မဲခေါင်မြစ် မှာ ကင်းလှည့် နေတဲ့ မြန်မာ စစ်သား သုံးဦး အသတ်ခံ ရတယ် လို့ ဒီနေ့ ထုတ်
ဘန်ကောက်ပို့ စ် သတင်းစာ က ဖော်ပြ ထား ပါတယ်။ ဒီစစ်သား သုံးဦးဟာ လာအိုတပ်
တွေ နဲ့  ပူးတွဲ ကင်းလှည့် နေတုန်း မှာ မူးယစ် မှောင် ခို အဖွဲ့  တွေ ရဲ့  ပစ်ခတ် မှုကြောင့်
သေဆုံး သွား ခဲ့ တာ ဖြစ်ပါတယ်။
တိုးပွား လာတဲ့ ရာဇ၀တ် မှု တွေ ကို နှိမ် နှင်း ဖို့  မြန်မာ၊တရုတ်၊လာအို၊ ထိုင်း နိုင်ငံ တို့ 
က မဲခေါင်မြစ်ကြောင်း တစ်လျှောက် လုံခြုံရေး အတွက် တာဝန် ယူထား ပါတယ်။
ပြီးခဲ့ သည့် နိုဝင်ဘာလ ၇ ရက်နေ့ က တရုတ် နိုင်ငံသား ၁၃ ဦး မဲခေါင်မြစ် အတွင်း
အသတ် ခံ ရ မှု တွင် ထိုင်း စစ်သား များ ပါဝင် ပတ် သက် နေသည် ဟု သတင်းစာ
တွေ က ရေးသား ဖော်ပြ ပါတယ်။
မနေ့ က မြန်မာ စစ်သား သုံးဦး အသတ် ခံရ သည့် နေရာ သည် ရွှေတြိဂံ ဒေသ ၏
မြောက် ဘက် ကီလိုမီတာ ၂၀ ခန့်  အကွာ မှာ ဖြစ်ပါတယ်။
