“ဆန့် ကျင်သူ” များ ကို တစ်နှစ်တာ ပုဂ္ဂိုလ် အဖြစ် Time က ရွေးချယ်

တိုင်း မဂ္ဂဇင်းကြီး မှ နှစ်စဉ်ရွေးချယ်ချီးမြှင့်သည့် တစ်နှစ်တာ ထူးခြားထင်ရှားသည့် ပုဂ္ဂိုလ်
Person of the year အဖြစ်ယခုနှစ် တွင် အာရပ် ကမ္ဘာ မှ သည် အေသင် အထိ ၊ Occupy
Wall Street မှ သည် မော်စကို အထိ ဆန့် ကျင် အုံကြွ သူ များ ကို ရွေးချယ် ခဲ့ သည် ဟု
Time မဂ္ဂဇင်း ၏ အင်တာနက် စာမျက် နှာ တွင် ဖော်ပြ ထား သည်။

TIME Person of the year

တိုင်း(မ်) မဂ္ဂဇင်း ၏ စီမံ ခန့် ခွဲမှု အယ်ဒီတာ Richard Stengel က ဆိုးရွားသည့် ဖိနှိပ်သူ အာ
ဏာရှင် များ ကို စတင် တွန်း လှန် ခဲ့ သည့် တူနီရှား နိုင်ငံ ဆစ်ဒီ ဗူဇီ မြို့  မှာ သစ်သီးရောင်း
သူ တက္ကသိုလ် ဘွဲ့ ရ မှ စပြီး မော်စကို မှ အုံကြွ သူ များ အထိ သည် ၎င်း တို့  နှင့် သက်ဆိုင်
သည် အစိုး ရနှင့် ဖိနှိပ် သူများ ၏ အပြောင်း အလဲ ကို သာမက တစ်ကမ္ဘာ လုံးကို ပါ မတရား
မှု အတွက် ဆန့် ကျင် ရန် တွန်း အား ပေး မှု တစ်ခု ဖြစ်ခဲ့ သည့် ဖြစ်စဉ် တစ်ခု ဖြစ်ခဲ့ သည့်
အတွက် Person of the Year အဖြစ် သတ် မှတ် ဖြင်း ဖြစ်သည် ဟု ပြောခဲ့ သည်။

FNG မှ ဖော်ပြခဲ့ သည့် ၂၀၁၁ ခုနှစ် အတွင်း ဖြစ်ပွား ခဲ့ သည့် လူထု အုံကြွ ဆန့် ကျင် မှု များ ကို ဖတ်ရှုရန်

အရှေ့ အလယ် ပိုင်း တွင် အာရပ် နွေဦး ဆိုသည့် အာဏာရှင် ဆန့်  ကျင်ရေး လှုပ်ရှား မှု များ က တူနီးရှား
မှသည် ယီမင် အထိ အစိုးရ အဖွဲ့ အပြောင်း အလဲ လေး ခု ကို ဖြစ် ပေါ် စေခဲ့ ပြီး အမေရိကန် တွင် ဆင်း
ရဲ ချမ်းသား ကွာ ဟ မှု တိုက် ဖျက် ရေး နှင့် အခြား နိုင်ငံ များ မတရားမှု ၊ မသမာမှု နှင့် ဖိနှိပ်များ ကို
ပြည်သူ တို့  က တွန်း လှန် အုံ ကြွမှု များ ဆက် လက် ဖြစ်ပေါ် ခဲ့ သည်။

ယမန် နှစ်က Person of the year အဖြစ်ယခုနှစ် တွင် Face Book အမည်ရှိ လူမှု ကွန်ယက် ၀ဘ်ဆိုတ် တည်
ထောင်သူ မတ်ခ် ဇူကာဘဂ် အား ယနေ့ ရွေးချယ်ဖေါ်ပြခဲ့သည်။

Time တစ်နှစ်တာ အထူးချွန်ဆုံးသူ ဇကာတင် စာရင်း တွင် တရုတ် အနုပညာရှင် အိုင်ဝေေ၀ နှင့်
ကိတ်မင်ဒယ်(လ)တန် တို့  လည်း ပါဝင် ခဲ့ သည်။

ယခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေး ဆု အတွက် မူလက ဆုရရှိ မည် ဟု သတင်းပြေး နေမှု တွင်
အာရပ် နွေဦး လှုပ်ရှား မှု မှာ ထိပ်ဆုံး က ဖြစ်သည်။