ့ သည်။

ရွေးကောက်ပွဲ ရလာဒ် သည် ပြည်သူများ ၏ ဆန္ဒ ကို ကိုယ်စား မပြု ဘဲ ရုရှား အစိုးရ ကျင်ပ ခဲ့
သည် တရား မျှ တမှု မရှိ ဟု နိုဘဲငြိမ်းချမ်းရေး ဆုရှင် ဂေါ်ဘာချောဗ် က Interfax သတင်း ဌာ
နကို ပြောခဲ့ သည်။

ရုရှား နိုင်ငံ မော်စကို မြို့  တွင် ရဲရဟတ်ယာဉ် များ ပါ လှည့် လည် နေပြီး ၊ မြို့ တွင်း ဉ် ရဲတပ် ဖွဲ့ ဝင်
ငါးသောင်းခန့် လှည့် လည် နေ ဟု မော်စကို မှ လာ သည့် နိုင်ငံ တကာ သတင်းများ တွင် ဖော်ပြ
ထား သည်။

ပူတင် အစိုးရ ဆန့် ကျင် သည့် နိုင်ငံ ရေး တက်ကြွ လှုပ်ရှား သူ များ က ရုရှား နိုင်ငံ တွင် ဆယ်
ရက် အတွင်း အထွေထွေ သပိတ် တိုက်ပွဲ စရန် နှိုးဆော် ထား သည်။

ယမန် နေ့ ဗုဒ္ဓဟူး နေ့ ညက ပူတင်  အစိုးရ ဆန့် ကျင်သူများ မော်စကို မြို့  လည် ရှိ ကရင်မလင်
နန်းတော် နှင့် မီတာ ငါးဆယ် ခန့်  ကွာသည့် တော်လှန် ရေး ရင်ပြင် တွင် စုရုံး လာမှု  ကြောင့် ဆန္ဒ
ပြ သူ ၁၀၀ ကျော်ခန့် ကို ထပ်မံ ဖမ်းဆီးထား ပြီး စိန့် ပီတာ စဘတ် တွင် ၅၀ ခန့် ဖမ်းဆီးထားသည်။

ယခင် ဒု ၀န်ကြီး ချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ သူ တစ်ဦး ဖြစ်ပြီး ယခု လူထု လှုပ်ရှား မှု ခေါင်း
ဆောင် တစ်ဦး ဖြစ်သည့် ဘောရစ် နမ်ဆောဗ် ကို  ရဲတပ် ဖွဲ့  က ဖမ်းဆီးထိမ်းသိမ်း ထား သည်။

နာမည် ကျော် တက်ကြွ လှုပ်ရှား သူ တစ်ဦး ဖြစ်သူ အီလျှာ ယာရှင် နှင့် ဘလောက်ဂါ အလက်ဇီ
နာဗာလ်နီ တို့  ကို လည်း ရဲ က ဖမ်းဆီး ထိမ်း သိမ်းထား သည်။

ဘောရစ် နမ်ဆောဗ် က ရုရှား လူထု အုံကြွ မှု သည် ပူတင် ၏ ကြီးမား သော ရှုံး နိမ့်  မှု ဖြစ် ပြီး သူ
၏ သြဇာ သည် တစ်နေ့ တစ်ခြား ကျဆင်း နေ ပြီ ဟု CNN သတင်း သို့ ပြောသည်။ယခင် မော်စ
ကို မြို့တော်ဝန် Yury Luzhkov  က ပူတင် ၏  United Russian Party ကို သူမဲမပေးခဲ့ဟု
မော်စကို တိုင်း သတင်းစာ ကို ပြောသည်။

ရုရှား နိုင်ငံ သူကြွယ် သူ ဌေး တစ် ဦး ဖြစ်သူ ဖျူဒါ ရှာရန်ကိုလ်း က မတ်လ တွင် ကျင်း ပမည့် သမ္မတ
ရွေးကောက်ပွဲ အနိုင်ရ ဖို့  အတွက် ပူ တင် တွင် အခက် အခဲ ရှိ နိုင် သည် ဟု ဆို သည်။

တနင်္ဂနွေ နေ့ က ကျင်းပခဲ့ သည့် ရုရှး ရွေးကောက် ပွဲ တွင် ပူ တင် အစိုးရ က အကြီး အကျယ် မသ
မာ မှု ပြုခဲ့ သည် ဟု  နိုင်ငံ တကာရှိ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ သည့် အဖွဲ့  များ က ဆိုသည်။

ယမန်နေ့ က အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကလင်တန် က ရုရှား ရွေးကောက်ပွဲ သည်
ရုရှား ပြည်သူများ အတွက် စိုးရိမ်စရာ ရလာဒ် ကို ဖြစ်ပါ် စေသည်   ဆိုသည့် ပြောဆိုချက် ကို
ရုရှား နိုင်ငံခြားရေး ၀န်ကြီး က လက်ခံ နိုင်စရာ အကြောင်း မရှိ ဟု ဆို ကာ ပယ်ချခဲ့သည်။

ရုရှား နိုင်ငံတွင် ဖြစ်ပွား နေ သည့် ငြိမ်းချမ်းသည့် ဆန္ဒပြ ပွဲ များ ကို ထောက်ခံ သည် ဟု အမေ
ရိကန် က ထုတ်ဖော် ပြောကြား ထား သည်။

Russian Protests