သက်(စင်္ကာပူ)၊ ၊စင်္ကာပူ နိုင်ငံ က အိမ်ဖော် ရှာဖွေ ပေး ရေး
ဧဂျင်စီတစ်ခု က ထွက်ပြေးလာပုံ ရတဲ့အသက် ၂၇ နှစ်အရွယ်ရှိ
မြန်မာ မိန်း ကလေး
တစ်ဦး ဟာ ၄.၅ မီတာ မြင့်တဲ့ လူသွားစင်္ကြန်
ကုန်းကျော် တံတားပေါ် က ခုန်ချခဲ့တယ် လို့ 
စင်္ကာပူ ကွန်မြူနတီ သတင်း ဆိုတ် တစ်ခုဖြစ်
တဲ့ OMY မှာဖော်ပြထားပါတယ်။
သူခုန်ချ ချိန်မှာ သစ်ကိုင်း တစ်ခု နဲ့  ချိတ်မိခဲ့ ပြီး တံတား အောက် ကား လား ပေါ်ရောက်တဲ့ အခါမှာ
လည်း မော်တော်ယာဉ် တစ်ခုခု နဲ့  တိုက်မိ ခဲ့ ခြင်း မရှိ တာ က သူ့  ကို ကံကောင်း စေခဲ့ ပါတယ်။
သူ ခုန် ချတဲ့ နေရာ ဟာ KPE၊PIE နဲ့  ရှမ်း ရိပ်သာ လမ်းမ လမ်းဆုံ ရှိ တဲ့ နေရာ တွေ မှာ ဖြစ်ပြီး
မော်တော် ယာဉ် သွား လာ မှု အရမ်း ရှုပ်တဲ့ နေရာ ဖြစ်ပါတယ်။
အဲဒီမိန်းကလေး ဟာ မနေ့ က တနင်္ဂနွေ နေ့ က တံတားပေါ် က နေ ခုန် ချပြီး သတ်သေတာ လို့ 
ဒီနေ့  ညနေ ထုတ် United Evening News မှာလည်း ဖော်ပြ ထား ပါတယ်။ သူမ ဟာ မခုန်
ချခင် အချိန် မှာ ကန် တုန် ဈေးရောင်း ဌာန ရဲ့  အိမ်အကူ ရှာ ဖွေ ရေး ဧဂျင် စီက ထွက်ပြေးလာ
ပုံ ရတယ် လို့  သတင်း မှာ ဖော်ပြ ထား ပါတယ်။
ဂျင်းဘောင်ဘီ အပြာ ရောင် ၊ အကျီ အပြာ ရောင် တို့  ကို ၀တ် ဆင်ထား ပြီး ခုန်ချခဲ့တဲ့ အရှိန်
ကြောင့် အသက် မသေဆုံး သော်လည်း ပြင်းထန် တဲ့ ထိခိုက် မှု တွေ ရှိ ပြီး သတိလစ် မေ့
မျော နေကာ ပြန်လည် သတိရရှိ အောင် ဆေးရုံ မှာ ကုသ ခံနေရ ပါတယ်။
ဆေးရုံရောက် ချိန် မှာ ညာဘက်လက် နဲ့  ဘယ်ခြေ ကျိုး နေ ခဲ့ ပြီး ဆေးရုံကုတင် မှာ သူ့  ကို
လှုပ်ရှား မပြု နိုင်အောင် စီစဉ်ထားထား ပါတယ်။
အဆိုပါ အမျိုးသမီး ခုန် ချပြီး သတိလစ် မေ့မျော နေတာ ကို အငှားယာဉ် မောင်းသူ တစ်ဦး က
တွေ့ ရှိပြီး ရဲစခန်း ကို ဖုန်းဆက် အကြောင်း ကြား ခဲ့ တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ လ က မြန်မာ အမျိုးသမီး ငယ် တစ်ဦးဟာ လည်း လေးထပ်တိုက်ပေါ်က ခုန်
ချပြီး သေကြောင်း ကြံခဲ့ရာ အထ မြောက် ခဲ့ ပါတယ်။

သနားစရာပဲ။သေဖို့သွားသလိုဖြစ်နေတာပေါ့။
အေးဗျာ
ဘယ်သူမပြုမိမိ မှု ma hote bu kwa sout Burmar asoe ya sout tone ma kya lo thu myar tine pyi mar tho kha yout nay kya tar… English sar sol lae kyun pin nyar yal sol pee nain htar tot bwe’ ya tar tg English lo ma tat bu…asoe ya sout tone ma kya tar ko a pit thin ya mel ..
huuuuuuuuuu…………ma lawe par lar..:(
ဒီသတင်းတွေကြာရတာ စိတ်မချမ်းမြေ့ပါဘူး၊ ဘယ်သူမပြုမိမိ မှုပဲလေ…. ဘယ်တတ်နိုင်မှာလဲလေ………….