ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး မြန်မာ ပြည် သွားမယ်

မြန်မာ နိုင်ငံရေး ကို စိတ်ဝင်စား ပြီး လေ့လာ တဲ့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျှံ ဟိဂ်
ဟာ ရှေ့ နှစ်ဇန်န၀ါရီလ ဆန်း မှာ မြန်မာ နိုင်ငံ ကို အလည်အပတ် သွားရောက် ဖို့ ရှိ တယ်လို
့ဒီနေ့ သတင်း ထုတ် ပြန် ခဲ့ ပါတယ်။

ဒီဇင်ဘာလဆန်း က မြန်မာ နိုင်ငံ ကို လာရောက် လည် ပတ်ခဲ့ တဲ့ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ ကလင်တန် နဲ့  ပူးတွဲ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ ဗြိတိသျှ နိုင်ငံ
ခြား ရေးဝန်ကြီး က ” ကျွန်တော် ရှေ့ လဆန်း မှာ မြန်မာ နိုင်ငံ ကို အလည် သွား ဖို့ ရှိပါတယ်။
မြန်မာ နိုင်ငံ ရဲ့  ကိစ္စရေးရာ တွေ အတွက် အမေရိကန် နဲ့ လည်း နီးနီး ကပ်ကပ် လုပ်ဆောင်
နေတယ် လို့ ” သတင်းထောက် တွေ ကို ပြောကြား ခဲ့ ပါတယ်။

မြန်မာ နိုင်ငံ ကို သွားရောက် မယ့် ၀ီလျှံ ဟိဂ် ရဲ့  ခရီး စဉ် မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် နဲ့  ပါ တွေ့ ဆုံ မှာ ဖြစ်ပြီး သူဟာ မြန်မာ နိုင်ငံမှာ နိုင်ငံ မှာ နိုင်ငံရေး
အရ လွတ်လပ်မှု တွေ ပိုရှိ လာစေဖို့  ခိုင်မာ တဲ့ စေ့စပ် ဆွေးနွေး ရေး တွေ ဖြစ် ဖို့  မျှော်မှန်း
ထား ပါတယ်။

ပြင်သစ် သမ္မတ ဆာကိုဇီ ၊ ဘီတဲလ် အဖွဲ့  က ဂျွန်လင် နွန် ရဲ့  ဇနီး ဖြစ်သူ ယိုကို အို နို တို့ ဟာ
လည်း မြန်မာ နိုင်ငံ ကို လာရောက် လည် ပတ် ဖို့  ရှိတယ် သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဝီလျှံ ဟိဂ် ဟာ မြန်မာ နိုင်ငံ ကို လာရောက် လည်ပတ် ခြင်း ဟာ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ ကလင်တန် ပြီးနောက် ထင်ရှား တဲ့ ကမ္ဘာ့  နိုင်ငံတကာ ခေါင်းဆောင် တစ်
ဦး လာရောက် လည်ပတ် ခြင်း ဖြစ်ပါတယ်။