နေမျိုးဦး ၊ ၊အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပညာရေး ကွန်ယက် ၏ ရံပုံငွေ ဈေးရောင်း
ပွဲ တော် နှင့် ဂီတ ပွဲတော် အား ကျင်းပခွင့် အတွက် သက် ဆိုင်ရာ မှ နေရာ နှင့် ရက် အတိအကျ
သတ်မှတ် ကာ ခွင့် ပြု ပေးခြင်း မရှိ သေး ဟု FNG မှ သတင်း ရရှိ သည်။
မူလက ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် ရန်ကုန် မြို့  သုဝဏ္ဏ အားကစား ကွင်း ဉ် ကျင်းပ ရန် ခွင့်
ပြုမိန့် တောင်းခံ ထား သော်လည်း သက်ဆိုင်ရာ ခွင့် ပြု ပေး ခဲ့ ခြင်း မရှိ သော ကြောင့် သတ်
မှတ် ရက် တွင် ကျင်း ပ နိုင် ခဲ့ ခြင်း မရှိ ဟု ပြီး ခဲ့ သည့် အပတ် က သတင်း များ တွင် ဖော် ပြ
ခဲ့ သည်။
ဒီဇင်ဘာလ နောက်ဆုံးပတ် တွင် ကျင်းပ နိုင်ရန် အတွက် ထပ်မံ လျှောက်ထား မှု ပြုထား ပြီး
ရံပုံငွေ ဈေးရောင်း ပွဲ နှင့် ဂီတပွဲ ကို ဒီဇင်ဘာ လ နောက်ဆုံးပတ် သို့  ရွှေ့ ဆိုင်းထား ကြောင်း
ကို လည်း ပွဲဖြစ်မြောက်ရေး ကော်မတီ က ဖျော်ဖြေရေး ပညာရှင် များ ထံ မေတ္တာ ရပ်ခံ ထား
သည်။
ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဖျော်ဖြေရေး နှင့် ဈေးရောင်းပွဲတော် ကို
ဒေါ်အောင်ဆန်းစုကြည် နှင့် အဆိုတော် များ ၊ဂီတ ပညာ ရှင် များ တွေ့ ဆုံ ပြီး နောက် စီစဉ်
ခဲ့ ခြင်း ဖြစ်သည်။
အဆိုပါ ပွဲ တော်တွင် နာမည် ကျော် ရောခ် အဆိုတော် ဇော်ဝင်းထွဋ် ၊R ဇာနည်၊ ၀ိုင်းစု ခိုင်သိန်း၊
ဖြူဖြူ ကျော်သိန်းအဲလက်(စ)၊ဆောင်းဦးလှိုင်၊ အဲလက်(စ)၊ဂျင်းနီ ၊ စန္ဒီမြင့်လွင်၊ ဟယ်ရီလင်း ၊
ACID၊ မျိုးကျော့မြိုင်၊ကြက်ဖ၊ ထူး အယ်လင်း စသည့် အဆိုတော် များ လည်း ပါဝင် သီဆို
မည် ဖြစ်သည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ ပွဲ အတွက် ကြိုတင် လက်မှတ် များ မှာ ကျပ်ငွေ ၁၅ သိန်း ဖိုး ခန့် အထိ
ရောင်း ချထား ပြီး ဖြစ်သည်။သက်ဆိုင် ရာ အာဏာပိုင်များ ၏ လုပ်ရပ် သည် ပွဲကို မဖြစ်မြောက်
စေရန် အား ထုတ် နေ သကဲ့ သို့  ရှိကြောင်း ကို လူငယ် ပေါ့ပ် အဆို တော် တစ်ဦး က သုံးသပ်
ပြောကြား သည်။
ပွဲတော် တွင် ပါဝင်သီဆို မည့် အဆိုတော်များ အနက် အချို့ မှာ နယ်နှင့် ပြည်ပ ဂီတ ဖျော်ဖြေရေး
ခရီးစဉ် များ ကြောင့် အပြောင်း အလဲ ရှိ နိုင် သည် ဟု အမျိုးသမီး အဆိုတော် တစ်ဦး က FNG
သို့  ပြောသည်။
အဆိုတော် ဇော်ဝင်းထွဋ် ၏ သမီး ဖြစ်သူ ၀င်းထွဋ် တာရာ၏ ရံပုံငွေ ဈေးရောင်း ပွဲ တော် ကို
လည်း သူမ ၏ မွေး နေ့ ဖြစ်သည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ တွင် သုဝဏ္ဏ အားကစားကွင်းဉ် ပင်
ကျင်းပရန် စီစဉ် ထား သည် ဟု သိရသည်။
ဝင်းထွဋ် တာရာ သည် ယခင် နှစ်များ က သူမ ၏ ရံပုံငွေ ဈေးရောင်းပွဲတော် ကို မြရိပ်ညို နှင့်
MCC ခန်းမ တွင် ကျင်းပခဲ့ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပညာရေး ကွန်ယက် ၏ ရံပုံငွေ ဈေးရောင်း ပွဲ တော် နှင့် ဂီတ
ပွဲတော် တွင် Emperor, Metal Zone, lazy Club, Plus 3,Spectrum, The Trees နှင့်
Hip Hop အဖွဲ့  များ ပါဝင် သီဆို မည် ဖြစ်သည်။



စိတ်ဝင်စားစရာ အများကြီးရှိနေတဲ လိုင်ပါလား၊ Thank you.