ပူတင်၏ မဟာမိတ်ဖြစ်သူ ရုရှား အောက်လွှတ်တော် သဘာပတိ၊ ရာထူးမှနှုတ်ထွက်

ရုရှားနိုင်ငံ၌ လတ်တလောကျင်းပခဲ့သော ရုရှားလွှတ်တော်ရွေးကောက်ပွဲအတွင်း ပူတင်၏
ပါတီဖြစ်သော လက်ရှိအာဏာရ United Russia ပါတီမှ မဲခိုးမှုများ၊ လိမ်လည်မှုပြုလုပ်
ခဲ့ခြင်းအား ရုရှားပြည်သူများမှ အပြင်းအထန် ကန့်ကွက် ဆန္ဒပြမှုများကို ငြိမ်သက်စေရန်
အာဏာရပါတီ၏ ဥက္ကဋ္ဌဖြစ်သူသည် ၄င်း၏ ရုရှားအောက်လွှတ်တော် သဘာပတိရာထူးမှ
ဒီဇင်ဘာ (၁၄) ရက်နေ့တွင် နှုတ်ထွက်သွားခဲ့သည်။

ပူတင်၏အဓိကကျသော မဟာမိတ်တဦးဖြစ်ပြီး ယူနိုက်တက်ရုရှားပါတီ (United Russia)
၏ဥက္ကဋ္ဌဖြစ်သည့် ဘောရစ်ဗီဂရစ်ဇ်လော့ဗ် (Boris V. Gryzlov) သည် ယင်းပါတီအတွင်း၌
ဝန်ကြီးချုပ် ဗလာဒီမီယာပူတင်ပြီးလျှင် ရာထူးအားဖြင့် အကြီးဆုံးဖြစ်သည်။ ဂရစ်ဇ်လော့ဗ်
သည် ယူနိုက်တက်ရုရှားပါတီ ပါတီဝင်တဦးမဟုတ်သော်လည်း ပါတီခေါင်းဆောင်အဖြစ်
ပါတီအားဦးဆောင်နေသူဖြစ်သည်။

၎င်း၏ အောက်လွှတ်တော်သဘာပတိရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် (၈) နှစ်အတွင်း
ဂရစ်ဇ်လော့ဗ်သည် ပူတင်အားစွဲစွဲမြဲမြဲ သစ္စာခံသူတဦးဖြစ်ခဲ့သည်။ ဒူးမား (Duma) ဟုခေါ်သော
ရုရှားလွှတ်တော်အား ထိန်းချုပ်ထားနိုင်ရန် လုပ်ဆောင်မှုများ၌ ဂရစ်ဇ်လော့ဗ်သည်
အဓိကကျသော အခန်းကဏ္ဍမှလှုပ်ရှားခဲ့သူ ဖြစ်သည်။ ဒူးမားသည် နိုင်ငံရေးစစ်ခင်းရာ
နေရာမဟုတ်ဟု ဂရစ်ဇ်လော့ဗ်မှ လူသိရှင်ကြား ကြွးကြော်ခဲ့ဖူးသည်။

ဂရစ်ဇ်လော့ဗ်၏ အောက်လွှတ်တော် သဘာပတိ ရာထူးမှ နှုတ်ထွက်ရန် ဆုံးဖြတ်ချက်သည်
နိုဝင်ဘာလရွေးကောက်ပွဲအတွင်း (၅၀%) ခန့်မဲရရှိခဲ့သည်ဟု ရုရှားအစိုးရမှ ကြေငြာခဲ့သော်
လည်း ဖွဲ့စည်းပုံဆိုင်ရာ အမတ်အများစုနေရာကို ဆုံးရှုံးခဲ့သော ယူနိုက်တက်ရုရှားပါတီ
အပေါ်တွင်ရှိနေသော ဖိအားများကို သိသာစေသည်။ ယူနိုက်တက်ရုရှားပါတီ မှ မဲခိုးခြင်းနှင့်
အခြားမသမာမှုများကို လုပ်ခဲ့သည်ဟု ပြည်သူများမှစွပ်စွဲချက်များ တသီတတန်းကြီး
ထွက်လာခဲ့ပြီးနောက် အစိုးရမှကြေငြာခဲ့သော မဲရလာဒ်နှင့်ပတ်သက်ပြီး မေးခွန်း
ထုတ်ခဲ့ကြသည်။

ယူနိုက်တက်ရုရှားပါတီဝက်ဘ်ဆိုဒ်တွင် တင်ထားသော ကြေငြာချက်တွင် ဂရစ်ဇ်လော့ဗ်
၏နှုတ်ထွက်မှုနှင့် ပတ်သက်သော အကြောင်းရင်း အသေးစိတ်အား ဖေါ်ပြထားခြင်း
မရှိပေ။ ၄င်းအနေနှင့် ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမည်ဖြစ်သော်လည်း
လွှတ်တော်နှင့်ပတ်သက်ပြီး တာဝန်ထမ်းဆောင်တော့မည်မဟုတ် ဟု ဂရစ်ဇ်လော့ဗ်
မှ ဆိုခဲ့သည်။

ဒူးမားလွှတ်တော်အတွင်း ရှစ်နှစ်ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့အပြီးတွင် မိမိရည်ရွယ်
ထားခဲ့သည့် ကိစ္စရပ်အများစုအား ဆောင်ရွက်နိုင်ခဲ့သလို၊ မိမိနှင့် လုပ်ဖေါ်ကိုင်ဖက်များ
စီစဉ်ထားသည့် ကိစ္စရပ်အများစုကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။

ဥပဒေကြောင်းအရ မည်သည့်ကန့်သတ်ချက်မှ မရှိသော်လည်း လွှတ်တော်သဘာပတိ
သက်တမ်းနှစ်ဆက်ထက်ပို၍ တာဝန်ထမ်းဆောင်ရန် မသင့်လျော်ဟု ယုံကြည်သောကြောင့်
ယခုအချိန်တွင် လွှတ်တော်တွင် ဆက်လက်တာဝန်ထမ်းဆောင်တော့မည်မဟုတ်ပါ..
ဟု
ဂရစ်ဇ်လော့ဗ်မှပြောကြားခဲ့သည်။ ဂရစ်ဇ်လော့ဗ် နှုတ်ထွက်အပြီး လွှတ်တော်သဘာပ
တိနေရာ၌ မည်သူဆက်လက်တာဝန်ယူမည်ဆိုသည်ကား မသိရသေးပေ။

ယခင်အပတ်၌ ပူတင်၏ ယူနိုက်တက်ရုရှားပါတီမှ မဲခိုးမှုများနှင့် မသမာမှုများ ကျူး
လွန်ခဲ့ခြင်းအား စိတ်ပျက်နေကြသော ရုရှားပြည်သူပေါင်းသောင်းချီပါဝင်သော ရုရှား
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးများ ပေါ်ပေါက်လာခဲ့အပြီးတွင် ယခု ဂရစ်ဇ်လော့ဗ်၏
လွှတ်တော်သဘာပတိအဖြစ်မှ နှုတ်ထွက်ရန် ဆုံးဖြတ်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ရုရှားလူ့အဖွဲ့အစည်းတွင်း အကျင့်ပျက်ခြစားမှုများ ကျယ်ပြန့်လာနေခြင်းနှင့် အစိုးရ
အရာရှိများနှင့် အထူးသဖြင့် ပူတင်၏ ယူနိုက်တက်ရုရှားပါတီတို့သည် ၄င်းတို့အား
စောင့်ကြည့်မှုကင်းမဲ့နေသည်အား အခွင့်ကောင်းယူ၍ ကိုယ်ကျိုးရှာနေကြခြင်းအား
စိတ်ပျက်နေကြ၍ ယူနိုက်တက်ရုရှားပါတီ အနေဖြင့် ယခင်နှစ်ကတည်းက ပြည်သူများ
၏ထောက်ခံမှုကို တောက်လျှောက်ဆုံးရှုံးလာနေခဲ့ခြင်းဖြစ်သည်။

အင်တာနက်တွင် ပျံ့နှံ့နေသည့် “ငတိုငလျှိုပါတီ ” ဟု ယူနိုက်တက်ရုရှားပါတီအား
ရည်ညွှန်းထားသောအသုံးအနှုန်းတခုမှာလည်း အလွန်လူကြိုက်များထင်ရှားလာခဲ့ပြီး
၎င်းအမည်အားမော်စကိုမြို့၌ တီရှပ်အင်္ကျီများနှင့် ကားဘန်ပါစတစ်ကာများတွင်ပါ
အလွယ်တကူတွေ့မြင်နိုင်သည် အထိဖြစ်လာခဲ့သည်။

THE KREMLIN, MOSCOW. At a meeting of the Presi...
Image via Wikipedia ဘောရစ်ဗီဂရစ်ဇ်လော့ဗ် နှင့် သမ္မတမက်ဗီဒက်