ရွှေည၀ါ ဆရာတော် သံဃာအဖြစ် ရပ်စဲ ပြီး ကျောင်း တိုက်မှ နှင်ထုတ် ဖို့  ၄၇ ပါးက ဖိအားပေး

ရန်ကုန်တိုင်း ကြည့်မြင့် တိုင် မြို့  နယ် သာဓုပရိယတ္တိ ကျောင်းတိုက် မှ ရွေည၀ါ ဆရာတော် ဟု
ကျော်ကြား သည့် ဦးပညာသီဟ ကို ကျောင်းတိုက်မှာ ဖယ်ရှားပေး ရန် နှင့် သံဃာ အဖြစ်မှာ ရပ်
စဲရန် တိုင်းသံဃာ့နာယက မှယနေ့  ညနေ ၆ နာရီ  က စာပို့ ထား သည် ဟု FNG မှ သတင်း ရရှိ
သည်။၁၉၉၀ ပြည့် ရွေးကောက်ပွဲ တွင် အနိုင်ရ ပါတီ တစ်ခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်၏
အခမ်းအနား များ နှင့်  နိုင်ငံရေး အကျဉ်းသားဟောင်း များ ၏ အခမ်းအနား များ ကို ကျောင်း
တိုက်နေရာတွင် လက်ခံ ဆောင်ရွက် ပေး သည့် ဆရာ တော် အား မန္တလေး တိုင်း အမျိုးသား ဒီမိုကရေစီ

အဖွဲ့ ချုပ် တွင် စက်တင်ဘာလက တရား ဟောကြား မှု နှင့် ပတ်သက် ပြီး ကိစ္စ နှင့် ပတ်သက် ပြီး
ရွှေည၀ါကျောင်းတိုက်ဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စ ဟု ခေါင်းစဉ်
တပ်ကာ ပြီးခဲ့ သည့်လ က နိုင်ငံ တော် သံဃမဟာ နာယက အဖွဲ့  က ဆုံး ဖြတ် ခဲ့ သည် ဟု
သတင်း ရရှိ သည်။

ရွှေည၀ါ ဆရာ တော် အား ကျောင်းတိုက် မှာ ဖယ်ရှား ခိုင်းသည့် သတင်း မှာ ချက်ခြင်းပင် ဆရာ
တော် ၏ တပည့်၊ တပန်း ရဟန်း ၊ ဒါယကာ များ ဆီ ပျံ့  နှံ့  ပြီး နောက် ယမန်နေ့ ညက ပြည်သူ နှစ်
ရာ ကျော် ကျောင်း တိုက် သို့  စုရုံး လာခဲ့ ရာ ဆရာတော် က ငြိမ်းငြိမ်းချမ်းချမ်း ဖြင့် ပြီးသွား ပါလိမ့်
မည် ဟု မိန့် တော် မူသောကြောင့် ပြန်လာခဲ့ သည် ဟု ဆရာတော် ၏ တပည့် တစ်ဦး ဖြစ်သည့် ဦး
မောင်မောင်လေး က FNG သို့  ပြောသည်။

နိုင်ငံ တော် သံဃမဟာ နာယက အဖွဲ့ ၏ ယခု ကဲ့ သို့  ဆုံး ဖြတ်မှု နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံး
ဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ ဥက္ကဌ ဆရာတော် ဦးခေမာစာရ က ”   စစ်အာဏာရှင် စနစ် မြန်မာ
နိုင်ငံ မှ စတင် တဲ့ အချိန် က စပြီး ရဟန်း သံဃာ တွေ နဲ့   နိုင်ငံရေး ကို ခွဲခြား ကန့် သတ်လာခဲ့
တယ်။ ကိုလိုနီ  ခေတ်မှာ လည်း  လွတ်လပ် ရေး ရရှိဖို့  ရဟန်းသံဃာတွေ က ဦးဆောင်ပါဝင်ခဲ့
ကြတာပဲ။ နိုင်ငံရေး လုပ်တယ် ဆိုတာ တိုင်းပြည်တိုးတက် ဖို့ ၊ တိုင်း ပြည်တိုးတက် ရင် သာသ
နာ တော် တလည်း တိုးတက် ဖွံ့ ဖြိုးလာတာ ပဲ တရားဟောကြား လို့ ရွှေည၀ါ ဆရာ တော် ကို
ကျောင်း ပေါ် က နေ ဆင်းပေး ဖို့  ဖယ်ရှား ခိုင်းတာ ဟာ မတရား မှု တစ်ခု လို့ ပဲ မြင်တယ်” ဟု
FNG ကို မိန့် သည်။

ယနေ့ ရွှေည၀ါ ကျောင်းတိုင်တွင် ပြုလုပ်မည့် ဗုဒ္ဓတက္ကသိုလ် အပါအ၀င် မည်သည့် သင်တန်းမျှ
ကို လည်း နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့  မှ ခွင့်ပြုချက် မရရှိ ဘဲ မပြုလုပ်ရ ဟု ပါရှိသည်။

ယခု လဆန်း ပိုင်း က မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ် ခဲ့သည့် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ဟီလာရီ  ကလင်တန် သည်  ရွှေည၀ါ ဆရာတော် ဦးပညာသီဟ နှင့် တွေ့ ဆုံ ခဲ့ သည်။

နိုင်ငံ တော် သံဃမဟာ နာယက အဖွဲ သည် ရွှေည၀ါ ဆရာ တော် နှင့် ဒယ်အိုးဆရာ တော် တို့  ၏
တရား ပွဲ များ ကျင်းပ ခွင့် ကို လည်း ပိတ်ပင် ထား သည်။

ပုံ ၁ – ရွှေည၀ါ ဆရာတော် ဦးပညာသီဟ

ပုံ ၂ – ရန်ကုန်တိုင်း ကြည့်မြင့် တိုင် မြို့  နယ် ရှိ သာဓုပရိယတ္တိ ကျောင်းတိုက်

ပုံ ၃ – မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ ဥက္ကဌ ဆရာတော် ဦးခေမာစာရ

6 thoughts on “ရွှေည၀ါ ဆရာတော် သံဃာအဖြစ် ရပ်စဲ ပြီး ကျောင်း တိုက်မှ နှင်ထုတ် ဖို့  ၄၇ ပါးက ဖိအားပေး

  1. The people who love justice should take on the side of Venerable Shwe Nya War Saradaw.
    The bogus monks who are trying to derobe Venerable Shwe Nya War Saradaw must be punished and removed from Buddha Sasana.

  2. စုရုံးရောက်ရှိလာတဲ့ ပြည်သူ နှစ်ရာကျော်ကို ဆရာတော် မိန့်တော်မူသလို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့သာ ပြီးသွားပါစေ။

  3. သံဃာ့နာယကဆိုတာ မြန်မာနိုင်ငံ မှာမရှိသင့်တော့ဘူး။ပြန်လည်ဖွဲ့စည်းဘို့ပဲလိုတယ်။ ပညာရေးလဲ မပြုပြင်
    ဘာသာရေးလဲ တိုးတက်အောင်မလုပ်။ ကမ္ဘာအမှုများဆုံးဖြစ်တဲ့ ကျောင်းအငြင်းပွားဖွယ်ရာတွေပဲ လုပ်နေတာပဲ တကယ်စစ်မှန်တဲ့ ကိုယ်တော်တွေက တရားမှုဟာ မတရားမှုဖြစ်မှာစိုးလို့ မလုပ်တာ လူမိုက်တွေကြီးပဲဟ။

  4. ဦးအောင်သောင်း လက်ချက်လေ ဒီပဲယင်းကို မမေ့ကြနဲ့ သမ္မတက ငြိမ်းချမ်းရေးအတွက် ဦးအောင်မင်းကို တာဝန်ပေးလိုက်တယ် ဒီမှာ ဦးအောင်သောင်း ဆွေ့ဆွေ့ခုန်ပြီး ယခင် ဒီပဲယင်း
    အကွက်ကို ပြန်အသုံးချလိုက်တယ် မြန်မာပြည်မှာ သမ္မတက အရုပ်လေး တစ်ရုပ်ဘဲလေ။
    ဒီတော့ ရွှေည၀ါ ဆရာတော်ကို ဆွဲစိလိုက်မယ် ဒေါ်စု ဘာလုပ်မလဲ ?????????? လုပ်သမျှ
    အမှား အကုန်ဖြစ်အောင် လုပ်လိုက်မယ် သဘောကတော့ ပွဲဆူပေးလိုက်တာ
    ဦးအောင်သောင်းဆိုတာ ကေအင်ယူတိုက်တုန်းက နတ်သမီးကို အရတိုက်လာခဲ့တာ
    ခုလဲ ဒီပဲယင်းကို လုပ်သလို လုပ်လိုက်ဘီ ဒီမိုကရေစီ သမားများ သတိထားပေတော့။

  5. အား ဒီလို ကိစ္စ တွေကို သမ္မတကြီး သိရဲ့လား။
    သမ္မကြီးဆီ သတင်းပို့ပေးကြပါအုံး။။ကချင်ပြည်နယ်မှာ စစ်ဖြစ်နေတာတောင် သမ္မကြီးသေချာမသိ
    လို့ ဦအောင်သောင်းတို့ ဦးအောင်မင်းတို့ကို တရုပ်ပြည်လွှတ်ပြီး ကချင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံ
    မေးမြန်းရသေးတာ။။။။။
    အရပ်ကတို့ သမ္မတနားပေါက်တဲ့ သူတွေကို ပြောကြပါအုံး။။။
    အောက်က မကိုင်မတွယ်တတ်နဲ့ အပ်နဲ့ကိစ္စ ပုဆိန်တွေ သုံးနေရအုံးမယ်။။။
    လက်ရှိလူတွေက အကုန်ပညာရှိတွေ မို့ပါ။။။။

  6. ငါတို့ အားလုံး ဒီ မြန်မာနိုင်ငံထဲမှာ ဗုဒဘာသာကို မကိုးကွယ်သင့်တော့ဘူး…..ထေရ၀ါဒ အစစ်ဆိုတာ
    မြန်မာ ပြည်တွင်းမှာ ထွန်းကားတာ…..ထေရ၀ါဒ နဲ့ မြန်မာပြည်နဲ့ မကိုက်တော့ဘူး…တရုတ်ဝါဒကို
    ကိုးကွယ် ရတော့မယ့်သဘော….တရုတ်က ဘာလုပ်လုပ် မြန်မာအစိုးရက အကောင်းမြင်တယ်…
    တရုတ်ပစ္စည်းတွေအစုတ်အပြတ်တွေ မြန်မာပြည်တွင်းသွင်းလဲ မြန်မာအစိုးရ ပျော့ပြောင်းစွာလက်ခံ
    တယ်….တရုတ် စွယ်တော်ဆို ပင့်တယ် ငွေကောက်တယ်….ကြာယင် ဗမာပြည်က ဆင်းရဲသထက်
    ဆင်းရဲတော့မယ်…သံဃာတော်တွေ ဆင်းရဲသားဘက်ကနေ ရပ်တည်ယင် အစိုးရ လုံးဝ သဘောမကျ..
    ငါတို့ မြန်မာပြည်တွင်း ဒီဘာသာကို မကိုးကွယ်တာ ကောင်းမယ်..

Comments are closed.