ညီညီ (သံလွင်)၊ ၊ခုတလော မီဒီယာတွေမှာ ဖတ်လိုက်ရသည်။ ရန်ကုန်ကို စင်္ကာပူနှင့်
တူအောင် လုပ်ရန် သမ္မတကြီးက လမ်းညွှန်မှု ပေးထားသည်ဟူ၍ ဖြစ်သည်။ ထို့အတွက်
စင်္ကာပူတွင် ၁၂နှစ်တာမျှ နေထိုင်ခဲ့သည့် ကျွန်တော့် အတွက် တွေးစရာတွေ ရလာသည်။
တခေတ်တခါက အာရှတွင် ထိပ်တန်းဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် ရန်ကုန်မြို့တို့ကို စင်္ကာပူ၏
အမျိုးသားခေါင်းဆောင်ကြီး ဖြစ်သည့် လီကွမ်ယူက အားကျခဲ့ရသည်ဟု ၎င်းရေးသားသည့်
စာအုပ်ထဲတွင် ၀န်ခံထားပြီး စင်္ကာပူရှိ အချို့သော နေရာများတွင် ရန်ကုန်လမ်း၊ ပဲခူးလမ်း၊ မော်လမြိုင်
လမ်း စသဖြင့် မှည့်ခေါ်ခဲ့သည့် လမ်းနာမည်များ ခုထိ ရှိဆဲ ဖြစ်သည်။ ခုတော့ သံသရာ
ချားတပတ်ပြန်လည်ပြီ ထင်ပါသည်။ ကျွန်တော်တို့၏ ရန်ကုန်ကို အထင်ကြီး အားကျစိတ်ဖြင့်
အတုယူခဲ့ရသည့် စင်္ကာပူကို ကျွန်တော်တို့ ပြန်၍ နမူနာ ယူရချေဦးမည်။ ဤအတွက် ကျွန်တော်
စိတ်ဓာတ်မကျပါ။ ရည်မှန်းချက်ကင်းမဲ့စွာ ဖြတ်သန်းခဲ့ကြရသည့် အနေအထားမှ ဦးတည်
ချက်များ ရှိလာ၍ စိတ်အား တက်ရပါသည်။ ရည်မှန်းသည့် အတိုင်း လုပ်ဆောင်ကြဖို့တော့
လိုပါမည်။
သွားလာရေးလွယ်ကူ
ဤတွင် စင်္ကာပူနှင့် တူအောင် ဘာတွေ လုပ်ကြမည်လဲဟု မေးခွန်းထုတ်ချင်စရာ ဖြစ်
လာပါသည်။ စင်္ကာပူတွင် လူဦးရေ ၅ သန်းခန့် နေထိုင်သည်။ ကျွန်တော် နေထိုင် ဖြတ်
သန်းခဲ့သည့် အတွေ့အကြုံအရ စင်္ကာပူသည် တစ်နှစ်ထက် တစ်နှစ် လျင်မြန်စွာ တိုးတက်
ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်။ ရှေးဦးစွာ စင်္ကာပူရှိ အခြေခံအဆောက်အအုံ
(infrastructure) နှင့် ပတ်သက်၍ ပြောပြချင်သည်။ စင်္ကာပူတွင် အဝေးပြေးလမ်း
မကျယ်ကြီးများ ရှိသည်။ ရုံးဆင်းရုံးတက်ချိန်တွင် မြို့ပတ်ရထားများ (MRT) ၂ – ၃ မိနစ်ကို
တစ်စီးခန့် ရှိသည်။ ရထားနောက်ကျသည်ဟူ၍ မရှိ။ ၃ မိနစ်အကြာတွင် ရထားဆိုက်မည်ဟု
ကြေညာထားလျှင် ၃ မိနစ် အတိအကျတွင် ရထားရောက်လာသည်။ ဘတ်စ်ကားများ
စီးရသည်မှာ လွယ်ကူအဆင်ပြေသည်။ ဘတ်စ်ကားများ စုပေါင်းရပ်နားသည့် စနစ်
(Bus Interchange System) ကို အသုံးပြုထားသဖြင့် တစ်နေရာမှ တစ်နေရာသို့
သွားရာတွင် အဆင်ပြေသည်။ ဥပမာ – ဆူးလေတွင် ကား အတော်များများ ဂိတ်ဆုံး
သကဲ့သို့ ဖြစ်ရာ ဆူးလေ Bus Interchange ၊ တာမွေတွင် ဂိတ်စ-ဂိတ်ဆုံးသည့်ကားများက
တာမွေ Bus Interchange စသဖြင့် သတ်မှတ်ထားပြီး အဆိုပါ ဘတ်စ်ကားများ စုပေါင်း
ရပ်နားရာသည် အများအားဖြင့် ဘူတာရုံများနှင့် အနီးအနားတွင် ရှိသည်။ ထို့ကြောင့်
အနီးဆုံးသွားလိုရာ ဘူတာရုံသို့ ရထားစီးပြီး ထိုမှတဆင့် ရပ်ကွက်ကြို ရပ်ကွက်ကြား
သွားလိုက်ပြန်လိုက်လုပ်နေသည့် Feeder Bus ဟုခေါ်သည့် ဘတ်စ်ကားများ စီးကာ
မိမိအလိုရှိရာသို့ အရောက်သွားနိုင်သည်။ အိုင်ဖုန်းကဲ့သို့ စမတ်ဖုန်းတစ်လုံး ရှိလျှင်
ဘတ်စ်ကား နံပါတ်နှင့် လမ်းကြောင်းများကို ကြည့်ရှုနိုင်သည်။ မြို့ပတ်ရထားနှင့်
ဘတ်စ်ကားများစီးရန် ကြိုတင်ပိုက်ဆံဖြည့်ထားသော စမတ်ကဒ်များကို
အသုံးပြုနိုင်သည်။ ဖြည့်ထားသည့် ပိုက်ဆံကုန်သွားလျှင် ရထားဘူတာရုံများနှင့်
ဘတ်စ်ကားများ စုပေါင်းရပ်နားသည့်နေရာ (Bus Interchange) တွင် အေတီအမ်
ကဒ်ဖြင့် လည်းကောင်း၊ ပိုက်ဆံဖြင့်လည်းကောင်း ထပ်မံ ဖြည့်သွင်းနိုင်သည်။
လူအရင်းအမြစ်အဓိက
စင်္ကာပူတွင် မည်သည့် သယံဇာတမှ မရှိသည့်အပြင် သောက်သုံးရန်ရေကိုပင်
မလေးရှားနိုင်ငံမှ နေ့စဉ် ဂါလန်သန်းပေါင်းများစွာ ၀ယ်ယူနေရသည်။ ထို့ကြောင့်
အခြား သယံဇာတကြွယ်ဝသည့် နိုင်ငံများကဲ့သို့ သယံဇာတကျိန်စာသင့်နေခြင်း မရှိပါ။
စင်္ကာပူ၏ အဓိက အရင်းအမြစ်သည် လူ့စွမ်းအားအရင်းအမြစ် ဖြစ်သည့်အတွက်
ပညာရေးကို အထူးအားပေးသည်။ ကျောင်းများတွင်လည်း စာကြည့်တိုက်များကို
လူကြီးလာစစ်လျှင် ပြသရန်အတွက် မဟုတ်ဘဲ ကောင်းမွန်သပ်ရပ်စွာ ထားရှိပြီး
စာအုပ်စာတမ်းများ အတော်ပင်စုံလင်ပါသည်။ ကျောင်းပညာရေးအပြင် ပြင်ပဗဟုသုတ
ကြွယ်ဝရေးအတွက် စာကြည့်တိုက်များ မြို့နယ်တိုင်းတွင် ထားရှိသည်။
စာကြည့်တိုက်များမှာ ခနော်နီခနော်နဲ့ စာကြည့်တိုက်ကလေးများ မဟုတ်ပါချေ။
အချို့စာကြည့်တိုက်ကြီးများမှာ ၂ ထပ်- ၃ ထပ် အပြည့် ကဏ္ဍများ စုံလင်စွာ ခွဲထားပြီး
စာအုပ်များ သိန်းသောင်းချီ၍ ရှိမည် ထင်သည်။ စင်္ကာပူနိုင်ငံတွင် အမျိုးသား စာကြည့်
တိုက် ၁ ခု (၁၆ ထပ် အမြင့်ရှိ) ၊ ဒေသဆိုင်ရာ စာကြည့်တိုက် ၃ ခုနှင့် အခြား ပြည်သူ့
စာကြည့်တိုက်ပေါင်း ၂၄ ခု ရှိပါသည်။ ၂၀၀၇ ဘဏ္ဍာရေးနှစ်အထိ စာကြည့်တိုက်
အဖွဲ့ဝင်ထားသူ စုစုပေါင်း ၂ သန်းနီးရှိပြီး စာအုပ်ဌားရမ်းမှု ၂၈ သန်း ရှိခဲ့သည်ဟု
သိရသည်။ အဆိုပါ စာကြည့်တိုက်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့်
စာအုပ်များ ၅ သန်းကျော်၊ မလေးဘာသာဖြင့် စာအုပ် ၆သိန်း ၂ သောင်းကျော်၊
တရုတ်ဘာသာဖြင့် စာအုပ် ၁ သန်း ၉ သိန်းကျော်၊ တမီးလ်ဘာသာဖြင့် ၃သိန်း ၁
သောင်းကျော် ရှိပြီး စုစုပေါင်း ဌားရမ်းနိုင်သည့် စာအုပ်၊ ဒီဗီဒီ၊ စီဒီ စသဖြင့် အမျိုးအစား
စုံလင်စွာ ရှိကာ အရေအတွက်အားဖြင့် ၉ သန်းမျှ ရှိသည်ဟု သိရသည်။ ကောင်းသည်က
စင်္ကာပူအရှေ့ပိုင်းရှိ စာကြည့်တိုက်တွင် ဌားလာသော စာအုပ်ကို ကြုံသည့် စာကြည့်တိုက်
တွင် အပ်၍ ရသည်။ ထို့ပြင် ဌားလာပြီး ဖတ်၍ မပြီးသေးလျှင်လည်း အင်တာနက်မှ
တဆင့် သက်တမ်းတိုး၍ ရသည်။ ထပ်မံ၍ ဖတ်လိုသေးလျှင်လည်း ရက်လွန်ကြေးပေး၍
ဖတ်နိုင်သည်။ မိမိဌားလိုသည့် စာအုပ်ကို သူများဌားသွားလျှင်လည်း ကြိုတင် reserve
လုပ်ထားမည်ဆိုပါက အဆိုပါ စာအုပ် စာကြည့်တိုက်ပြန်ရောက်လျှင် အကြောင်းကြား
ပါလိမ့်မည်။ စာအုပ်အပ်ရန် မေ့လျော့နေပါကလည်း သက်တမ်းမပြည့်မီ ၃ ရက်အလိုတွင်
အီးမေးလ်သို့ လည်းကောင်း၊ လက်ကိုင်ဖုန်းသို့လည်းကောင်း အသိပေးသည့်စာ
ရောက်လာပါသည်။ မိမိရှာလိုသည့် စာအုပ်ကိုလည်း စာကြည့်တိုက်၏ အင်တာနက်
စာမျက်နှာမှ တဆင့် ရှာဖွေနိုင်ပြီး မည်သည့် စာကြည့်တိုက်တွင် ဌားရမ်းနိုင်သည်ကို
သိရှိနိုင်သည်။
ပညာတော်သင်များ
စင်္ကာပူကို တတိယကမ္ဘာမှ ပထမကမ္ဘာသို့ ရောက်အောင် ဦးဆောင်ဦးရွက်ပြုခဲ့ကြသူများသည်
ပညာတတ်များ ဖြစ်ကြသဖြင့် နောင်မျိုးဆက်သစ် မပြတ်စေရန် ပညာထူးချွန်သူများကို
အထူးပင် အားပေးအားမြှောက်ပြုသည်။ ထူးချွန်ထက်မြက်သည့်သူများကို ပညာတော်သင်
များအဖြစ် အနောက်နိုင်ငံများသို့ ၀န်ကြီးဌာနအသီးသီးမှ နှစ်စဉ် အများအပြား စေလွှတ်သည်။
ထို့သို့ သွားရောက် ပညာသင်ကြားပြီး မိမိနိုင်ငံသို့ ပြန်လာလျှင်လည်း ၀န်ကြီးဌာနအသီးသီး
တွင် သင့်တော်သည့် နေရာများကို ပေးကာ စဉ်ဆက်မပြတ် အကဲခတ်၍ ခေါင်းဆောင်ကောင်း
များ ဖြစ်လာစေရန် အားထုတ်ကြသည်။ စင်္ကာပူတွင် နှစ်စဉ် ဘဏ္ဍာရေးလျာထားငွေ၏
၂၀ ရာခိုင်နှုန်းခန့်ကို ပညာရေးဘက်တွင် အသုံးပြုသည်ဟု လေ့လာသိရှိရသည်။
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ မြန်မာနိုင်ငံတွင်မူ ၀.၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုသည်ဟု
ဝမ်းနည်းဖွယ်ရာ သိရသည်။
အဂတိကင်းမဲ့
ဒါ့အပြင် စင်္ကာပူတွင် ရုံးလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် လွယ်ကူမြန်ဆန်သလို
မည်သည့် အပိုကြေး၊ လက်ဘက်ရည်ကြေးမှ မပေးရသည့်အပြင် ပြက္ခဒိန်ဝယ်ရခြင်း၊ ရန်
ပုံငွေထည့်ရခြင်း ဒုက္ခတို့မှ ကင်းဝေးပါသည်။ လိုအပ်သည့် အချက်အလက်များကိုလည်း
သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများမှ တဆင့် ကြိုတင်ဖတ်ရှုနိုင်သလို
ကြေညာချက်များကိုလည်း ရှင်းလင်းတိကျစွာ ဖော်ပြထားသည်။ မလိုအပ်သည့် ကြိုးနီစနစ်
များကို အစွမ်းကုန် လျှော့ချထားပြီး လုပ်ကိုင်စရာ ကိစ္စများကို လျင်မြန်စွာ ပြီးစီးနိုင်စေရန်
အဓိက ထား၍ ဆောင်ရွက်ကြသည်။ Transparency International မှ ၂၀၁၁ နှစ်တွင်
ပြုလုပ်သည့် စစ်တမ်းအရ ကမ္ဘာပေါ်တွင် အဂတိလိုက်စားမှု အကင်းဆုံး နိုင်ငံများထဲ၌
ပဉ္စမနေရာကို ရရှိထားပြီး အာရှတိုက်ရှိ နိုင်ငံများထဲတွင် အဂတိလိုက်စားမှု အကင်းဆုံး
ဖြစ်သည်။ မြန်မာနိုင်ငံမှာမူ နိုင်ငံပေါင်း ၁၈၂ နိုင်ငံတွင် အောက်ဆုံးမှ စရေလျှင် မြောက်
ကိုရီးယားနှင့် ဆိုမားလီယားတို့၏ အထက်တွင် ရပ်တည်နေကာ အာဖဂန်နစ္စတန်နိုင်ငံနှင့်
အတူ အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများထဲတွင် တတိယနေရာ ရောက်နေသည်။
ကျန်းမာရေးစောင့်ရှောက်မှု
ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ရလျှင် မြန်မာနိုင်ငံရှိ
ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများသည် စင်္ကာပူရှိ အစိုးရဆေးရုံ ဆေးခန်းများကိုပင် မမီပါချေ။
ယေဘုယျအားဖြင့် ဆိုရလျှင် သန့်ရှင်းသပ်ရပ်မှု ရှိသလို ပေးရသည့် ၀န်ဆောင်ခနှင့် ထိုက်
တန်သည့် ဆရာဝန်များ၊ သူနာပြုများနှင့် ၀န်ထမ်းများ၏ ၀န်ဆောင်မှုကို ပြန်ရသည်။ ပြီးစလွယ်
မလုပ်သလို စရိတ်မျှပေး ဆေးခန်းများတွင်လည်း ဆရာဝန်ရေးပေးလိုက်သည့် ဆေးစာရွက်လေး
သွားပြနေစရာ မလိုချေ။ ထို့ပြင် အမြဲတမ်းနေထိုင်ခွင့်ရထားသူ (ပီအာ)နှင့် စင်္ကာပူနိုင်ငံသားများ
မှာလည်း Central Provident Fund (CPF) ဟု ခေါ်သည့် လစဉ် မစုမနေရ ထည့်ဝင်ရသည့်
စုငွေထဲမှ ပေးနိုင်သည့်အပြင် ကျန်းမာရေးအာမခံများ ၀ယ်ယူထားပါက ဆေးရုံစရိတ်စကများ
အတွက် အထူးတလည် သောကရောက်ကြရခြင်း မရှိပေ။ စင်္ကာပူတွင် ကျန်းမာရေးစောင့်
ရှောက်မှုအတွက် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း အကြား အသုံးပြုပြီး မြန်မာနိုင်ငံတွင်မူ
လန်ဒန်အခြေစိုက် International Institute for Strategic Studies မှ ထုတ်ပြန်သည့်
မှတ်တမ်းအရ ၀.၄ ရာခိုင်နှုန်း အသုံးပြုသည်ဟု စိတ်မကောင်းဖွယ်ရာ သိရသည်။
အင်တာနက် မြန်ဆန်
ထို့အပြင် စင်္ကာပူနှင့် ပတ်သက်၍ ပြောချင်သည်က စာတတ်မြောက်မှုနှုန်းနှင့် ကွန်ပျူတာ
တတ်ကျွမ်းမှုနှုန်း (Computer Literacy) မြင့်မားခြင်း ဖြစ်သည်။ အင်တာနက်သုံးစွဲမှုနှုန်း
မှာလည်း ၂၀၀၃ ခုနှစ်တွင် ၆၅% ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၇၆% အထိ တိုးတက်လာခဲ့သည်။
အင်တာနက်အမြန်နှုန်းတွင်လည်း 2Mbps မှ 10 Mbps သုံးစွဲသူ စုစုပေါင်းမှာ ၂၀၀၅ ခုနှစ်
တွင် ၅ သိန်းခဲ့သာ ရှိခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် ၁.၅ သန်း နီးပါး ရှိလာခဲ့သည်။ နိုင်ငံတ
ကာတွင် အင်တာနက် အမြန်နှုန်း သူထက်ငါ မြန်ဆန်အောင် ကြိုးစားနေချိန်တွင် ကျွန်တော်တို့
နိုင်ငံမှာတော့ အီးမေးလ်လေး တစ်ခု ပို့ဖို့ အတော် အချိန်ယူနေရသည်။ စင်္ကာပူတွင် အင်တာ
နက်ပေါ်မှ ရုပ်ရှင်တစ်ကား ကြည့်ရန် အတွက် မိနစ် ၂၀ ခန့်သာ Download လုပ်သည်ကို
စောင့်ရပါသည်။ နောက်ပြီး Video Conferencing လုပ်လို့ ရနေသည်။ ရန်ကုန်မှာတော့
အင်တာနက်ကဖေးမှ တဆင့် Voice Chat လောက် လုပ်သည်ကိုပင် အင်တာနက်လိုင်းက
ပြတ်လိုက်တောက်လိုက်နှင့် ခန္တီစ တရားကို အာရုံပြုနေရသည်။ အဓိကကျသည့် အချက်က
စင်္ကာပူတွင် အင်တာနက်သုံးစွဲရန် အဖိုးအခမှာ များစွာ သက်သာနေသော်လည်း မြန်မာနိုင်ငံ
တွင်မူ နိုင်ငံတကာနှင့် ယှဉ်ပါက အဆများစွာ ပေးနေရပြီး အင်တာနက်လိုင်းများမှာလည်း
အလွန်တရာ နှေးကွေးဆဲဖြစ်သည်။ အင်တာနက် အမြန်လမ်းမကြီးပေါ်တွင် စင်္ကာပူက
ပြိုင်ကားနှင့် မောင်းနှင်နေချိန်ဝယ် မြန်မာနိုင်ငံက ဆိုက်ကားနှင့် ယှဉ်မောင်းနေ၍
မသင့်တော့ပါ။
ဘဏ်စနစ်ကောင်းမွန်
စင်္ကာပူ၏ ဘဏ်စနစ်မှာလည်း သုံးစွဲသူများ အဆင်ပြေစေရန် ဖန်တီးပေးထားသည်။
အေတီအမ်စက်များက နေရာတိုင်းလိုလိုမှာ ရှိနေသည်။ NETS ဟု ခေါ်သည့် စနစ်ဖြင့်
အေတီအမ်ကဒ်များကို အသုံးပြုပြီးလည်း ဈေးဝယ်စင်တာများ၊ စူပါမားကတ်များ၊
စားသောက်ဆိုင်များတွင် ပေးနိုင်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အသုံးပြုနိုင်ရန်
Myanmar Payment Union (MPU) ကို ကြိုးစားလုပ်ကိုင်နေသည်ဟု သတင်းတစ်ပုဒ်
ထဲတွင် ဖတ်လိုက်ရသည်။ လက်ကျန် ရှင်းတမ်းကြည့်ခြင်း၊ ငွေထုတ်ငွေသွင်း စာရင်းကြည့်ခြင်း
၊ ငွေလွှဲခြင်း၊ ဘီလ်များဆောင်ခြင်းတို့ကိုလည်း အင်တာနက်မှ တဆင့် အချိန်မရွေး
လုပ်ဆောင်နိုင်သည်။ ထို့ပြင် ငွေသွင်းစက် (Cash Deposit Machine) များမှ တဆင့်
မိမိဘဏ်အကောင့်ထဲသို့ ငွေသွင်းခြင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် အိမ်ဝယ်ခြင်း၊
ကားဝယ်ခြင်း၊ စီးပွားရေး လုပ်ငန်း စတင်ခြင်း စသည့် ကိစ္စ အ၀၀တွင် ဘဏ်များထံမှ
ချေးငွေရယူ၍ သင့်တင့်သည့် အတိုးနှုန်းဖြင့် အရစ်ကျပြန်လည် ပေးဆပ်နိုင်ပါသည်။
အိမ်ဝယ်ရာတွင် နှစ် ၂၀ မှ နှစ် ၃၀ အထိ အရစ်ကျ ပေးဆပ်နိုင်သလို ကားဝယ်ရာတွင်
လည်း ၁၀ နှစ် အထိ အရစ်ကျ ပေးဆပ်နိုင်သည်ဟု သိရသည်။
အလုပ်အကိုင်ဖန်တီးမှု
စင်္ကာပူတွင် အလုပ်အကိုင်ဖန်တီးမှု မြင့်မားပြီး အလုပ်လက်မဲ့နှုန်းမှာ စက်တင်ဘာ ၂၀၁၁
တွင် ထုတ်ပြန်သော စာရင်းဇယားအရ ၂ ရာခိုင်နှုန်းသာ ရှိသည်။ လက်ရှိ အလုပ်လုပ်ကိုင်နေ
သူ လုပ်သား စုစုပေါင်း ၃.၁၉ သန်း ရှိသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၅ သိန်း ၄ သောင်းကျော် ရှိပြီး ဆောက်လုပ်ရေးကဏ္ဍတွင် လုပ်ကိုင်နေသူ
စုစုပေါင်း ၄ သိန်းကျော်ရှိသည်။ စင်္ကာပူရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေကြသည့်
မြန်မာများမှာလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာခဲ့သလို သင်္ဘောကျင်းနှင့်
ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသူများ၊ အင်ဂျင်နီယာများ၊ ဆေးရုံဆေးခန်းများ
တွင် လုပ်ကိုင်နေသော ဆရာဝန်များ၊ သူနာပြုများ၊ ကွန်ပျူတာပညာရှင်များ၊ စာရင်းကိုင်များ
စသဖြင့် များစွာ ရှိသည်။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ထုတ်ဝေသည့် စင်္ကာပူနိုင်ငံထုတ်
The Straits Times သတင်းစာက ရေးသားရာ၌ တရားဝင်ထုတ်ပြန်သည့် စာရင်းမှာ ၅
သောင်းမှ ၆သောင်းကြား ဖြစ်သော်လည်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ လာရောက်
အလုပ် လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းရသည်ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။
ပွင့်-လင်း-မြင်-သာ
စင်္ကာပူနှင့် ရန်ကုန်တို့၏ ကွာခြားချက်များစွာ ကျန်ပါလိမ့်ဦးမည်။ သို့သော် အထက်ဖော်ပြပါ
အချက်များတွင် စင်္ကာပူနှင့် ရင်ဘောင်တန်းနိုင်ပြီ ဆိုလျှင် ကျေနပ်ပါသည်။ ထို့ကြောင့်
တာဝန်ရှိသူ အားလုံး မိမိကျရာ အခန်းကဏ္ဍမှ ကြိုးစားပေးစေလိုပါသည်။ စင်္ကာပူနှင့် နိုင်ငံ
အသီးသီးတွင် ရောက်ရှိကာ ပညာသင်နေသော၊ လုပ်ငန်းခွင်တွင် ရောက်နေသော လူငယ်
လူရွယ်များစွာ ရှိပါသည်။ ထို လူငယ်လူရွယ်များ ပြည်တော်ပြန်ရန် ခေါ်နေရုံဖြင့် မဖြစ်ဘဲ
လုံလောက် ကောင်းမွန်သည့် အခြေအနေများကို ဖန်တီးပေးစေလိုပါသည်။ သို့မဟုတ်လျှင်
မြန်မာနိုင်ငံတွင် မွေးသော လူတော်များကို စင်္ကာပူက အဆင်သင့် မွေးစားသွားသည့် အဖြစ်မျိုး
ပိုမို ကြုံတွေ့ရပါလိမ့်မည်။ ဧရာဝတီမြစ် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ စင်္ကာပူတွင်
လာရောက်ဟောပြောသွားသော ဆရာအော်ပီကျယ်၏ စကားနှင့် ဆိုရလျှင် ပွင့်လင်းမြင်သာမှု
(Transparency) ရှိဖို့ အရေးကြီးပါသည်။ ပိတ်ထားလျှင် မှောင်နေပါလိမ့်မည်။ ပွင့်မှ လင်းမည်။
လင်းမှ မြင်ပါမည်။ မြင်မှ သာ(ယာ) ၀ပြောပါလိမ့်မည်။ မည်မျှပင် နောက်ကျနေပါစေ။
ကျွန်တော်တို့ အတူတကွ တွန်းတင်ကြရပါမည်။ သူများ ခြေတလှမ်းလှမ်းလျှင်
အလှမ်းပေါင်းများစွာ လှမ်းကြဖို့ လိုပါမည်။ ကျွန်တော်တို့ မြန်မာပြည်သားများ ညီညီညွတ်ညွတ်
စည်းစည်းလုံးလုံးဖြင့် ကြိုးစားကြမည်ဆိုလျှင် စင်္ကာပူကို ဆယ်စုနှစ်အနည်းငယ်အတွင်း
ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ လူကြီးမင်းတို့၏ ဖုန်းများ ဆက်သွယ်မှု
ဧရိယာပြင်ပသို့ ရောက်နေခြင်း မရှိမှသာ လျင်မြန်စွာ ရွေ့လျောနေသည့် ကမ္ဘာကြီးနှင့်
ကျွန်တော်တို့ မြန်မာနိုင်ငံသားများ ပြန်လည် ချိတ်ဆက်မိမည် ဖြစ်ပါကြောင်း။
ညီညီ (သံလွင်) ၏ Facebook စာမျက် နှာ မှ ဤ ဆောင်းပါး ကို ရယူပါသည်။
ကိုးကား။
၁။ IDA’s Annual Survey on Infocomm Usage in Households and by Individuals for 2008

စလုံးကိုအထင်မကြီးရအောင် တို့နိုင်ငံကအစိုးရ ရုံးခန်းအစိုးရဆေးရုံး ဆေးရုံး ပုဂ္ဂလိ ဆေးရုံတွေမဟုတ်ဘူးနော် စလုံးမှာရှိခုလက်ရှိသုံးနေတဲ့ အိမ်သာလောက်ကောင်းလို့လားရောက်ဖူးတဲ့သူတွေဘဲ သိမှာပါ ဒီမယ်းးးးးးတိုးတက်ချစ်သူ ခုလက်ရှိသု့းနေတဲ့မြန်မာနိုင်ငံ အစိုးရအဆောက်တွေဟာ အဂ်လိပ်ခေတ်တုန်းက ဆောက်ထားခဲ့တာတွေပါ ဒါတွေကိုတောင်သန့်သန့်ရှင်းအောင်မထားတက်ဘူးမင်းသွားကြည့်လိုက်ပါရုံးပေါ်မှာအပင်လေးတွေတွေ့ရလိမ့်မယ် အဲဒီအပင်ကသူတို့စိတ်ထားတယ်မဟုတ်ဘူးနော် သူ့အလိုလိုပေါက်လာတာပါ သွားကြည့်လိုက်ပေါ့သန့်ရှင်းလုပ်မယ့်သူမရှိဘူးထင်တာဘဲ မင်းဘာသာမရှိဘူးလူမျိုးမရှိဘူးဆို မရှိတော့ဘာဖြစ်လို့လဲ တို့နိုင်ငံမှာဘာသာ သာသာတွေရှိတယ်လူမျိုးရှိတယ် အဲဒီဘာသာကို ဒီအစိုးရကဘဲ နည်းအမျိုးမျိုး ပျက်ဆီးနေတာလေ အစိုးရ ကဘုရားရဲ့သားတွေဖြစ်တဲ့ ဆရာတော်တွေကို တောင်ဒီလောက်နှိပ်စက်နေတာထောင်ကျနေတာ မင်းမမြင်ဘူးလား …….တိုးတက်ချစ်သူ ………. မင်းပြောတော့လူးမျိုးတဲ့ လူမျိုတွေကိုလည်းဘယ်မှာအရေးပေးလို့လဲ လက် နက်အားကိုးနဲ့ တိုင်းရင်းသားတွေ အနိုင်ကျင့်နေတာလေ ပိုက် ဆံရှိတော့ဘာလုပ်လဲသိလားတို့နိုင်ငံမှာ ပညာရေး လူမှူ့ရေးလား ဘာသာရေးလား နိုင်ငံကောင်းစားဖို့လဲသိလား ရုရှားက စစ်လက်နက်တွေဝယ်တယ် ကျန်တဲ့ပိုက်ဆံတွေကို သူတို့သားသမီးတွေအတွက် ပြည်ပနိုင်ငံ တွေမှာစုထားတယ်လေလက်နက်တွေကတော့သိတဲ့အတိုင်းဘဲ ပြည်သူတွေကိုသတ်ဖို့လေ သူတို့တွေ တောင်အကျင့်မကောင့်ရင်အောက်ကလူတွေကိုပြောစရာတောင်လိုမယ်မထင်ပါ စလုံးကိုတစ်သက်တစ်ကမ္ဘာမမှီးနိုင်ပါဘူး စလုံးကလူတွေကိုနှစ်အကန့်သတ်မရှိအိပ်ခိုင်းရမယ် ကျနော်နိုင်ငံကိုတိုးတက်စေချင်ရင် သူတို့စိတ်ဓာတ်တွေကို အရင် ပြင်ရအုံးမယ်နော် အသိပညာကနည်းလွန်းတယ်ရှေ့ကိုကြိုမမြင်တက်ဘူး သူများနိုင်ငံကခိုးလို့တောင်မကူးချတက်ဘူး သူများနိုင်ငံကိုမရောက်ထူးဘူးမသိဘူး ဦးသိန်းစိန်လဲ ပညာမှမတက်တာ ..အဂ်လိပ်စကားတောင်ကောင်းကောင်းမပြောတက်ဘူးဘာသာပြန်ထားရတယ်သူများနိုင်ငံမှာ လမ်းတွေတံတားတွေ နည်းပညာတွေ ဆက်သွယ်ရေးဘယ်လောက်ကောင်းတယ်ဆိုတာသွားမှမသွားဖူးတာ ဘယ်သိမှာလဲ ကမ္ဘာကျနော်တို့နိုင်ငံလောက်သယံဇာတထွက်ရှိတဲ့နိုင်ငံတွေမရှိသလောက်ရှားတယ်ထွက်ရှိတဲ့သယံဇာတတွေကိုသာနိုင်ငံတော်တွက်သုံးမယ်ဆိုရင်..(နွားတဲ)..ပါမကျန်မီးပေးလို့၇တယ်လက်ရှိလိုအပ်တာကိုပြောရမယ်ဆိုရင်တော့နိုင်ငံသားတိုင်းခုလက်ရှိအလုပ်လက်မဲ့တွေများနေတယ်နိုင်ငံခြားကစက်ရုံအလုပ်ရုံတွေမရှိတော့ဘယ်သူကအလုပ်ချပေးမှာလဲကျနော် ကိုယ့်နိုင်ငံကိုအထင် မ small ချင်ပါဘူးဗျာ ဒါပေမဲ့အထင်ကြီးစရာတစ်ခုမှမရှိတာကို ဖုန်းကဒ်တစ်ခုကို 5သိန်းတောင်ပေးရတယ် ဖုန်းပါတိုင်ပါဆို အိမ်ဖုန်းလုပ်ရင်8သိန်းလောက်ကုန်တယ်နယ်မှာဆိုရင်ပေါ့သူများနိုင်ငံမှာဆိုအလုပ်လက်တွေနည်းတယ် တစ်အိမ်မှာ မိသားစု5ယောက်ရှိရင် 5ယောက်လုံးအလုပ်ရှိကြတယ် တစ်ယောက်လုပ်အားနဲ့ မိသားစုတစ်စုစားလို့ရတယ်အဲဒါဘယ်သူတွေအသုံးမကျတာလဲ တော်ပြီဗျာ ပြောစရာများလို့မပြောတော့ဘူး
အခုဒီထဲမှာ ကောင်းတာပြောတဲ့လူရော၊ မကောင်းတာ ပြောတဲ့လူပါ.. သေချာတာတစ်ခုက ကိုယ့်နိုင်ငံကို တိုးတက်စေချင်တဲ့စိတ်ရင်းရှိတာကတော့ အသေအချာပါ။ တကယ်တမ်းတိုးတက်ဖို့က လူသားအရင်းအမြစ်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ပဲ။ စစ်တပ်ကလာတဲ့ စစ်ဗိုလ်ဆိုတာနဲ့ အလုံးစုံတတ်မြောက်နေပြီလို့ထင်၊ သွေးနထင်ရောက်ပြီး ထင်ရာစိုင်းခဲ့တဲ့ နှစ်၅၀ကျော်ခရီးမှာ မြန်မာပြည်ကြီးလဲ ဖွတ်မွဲပြာကျ ဖြစ်နေပါပြီ။ ပြည်သူသာအမိ.. ပြည်သူသာအဖ ဆိုတဲ့ မော်တိုကို ပြောင်းမသုံးသမျှ ဒီလိုပဲဆက်သွားနေဦးမှာပဲ။ သမ္မတဦးသိန်းစိန်ရဲ့ ပါးစပ်က ရန်ကုန်မြို့ကြီးကို တိုးတက်စေချင်တဲ့ ဒီလိုစကားထွက်လာဖော်ရတာပဲ ၀မ်းသာလှပါပြီဗျာ။
နိုင်ငံသားတွေဘက်ကနေ အကြံပြုပေးတဲ့အတွက် မိတ်ဆွေကို တကယ်ပင် ကျေးဇူးတင်ပါတယ်။
မိတ်ဆွေရဲ့ ညွှန်ပြချက်တွေကို ကျွန်တော် လက်ခံပါတယ်။ မြန်မာနိုင်ငံသားတိုင်းသာ ထိထက်ပိုပြီး စည်းကမ်းရှိ ပြီး ဖြစ်ချင်စိတ်ရှိမယ် ဆိုရင် ကျွန်တော်တို့ရဲ့ နိုင်ငံဟာ နောင် ၁၀ နှစ်မှာ ဖွံ့ဖြိုးတိုးတက်ပြီး ခေတ်ကိုကျော်လွှား နိုင်မဲ့ နိုင်ငံ တစ်ခုဖြစ်လာမှာပါ။
dear all,
i believe that our country will have to improve.
i accept that nyinyi(thanlwin) saying.
now, all citizen have to be being self-confidence.
singapore . what singapore ?.
now, i stay at singapore.
i am not covet singapore
i love my country.
i do love my country.
when u came s’pore brother
ဘယ်သူတွေဘယ်လိုဘဲ ပြောကြပါစေ၊ ကိုယ်တိုင်ပါဝင်ပြီး အခုစတင်လုပ်ကြည့်ပါ၊ အလုပ်တစ်ခုဆိုတာ စဖို့ဘဲ လိုတယ် အဆုံးကတော့ သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ်၊ မောင်ရင်တို့ တကယ်တိုးတက်ချင်ရင် ပေါ့
ငါလဲ မင်းတို့လဲ ဝေဖန်တတ်တယ်၊ မြန်မာတွေပဲကွာ အရှေ့ကနေလုပ်ပြဖို့သာမတတ်တာ ဝေဖန်ရေးကတော့ လူတိုင်းတတ်ပါတယ်၊
(1) ပညာရေးစနစ်ကိုမြှင့်တင်ပေးပါ။
(၂) ကျန်းမာရေးအတွက် ကနေဒါနိုင်ငံကဲ့သို့ care card စနစ်ထားပေးပါ။
(၃)စားဝတ်နေရေး ပြေလည်စေရန် အလုပ်အကိုင် အခွင့်အလမ်းများ ထားရှိပေးပါ။
(၄) ချဲထီ ၂လုံး စသောလောင်းကစားမှုများ အခြေအမြစ်မရှိလုပ်ကိုင်စားသောက်နေကြသော
ပွဲစားမျိုးစုံစနစ်ကို ပပျောက်အောင် ထိထိရောက်ရောက်ဆောင်ရွက်ပေးပါ။
(၅)လဒ်ပေး လဒ်ယူနှင့်( အောက်ဆိုက်)ဟုခေါ်သော အချောင်စား ခိုးစားနေကြသောဝန်ထမ်းရာထူး
ကြီးငယ်များကို ပပျောက်အောင်လုပ်ပေးပါ။
နိုင်ငံသားများမှလည်း အရွယ်ရောက်သူတိုင်း မိမိခြေထောက်ပေါ်မိမိရပ်နိုင်အောင်ကြိုးစားရမည်
လဘက်ရည်ဆိုင် လောင်းကစားတွင်အချိန်ကုန်မခံပဲ စားဝတ်နေရေးပြသနာအတွက် ဖြေရှင်းရန်
အလုပ်လုပ်ပါ..(တိုးတက်သောနိုင်ငံတိုင်းတွင် ဆင်းရဲချမ်းသာမရွေး အရွယ်ရောက်သူတိုင်း ကိုယ်ဝန်ကိုယ်ထမ်းကြသည်မှာ ရုဏ်ယူစရာဖြစ်ပါသည်)
မိဘက ချမ်းသာလို့ အရာရှိဖြစ်လို့ ဆိုပြီး နို့သက်မခံကြ၊(Your Stand)
ကိုယ်သုံးချင်လျင် ကိုယ့်ခွန်အားနှင့် သမာအာဇီဝကျကျ စားပွဲထိုးလည်းဝင်လုပ်ရဲကြသည်
ကျောင်းသားများကျောင်းပိတ်လျင်..ပုဂံလည်းဝင်ဆေးရဲကြသည်၊အမှိုက်လည်းကျုံးရဲကြသည်
…ကျောင်းပညာမှာကိုယ်ခြေထောက်ပေါ်ရပ်နိုင်ရန်
တခါထဲသင်ကြားပေးသည် (မြန်မာပြည်သားများလို အလကားရှက်ကြောက်မနေ)
မဟုတ်တာလုပ်ပြီးငွေရှာရမှာကိုသာ ရှက်ကြောက်ကြသည်
မြန်မာမိန်းကလေးများ အဆင်မပြေလို့ မုံ့ဟင်းခါး အသုတ်ထွက်ရောင်းဘို့ရှက်တတ်ကြသည်
မဟုတ်တာလုပ်ဘို့ကျတော့ မရှက်ကြောက်တတ်ကြ
အားလုံးပြုပြင်နိုင်အောင် လက်ရှိအစိုးရမှ စနစ်ကောင်းကို တည်ဆောက်ဘို့ အရေးကြီးပါသည်..
နောက်လာနောက်သားတွေ..တိုးတက် ဖွံ့ဖြိုးလာမည်ဆိုလျင် ကျေနပ်ပါသည်
မြန်မာပြည်ကြီးမှာ တကယ်ဆုံးရှုံးနေတာ လူငယ်အင်အားနဲ့၊ပညာတတ်တွေအများဆုံး
ပြည်ပကိုရောက်ကုန်ကြတာ နှစ်များစွာကြာပြီး သူများနိုင်ငံတွေအတွက် အကျိုးပြုနေကြရတာ
မြန်မာပြည်အတွက်ရင်နာစရာပါ…ဒီလိုမဖြစ်အောင်..ကိုယ့်နိုင်ငံမှာ..အကျိုးပြုနိုင်အောင်
အခွင့်အလမ်းများပေးဘို့က အစိုးရမှာ အများဆုံးတာဝန်ရှိပါတယ်..
ကဲ ကိုယ့်ဆရာတို့ရေ
ဝင်ဆွေးနွေးလိုက်ဦးမယ်
၁၉၉၃ ကစပြီး စင်ကာပူမှာ အလုပ်စလုပ်ခဲ့တာပါ
စင်ကာပူ နဲ့ မြန်မာ ကွာခြားချက်၊ လိုအပ်ချက်တွေ ကို နှိုင်းယှဉ်ပြီး စိတ်ပျက် လက်ပျက်နဲ့ ထိုင်နေတော့မှာလား
စင်ကာပူ မလေးကနေ စခွဲထွက်တဲ့ အချိန်မှာ မရိုသေစကား ( ဇလားအိမ်သာ သုံးနေရတုံးပါ)
မသိသေးသူများအတွက် ရှင်းပြရရင်တော့
အိမ်သာအောက်မှာ သစ်သားပုံးတစ်ခုခံထားပြီး မနက်တိုင်း ကုလားတစ်ယောက်က လိုက်သိမ်းပြီး ပုံးခွံတစ်ခုလဲ လှယ်တဲ့ စနစ်ပါ
အဲဒီ ဘ၀ကနေ စခဲ့တာပါ
ခုစင်ကာပူကတော့ အားလုံးသိကြတဲ့ အတိုင်းပါ၊ ရှင်းပြမနေတော့ပါဘူး
ဒီတော့ မိမိ မှာ ရှိထားတဲ့ အတွေ့အကြုံ ဗဟုသုတတွေနဲ့ မိမိနိုင်ဘယ် လိုတိုးတက်အောင်လုပ်ပေးကြမလဲ ဆိုတာကို ကျွန်တော်တို့ မသေခင်၊ သေပြီး သားသမီး တွေ လွယ်လွယ်ကူကူ ဆက်လုပ်နိုင်ကြရအောင် လမ်းခင်းပေးခဲ့ ကြပါစို့လား
စင်္ကာပူနဲ့ တူအောင် အယင်ဆုံးလုပ်သင့်သည့် အရာများ။။။။
လမ်းမပေါ် ခွေးလေခွေးလင့်များ မရှိရ။ ကြွက်လုံးဝ ကင်းရှင်းရမည်။
ခိုများ လုံးဝမရှိအောင်လုပ်ရမည်။ စင်္ကာပူတွင် ကျီးကန်း သုတ်သင်
သည့် အဖွဲ့ထားရှိပြီး ကျီးကန်းများကို စံနစ်တကျသုတ်သင်သည်။
ပိုးဟတ် ခြင် ကို စံနစ်တကျ ကာကွယ် သုတ်သင်သည်။ဂျပိုး မနိုင်ပါ။
ရေဆိုးနံ့ မြောင်းပုတ်နံ့ အိမ်သာနံ့ တစ်ပြည်လုံးတွင် မနံပါ။
စင်္ကာပူ ဘယ်နေရာမှာမဆို ညအိပ်လျှင် ခြင်ထောင်လုံးဝ မလိုပါ။
လူကြီးတွေ ဆေးကုသွားတာ ဈေးဝယ်ထွက်တာ စင်္ကာပူပါ။စစ်တပ်ထုံးစံအတိုင်း ကြည့်လုပ်လိုက်တာနဲ့ လွယ်လွယ် ဖြစ်မယ်ထင်ကြတယ်။တသက်လုံးလဲ အမိန့်ပေး လုပ်လာတော့ လူကြီးပြန်မလာသေးဘူး အမိန့်
က ရန်ကုန်ရောက်နေဘီ။ဘာတဲ့ စင်္ကာပူနဲ့တူအောင်လုပ်ကြတဲ့။စင်္ကာပူလို စတိုးဆိုင်လုပ် အမ်အာတီလုပ်။
မြန်မာပြည်မှာက တစ်ဒေါ်လာ ၆ကျပ်ခွဲလား ၈၀၀ လားမလုပ်နိုင်သေးဘူး။အစိုးရဈေးက တစ်မျိုး ပြင်ပဈေး
တစ်မျိုး။အဓိကကျတဲ့ ငွေဈေးကို မပြင်နိုင်မချင်း စင်္ကာပူကို စိတ်ကူးမယဉ်ချင်ပါနဲ့။နောက် စင်္ကာပူမှာ ပညာ
ရှင်က လွတ်လပ်စွာကွပ်ကဲ နိုင်ခွင့်ရှိတယ်။ဒါကြောင့်လဲ မြန်မာအစိုးရ ကန်ထုတ်ထားတဲ့ ပညာရှင်တွေနဲ့ စင်္ကာ
ပူက ယနေ့ မောင်းနှင်နေတာပါ။တန်ဘိုးထားတယ် တန်တဲ့အခပေးတယ်။အာမခံချက်ရှိတယ် ဆေ့ဖြစ်တယ်။
ဘယ်စစ်တပ် ဘယ်ဘောင်းဘီချွတ်မှ မရှိသလို အာဏာပြတာမရှိ သဘောတရားရေးသင်တန်းမရှိ။တိုင်းပြည်
ချစ်ဘို့ အချုပ်အချာအာဏာအကြောင်းပြောသူမရှိ။အလုပ်တော်ယင် စံဘဲ။မြန်မာပြည်မှာ ဒီလိုဦးနှောက်များ
နဲ့ စင်္ကာပူကို လိုက်ဘို့ဆိုတာ………..တော်တော်ဝေးသေးပါတယ်။
ုkyawswar
ပြောတာမှန်ပါတယ်။ ကိုယ့်နိုင်ငံကိုယ်အယ့်ဒီလောက်မနှိမ်သင့်ပါဘူးကွယ်။ အခုအစိုး၇ကတာတကယ်လုပ်မယ်ဆို၇င်တော့….နောင်တစ်ချိန်မှာတကယ်ဖြစ်နိုင်ပါတယ်။
ဟုတ်တာပေါ့ … ဖြစ်နိုင်တာပေါ့ … သူများတွေက သက္ကရာဇ် ၂၁၀၀ ရောက်ရင် မြန်မာနိုင်ငံက ၂၀၁၀ ခုနှစ်လောက်တော့ ရောက်နေမှာပေါ့… အမှန်ပဲ …
မှန်ပါတယ်။ အဲဒီလောက် မနှိမ်သင့်ပါဘူး။ နောက် (၁၀)နှစ်လောက်ကြာရင် အဲဒီလိုလူတွေဘာပြောမလဲ သိချင်တယ်။
အကြံပေးရမဲ့အစား ဘယ်လိုတည်ဆောက်ရမယ် မသိတဲ့သူတွေက ဘာတွေပျက်စီးနေပါတယ်ဆိုတဲ့ comment တွေကိုပဲ ၀ိုင်းပေးနေကြတယ်
ဒီမိုကရေစီ အခွင့်အရေးနဲ့တူပါရဲ့
အစိုးရကလည်းဖြစ်နိုင်တာပဲ အာသင့်တာပေါ့ စင်္ကာပူကို အမှီလိုက်တယ်ဆိုတာတော့ ဖြစ်နိုင်တယ် ဒါပေမေ့ လက်ရှိစင်္ကာပူအခြေအနေကိုပဲ နောင်နှစ်ပေါင်းဘယ်လောက် ဆိုတာလဲပြောပါအုံး စင်္ကာပူလိုနိုင်ငံမျိုးကို ကျော်တက်မယ်ဆိုရင်တော့ စင်္ကာပူက လူတွေ အကုန်အိပ်နေမှ ဖြစ်မှာပေါ့။
အမှန်ဆုံးပဲ … စင်္ကာပူကလူတွေကို အိပ်ခိုင်းထားပြီး … မြန်မာနိုင်ငံကို တိုးတက်အောင် အမြန်ဆုံးလုပ်သင့်ပါတယ် … ဒါမှ မှီနိုင်မှာပါ …
Every politicians have two duties on historical value & civil value for country & all national peoples and so,the civil modernization of Rangoon city of Burma will be civil value as Singapore and should do Rangoon as Washington.DC,U.S.A and may become because Rangoon could have necessary features & geo-comunications for international city of country.
ကျွန်တော် ရန်ကုန်စည်ပင်မှာ ၁၈ နှစ်လုပ်ခဲ့ပြီး ခု စင်္ကာပူ LTA မှာ အလုပ်လုပ်နေသူပါ။ရန်ကုန်မှာက အင်္ဂလိပ်
လုပ်ခဲ့တဲ့ မလ္လာ ရေဆိုးထွက်ပေါက်တွေကို ယခင်အတိုင်း Function ဖြစ်အောင်မလုပ်နိုင်တော့ဘူး။အင်္ဂလိပ်ခေတ်ကအတိုင်း သန့်ရှင်းအောင်လုပ်နိုင်သေးယင် ရန်ကုန် ဒီလောက်မဆိုးဘူး။ရန်ကုန်လမ်းတွေကိုကြည့်ပါ ကတ္တရာထပ်တင် ထပ်တင်နဲ့ လမ်းဘေးပလက်ဖောင်းနိမ့် ကားလမ်းတွေမြင့်တက်
မိုးနဲနဲရွာတာနဲ့ အိမ်ထဲရေ၀င် ဆိုးတာက ကားဘရိတ်ပေါက်ယင်တောင် အိမ်ထဲရောက်နိုင်တယ်။စင်္ကာပူအစိုးရ
ထံအလုပ်လုပ်ရတာ ကိုယ့်အလုပ်ကိုယ်လုပ်ယုံပါ ဘယ်သူ့မကြောက်ရသလို ဘယ်သူ့မဖားရပါ။နည်းပညာတိုးတက်ဘို့ သင်တန်းကလွဲလို့ ဘာသဘောတရားသင်တန်းမှတက်ရန်မလိုပါ။စင်္ကာပူတစ်ပါတီစံနစ်
ကပြည်သူတွေကို အစိုးရစည်ပင်လုပ်ငန်းတွေကို Feedback လုပ်ခွင့်၊လမ်းပေါက်ကြောင့် ကားဆိုင်ကယ်အက်
စီးဒင့်ဖြစ်ယင် လျှော်ကြေးတောင်းခွင့် အကုန်ပေးထားပါတယ်။ဘယ်ဌာနမှာမှ စစ်သားမတွေ့ရသလို အင်ဂျင်နီယာမဖြစ်ဘဲ အင်ဂျင်နီယာလုပ်ငန်းများမှာ လုပ်ခွင့်မပေးပါဘူး။မြန်မာအစိုးရကတော့ တည်ဆောက်
မှုငွေရှာမှု လုပ်တတ်ဘို့အသာထား အစိုးရက ကောက်ခံရမဲ့ငွေကိုတောင် ပြည်သူတွေထံက အဆင်ပြေအောင်
မကောက်တတ်ပါဘူး။ဒီလိုအရည်အချင်းတွေနဲ့ စင်္ကာပူမှီဘို့ နှစ်၂၀၀ ဘယ်လိုမှ မရနိုင်ပါဘူး။မူလတန်းအဆင့်
ကလေးကအစ အကုန်သာလွန်သွားပါဘီ။
ဘယ်အင်ဂျင်နီယာမဖြစ်ပဲ အင်ဂျင်နီယာလုပ်ခွင့်မပေးတဲ့။ သေချာစုံစမ်းကြည့်ပါဦး။ဟ..ဟ။
ပြောတာတောင်နည်းသေးတယ် … ဒါထက်ပိုပြောသင့်တယ် … တခုမှကောင်းကွက်မရှိဘူး … အခုဆို အသက်မပြည့်သေးတဲ့ ကောင်မလေးတွေပါ ယောင်္ကျားတွေအတွက် ဖျော်ဖြေရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်နေရတဲ့ အနေအထားဆိုရင် တော်တော်လေးသဘောပေါက်သင့်နေပြီ … နိုင်ငံမကောင်းတာမဟုတ်ဘူး လူကြီးတွေ နိုင်ငံအုပ်ချုပ်နေတဲ့သူတွေေ-ာက်သုံးမကျတာ … သူတို့ကိုယ်တိုင် ပညာမတတ်တာက နိုင်ငံတကာနဲ့ နှိုင်းယှဉ်ဖို့အတွက် တော်တော်အသုံးမကျတဲ့ အရည်အချင်းပဲ …
ချိန်တန်ပြီ။ မင်းယောကျာင်္လား၊ မိန်းမလားတော့ မသိဘူး။ သေချာတော့ စလုံးကိုတော်တော်အထင်ကြီးနေတာပဲ။ အေး။ ငါလဲစလုံး (Jurong East) မှာနေတာပဲ။ ဘယ်တော့မှ စလုံးကိုမကြိုက်ဘူး။ အထင်လဲမကြီးဘူး။ ဘာသာတရားမရှိ။ လူမျိုးမရှိ နိုင်ငံ။ ဘယ်မှာလဲယဉ်ကျေးမှူ။ အေး။ မင်းလိုကောင်မျိုး ငါတို့နိုင်ငံတိုးတက်မှာ အမြီးနှံပြီးပြန်မလာနှင့်။
မသိတါတွေကိုတင်ပြပေးတါကျေးဇူးပါ။
ပြဿနာအားလုံးရဲ့ရင်းမြစ်က ကိုယ်နဲ့မအပ်စပ်ပါလျက်နဲ့ နိုင်ငံ့အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုအာဏာနဲ့ တရားစီရင်ရေးအာဏာတွေကို ရယူထားတဲ့ ဗမာစစ်ဗိုလ်ချုပ် (လက်ရှိ၊ လက်ဟောင်း) တွေနဲ့ဆိုင်တယ်။ လီကွမ်ယူက ကင်းဘရစ်ခ်ျမှာ သူ့နှစ်အတွက် Roll 1 နဲ့ဆင်းလာတဲ့လို့ကြားဖူးပါတယ်။ သူ့မိန်းမ ချူး ကလဲ ကင်းဘရစ်ခ်ျဆင်းဖြစ်ပြီး သူ့ထက်တော်တယ်လို့ဆိုကြပါတယ်။
ဗမာပြည်မှာသမ္မတလုပ်နေတဲ့သိန်းစိန်ကအစ ပညာရေးအားနည်းတဲ့၊ ညံ့ဖျင်းပြီး အကျင့်ပျက်ခြစားနေတဲ့ စစ်ဗိုလ်ချုပ်အားလုံးက ပညာတတ်ဖို့ခဏထားပါဦး။ အင်္ဂလိပ်စကားတောင်အလုပ်ဖြစ်တဲ့အဆင့်ထိ မပြောတတ်ကြပါဘူး။ သိန်းစိန်နဲ့ဟီလာရီကလင်တန်စကားပြောတော့ စကားပြန်ထားရတာကိုကြည့်ပါ။ ပညာမဲ့သူခိုး-ဒမြတွေ အုပ်ချုပ်တော့ နောက် အနှစ် ၂၀၀ အတွင်းမှာတောင် စင်္ကာပူလိုမဖြစ်လာနိုင်ပါဘူး။ စင်္ကာပူတို့အားကျခဲ့တဲ့ ဗမာပြည်ဆိုတာကလဲ အင်္ဂလိပ်တည်ဆောက်ခဲ့တာပါ။ ဗမာတွေဆောက်တဲ့ မြို့သစ်တွေ..သာကေတ၊ သုဝဏ္ဏ၊ …နေပြည်တော်အဆုံး မြေအောက်မိလ္လာပိုက်လိုင်းစနစ်၊ အမှိုက်သိမ်းစနစ်တွေတာင် မရှိသလို ၁၉ ရာစု နှောင်းပိုင်း မှာ အင်္ဂလိပ် ဆောက်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့အခြေခံအဆောက်အဦးတွေကို ခြေဖျားတောင်မမှီပါဘူး။ စင်္ကာပူလိုဆိုတာ လုံးဝ (လုံးဝ) မဖြစ်နိုင်ပါ။
Government themselves can’t build up the country.. Every citizen need to cooperate in building up. Be an OPTIMIST and do all the best. Time to take away the pessimism from urself. Don’t tell me people still thinking of government to do everything for the change,….
အဲ့တာနဲ့ မဆိုင်ဘူးထင်တာပဲ နှစ် ၂၀၀ ဆိုတာ များပါတယ်. ခုပြောပုံက ပုဂိုလ် ရေးပါနေတယ်.လေ. သေချာလဲကြည့်ပြောပါဦးဗျာ. ကိုယ့် နိုင်ငံကိုယ် အဲ့လောက် မနှိမ့် ချပါနဲ့ ..