ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား တွေ ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့  နောက်
ဆုံးထား ပြီး ပြန် မလွှတ် ဘူး ဆိုရင် အဲဒီလ ရဲ့  ဖေဖော်ဝါရီ လ ၁၃ ရက်နေ (ဗိုလ်ချုပ် အောင်ဆန်း
မွေး နေ့ ) Just Do It ဖွဲ့  စည်း ခြင်း တစ်နှစ် ပြည့်နေ့ မှာ ဆန္ဒပြ မယ်လို့  Just Do It က ကိုသီ
ဟတေဇ နဲ့  လှုပ်ရှား တက်ကြွ သူ အချို့  က ဒီနေ့ မနက် မှာ FNG ကို ပြောပါတယ်။
မြန်မာ နိုင်ငံရဲ့  အကျဉ်းထောင် အသီးသီးမှာ စစ်အစိုးရ က ဖမ်းဆီးထား တဲ့ နိုင်ငံ ရေး အကျဉ်းသား
နှစ်ထောင် ကျော် ရှိ နေ ပေမယ့် ထောင်ဒဏ် ၁၀၇ နှစ် ချမှတ် ခံထား ရတဲ့ အထက် ဗမာပြည် ကျောင်း
သားများ သမဂ္ဂ က ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဘိုမင်းယုကို ကို နိုင်ငံ ရေး အကျဉ်းသား စာရင်း
ထဲ မှာ ထည့် မတွက် ထား ဘူး လို့  သိရပါတယ်။
အင်ဒိုနီးရှား နိုင်ငံ ဘာလီ ကျွန်းမှ ကျင်းပတဲ့ အာဆီယံ နိုင်ငံ တွေ အစည်းအဝေး မှာ သမ္မတ ဦး
သိန်းစိန် က Voice of America မြန်မာ ပိုင်း အစီအစဉ် နဲ့  တွေ့ ဆုံ ရာ မှာ မြန်မာ နိုင်ငံ မှာ နိုင်
ငံရေး အကျဉ်းသား မရှိ ဘူး လို့  သူ က ခပ် ရင့် ရင့် ပဲ ပြောခဲ့ ပါတယ်။
စစ်အစိုးရ အကျဉ်းထောင် အသီးသီး မှာ ဖမ်းဆီးထား တဲ့ နိုင်ငံရေး အကျဉ်း သား တွေ ကို ဖေဖော်
ဝါရီ လ ၁ ရက် နေ့ နောက် ဆုံးထား ပြီး မလွှတ်ရင် ဒီအတိုင်း ထိုင် ကြည့် နေ ဖို့  မသင့် တော်ဘူး
လို့  ရန်ကုန် မြို့  က သတင်း အယ်ဒီတာ တစ်ဦး က ပြောပါတယ်။
အကျဉ်းထောင် တွေ မှာ ဖမ်းဆီးထား တဲ့ နိုင်ငံ ရေး အကျဉ်းသား တွေ ဟာ လူ့  အခွင့် အရေး ချိုး
ဖောက် မှု ထောင်တွင်း နှိပ်စက် ညှင်းပန်း မှု တွေ ကို အခု ထိ ကြုံနေရဆဲ ဖြစ်ပါတယ်။
ထောင်ဒဏ် နှစ်ရှည် ချမှတ် ခံထား ရတဲ့ လက်ရှိ နိုင်ငံရေး အကျဉ်းသား တစ် ဦး ရဲ့  မိခင် ဖြစ်သူ က
တော့ နိုင်ငံ ရေး အကျဉ်းသား တွေ ကို လွှတ်မပေး သေး ဘဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် အနေ
နဲ့  ရွေးကောက် ပွဲ ၀င်တာ မှားတယ် လို့  သူ မရဲ့  သဘောထား ကို ပွင့် လင်းစွာ ပြောပါတယ်။
ရန်ကုန် နဲ့  မန္တလေး က နိုင်ငံ ရေး လှုပ်ရှား သူ တွေ ကလည်း သတ်မှတ် ရက် ကျော်လို့  မှာ အကျဉ်း
သား တွေ လွှတ်မပေး ရင် ပြည်သူ နဲ့  ဆန္ဒထုတ် ဖော် ဖို့  တစ်ညီ တစ်ညွတ် တည်း ရှိတယ် လို့ 
ပြောပါတယ်။
