နှစ် ပေါင်း ၂၀ အတွင်း အကြီးမားဆုံး ရုရှား လူထု အုံကြွမှု နိုင်ငံ အနှံ မှ စတင် နေ (Update)

ပူတင် နဲ့  သူရဲ့  Russia United ပါတီ တို့  ရဲ့  ရွေးကောက်ပွဲ မသမာ မှု တွေ ကို ဆန့် ကျင်တဲ့
အတိုက်အခံ တွေ က ဒီနေ့ စနေ နေ့ မှ နိုင်ငံ အနှံ အထွေထွေ သပိတ် စတင် ဖို့  တိုက်တွန်း
ထား ခဲ့ ရာမှာ မော်စကို ၊ စိန့် ပီတာ စဘာဂ် နဲ့  ဆာမိုးလင်း မြိုတွေ မှာ စတင် နေ ပြီ လို့ 
မော်စကို က လာတဲ့ သတင်း တွေ မှာ ဖော်ပြထား ပါတယ်။

မော်စကို မြို့ လည် မှာတော့ ဆန္ဒပြ ခေါင်းဆောင် တွေ ဟာ ဘိုလော့ညာ ရင်ပြင် မှာ စုရုံးနေကြ
ပြီး ကရင်မလင် ကို ချီတက် ဖို့  စီစဉ် နေကြပါတယ်။ ရုရှား အစိုးရ က ရဲတပ် ဖွဲ့  ၀င် အင်အား
ငါးသောင်း ကျော်ကို မော်စကို အနှံ မှာ အသင့် အနေ အထား နေရာယူခိုင်းထား ပါတယ်။

CNN i Report မှ ဓာတ်ပုံများ ကို ကြည့်ရန်

ဆန္ဒပြမှု ဟာ ပိုအားကောင်း လာမယ့် အခြေအနေ မှာ ရှိတယ် လို့  မော်စကို တိုင်း မ် သတင်း
စာ က ပဲ ရေးသား ထား ပါတယ်။

ဒီသီတင်းပတ် အတွင်း မော်စကို ရဲတပ် ဖွဲ့  က ဆန္ဒပြ သူ ၄၀၀ ကျော်နဲ့  အတိုက်အခံ ခေါင်း
ဆောင် အချို့  ကို ဖမ်းဆီး ခဲ့ ပါတယ်။

မော်စကို မှာ ရောက် နေတဲ့ အယ်(လ)ဂျဇီးယား သတင်းထောက်က ရုရှား ပြည်သူ တွေ ဟာ
ဆန္ဒပြ အသင့် ဖြစ် နေ ပြီး ရဲတပ် ဖွဲ့ ကလည်း ဖြို့ ခွဲ ဖို့  အသင့် ဖြစ်နေတယ် လို့  ဆိုပါတယ်။

ဆန္ဒပြ သူတွေ ဟာ မော်စကို တစ်မြို့ ထဲ မှာပဲ သုံးသောင်းကျော်လောက်ရှိတယ်လို့ သတင်း
တွေ မှာ ဖော်ပြပါတယ်။

ဒီနေ့ ဆန္ဒပြသူ တွေ ဟာ ပူတင် ထွက်သွား  ၊ ပူတင် ကို အလို မရှိ ၊ မဲသူခိုး အာဝါဒါး စသည်ဖြင့်
ကြွေးကျော် ဆန္ဒပြ ကြပါတယ်။ ဆန္ဒပြ သူ တွေ ဟာ ရွေးကောက်ပွဲ အသစ် ပြန်ကျင်းပပေး ဖို့ 
တောင်းဆို ခဲ့ ပြီး ၊ ပူ တင် ထွက် ပေး ဖို့  တောင်း ဆိုခဲ့ ပါတယ်။

နောက်ဆုံး ရရှိ တဲ့ သတင်း တွေ အရ မော်စကို မှာ ဆန္ဒပြ သူ အနည်း ဆုံး ၇၀၀၀0 ကျော်စုရုံး နိုင်
ခဲ့ တယ် လို့  သိရပါတယ်။

အချိန် ကာ လ ဇုန် ၉ ခုရှိ တဲ့ ရုရှား နိုင်ငံ မှာ ဆန္ဒ ပြ ပွဲ တွေ ဟာ ဆက်လက် ဖြစ်ပွား နေပြီး
စနေ နေ့ က တစ်နိုင်ငံ လုံး အတိုင်းအတာ နဲ့  ဆိုရင် လူ လေးသိန်း ကျော် ဆန္ဒ ပြ ခဲ့ ပါတယ်။

ရုရှား စစ်တပ် အရာ ရှိ အချို့  ကလည်း ဆန္ဒပြ သူ တွေ နဲ့  တစ်သဘောတည်း ရှိ ပြီး ပူတင်
ရဲ့ ရွေးကောက်ပွဲ မသမာ မှု ကို ဝေဖန်ကြပါတယ်။ ဆန္ဒပြ သူ တွေ က တော့ ပူတင် ကို သူခိုး
လို့ ကြွေးကျော်ကြပါတယ်။

စနေ နေ့  ညဘက် မှာ အပူချိန် က သုည အောက် နှစ်ဆယ် ရာခိုင်နှုန်း အောက်ရောက် နေပေ
မယ့် ဆန္ဒပြ သူ တွေ ဟာ ဇွဲကောင်းကောင်း နဲ့  ဆက်လက် ဆန္ဒပြ နေကြပါတယ်။

စနေနေ့  က တစ်နိုင်ငံ လုံး က ဆန္ဒ ပြ သူ တွေ ဟာ ပူတင် နှုတ်ထွက် ပေး ဖို့  ကို တောင်း ဆို
ခဲ့ ကြပါတယ်။ ဆန္ဒပြ သူ တွေ ကို အတိုက်အခံ ခေါင်းဆောင် ဗလာဒီမီယာ ရိုဇ် ခေါဗ် က
လာရောက် တရား ဟောကြား ခဲ့ ပြီး တန င်္လာ နေ့ က ဖမ်းဆီးထိမ်း သိမ်းခံ ရတဲ့ အီလျှာ ယာ
ရှင် က အကျဉ်းထောင် ထဲ က နေ သ၀ဏ် လွှာ ပေး ပို ခဲ့ ပါတယ်။

စိန့် ပီတာ စဘာဂ် ဆန္ဒပြ မှု မှာ လူ ၅၀၀၀ လောက် တက်ရောက် ခဲ့ ပြီး အဲဒီ အခမ်းအနား မှာ
ရုရှား နိုင်ငံ ရဲ့  နာမည်ကျော် စာရေးဆရာ တစ်ဦး ဖြစ်တဲ့ ဖျိုဒါ မီခေးလိုဗစ် ဒေါ်တိုယဗ်စကီး
ရဲ့  မြေးဖြစ်သူ က လည်း မိန့် ခွန်း ပြောကြား ခဲ့ ပါတယ်။

ဆန္ဒပြ ပွဲ တွေ ကို အရှေ့ ဖျား ဗလာဒီ ဗောခ် စတော့ ကနေ ၊ ကာဇက်စတန် နယ်စပ် က မြို့ 
လေး တွေ အထိ ကျင်းပခဲ့ ပါတယ်။ အချို့  မြို့ တွေ မှာ တော့ ဖမ်းဆီးမှု တွေ ရှိ ပြီး တစ်နိုင်
ငံ လုံး မှာ ဒီနေ့  လူ ၁၀၀ ခန့် ဖမ်းဆီး ထားပါတယ်။

မော်စကို မှာ လူ့ အခွင့် အရေး လှုပ်ရှား သူ တွေ ၊ စာရေး ဆရာ တွေ က တရား ဟောခဲ့ ပါတယ်။
နာမည် ကျော် ရုရှား အဆိုတော် Noize Mc လည်း လာရောက် တရား ဟော ခဲ့ ပါတယ်။

Photo : Telegraph သတင်းစာ