အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ကို တရားဝင် နိုင်ငံ ရေး ပါတီ အဖြစ် ပြန်လည်တည် ထောင်ခွင့်
ကို အတည် ပြုလိုက် ပြီ လို့  ဒီနေ့ ထုတ် အစိုးရ အာဘော် သတင်းစာ တွေ မှာ ဖော် ပြထား ပါတယ်။
စစ်အစိုးရ ရဲ့  ၂၀၀၀၈ ခုနှစ် အခြေခံ ဥပဒေကို သပိတ် မှောက် ခဲ့ လို့  မနှစ် က စပြီး တရား ၀င်
နိုင် ငံရေး ပါတီ တစ်ရပ် အဖြစ် စစ်အစိုးရ သတ်မှတ် ခံ ထား ရခြင်း မရှိ တဲ့ ၁၉၉၀ ပြည့် နှစ် ရွေး
ကောက် ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဟာ ရွေးကောက် ပွဲ ကော်မရှင် ရဲ့  ခွင့်ပြု
ချက် အရ ဒီနေ့  က စပြီး တရား ၀င် နိုင်ငံရေး ပါတီ တစ်ခု အဖြစ် ပြန်လည် ရပ် တည် ခွင့် ရရှိ
သွား ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လက အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ဟာ တရားဝင် ပါတီ အဖြစ်မှတ် ပုံ ပြန်တင်ဖို့ 
ဆုံးဖြတ် ခဲ့ ပြီး နောက် နေ ပြည်တော် ရွေးကောက်ပွဲ ကော်မရှင် မှာ မှတ်ပုံ တင် ဖို့  ပြန်လည်
လျှောက် ထား ခဲ့ ပါတယ်။
ယခင်မြန်မာ စစ်တပ် မှာ သြဇာ အရှိ ဆုံး ရာထူး တစ်ခု ဖြစ်တဲ့ စစ်လက်နက် ၀ယ်ယူရေး ညွှန်ကြား
ရေးမှု ဟောင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲ ကော်
မရှင် က ဥပဒေ ၊ နည်းဥပဒေ များ နဲ့  ညီညွတ် တဲ့ အတွက် နိုင်ငံရေး ပါတီ တည်ထောင်ခွင့် ပြုလိုက်
တယ် လို့  ဖော်ပြ ထား ပါတယ်။

1988-Mashial order-NLD be back 2011-1/4 Military Junta Regime’s legal party and so,it’ not different.