နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားများ စတင်မည်

နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊မန္တလေး နှင့်
တစ်နိုင်ငံလုံး က သံဃာများ မကြာခင် စတင်တော့ မည် ဟု FNG မှ သတင်း ရရှိ သည်။သံဃာ
မဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားမှု များ ကို ရန်ကုန် ၊ မန္တလေး နယ်မြို့ များ တွင် စတင်
သလို ပင် တစ်ချိန် တည်း တစ်ပြိုင် တည်း တွင် စစ်တွေ ဉ်လည်း စတင် မည် ဖြစ်ကြောင်း စစ်
တွေ မြို့  သံဃာတော် တစ်ပါး က FNG သို့  မိန့် ကြားတော် မူသည်။သံဃာမဟာ နာယ က
အဖွဲ့  ဆိုသည် မှာ ယခင် တစ်ပါတီ အာဏာရှင် စနစ် ကို ထူထောင် ခဲ့ သည့် မြန်မာ့ ဆိုရှယ်
လစ် လမ်းစဉ်ပါတီ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးနေ၀င်းက ၎င်း လိုရာ ကြိုးဆွဲ ၍ ရ အောင် ဖန်
တီး ခဲ့ သည့် အဖွဲ့ ဖြစ် ၍ မရှိ သင့် တော့ ဖြစ်ကြောင်း နှင့် ဖျက်သိမ်း ဖို့ လို ကြောင်း တို့ 
ကို မန္တလေး မှာ ဆရာတော် ဦးကောဝိဒ FNG ကို မိန့် တော် မူသည်။

နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့သည် အလွန် ပင် အာဏာရှင် ဆန် သည့် အပြု အမူ ရှိ
ကြောင်း နှင့် ခောတ် နောင် ပြန် ဆွဲ သည့် အပြု အမူ ရှိ ကြောင်း တို့  ကို ထိုင်း နိုင်ငံဘန်
ကောက် တွင် ခေတ္တ သီတင်း သုံး နေ သည့် ဦးပညာသီရိ က ယခု ကဲ့ သို့  မိန့် တော်မူ
သည်။

ရွှေည၀ါ ဆရာ တော် နဲ့  ပတ်သက် ပြီး မဟန ရဲ့  ပြုမူ ပုံက အရမ်းရိုင်းပျ ပါတယ်။ လူ့ မှာ
လည်း လူ့  အခွင့် အရေး ရှိ သလို့ သံဃာ မှာလည်း သံ ဃာ အခွင့် အရေး ရှိပါတယ်။
ဘရိတ်ဒန့်  အက သင်တန်း ဖွင့် ကြံ့ဖွတ် ဘုန်းကြီး ကျတော့ အရေး မယူ ဘဲ ဆရာ
တော် ဦးပညာ သီလ မှ ဘာ လို့  ကွက် ပြီး တစ်ချက် လွှတ် အမိန့် ထုတ် လဲ အဖြေက
ရှင် ပါတယ်။ စစ်အစိုးရ လက်ကိုင်တုတ် ဘုန်းကြီး တွေ ပါ။ တစ်ကိုယ်ကောင်းစိတ်နဲ့ 
မနာ လို စိတ် အားကြီး တဲ့ အတွက် ခောတ်နောက် ပြန်ဆွဲ တဲ့ အပြု အမူ တွေ တွေ့ ရ
တာ တိုင်း ပြည် အတွက် မကောင်း ဘူး ဟု ပြောသည်။

မြန်မာ နိုင်ငံ သည် ဒီမိုကရေစီ နိုင်ငံ အဖြစ် ချီတက် နေ ပြီုဖြစ်သည့် အတွက် သံဃာ့ မ
ဟာနာယက အဖွဲ့ လို  အဖွဲ့ မျိုးလည်း မရှိ သင့်တော့ ပြီ ဖြစ်သည့် အတွက် ဆန့် ကျင်
ကန် ကွက်ရန် လိုမည် ဖြစ်ကြောင်း နှင့်  သံဃာ မဟာနယက ဖျက်သိမ်းရေး လှုပ်
ရှားမှု ကို လည်း စတင် ဆောင် ရွက် နေပြီ ဟုရန်ကုန် မြို့  မှ သံဃာတော် တစ်ပါး က
မိန့် တော် မူသည်။

သံဃာ မဟာနယ က အဖွဲ့  ကြီး သည် စစ်တပ်ကို ပင် အန်တု နိုင်သည့် အဖွဲ့ အစည်း
ကြီး ဖြစ်၍ ဖျက်သိမ်းခိုင်းလျှင် ပြန်လည် ခုခံ ပြီး ပြည်တွင်း စစ် ဖြစ် နိုင်သည် ဆို သည့်
သုံးသပ်မှု များလည်း ရှိသည်။

19 thoughts on “နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ ဖျက်သိမ်းရေး လှုပ်ရှားများ စတင်မည်

  1. ၀က်ဆိုရင် ဂူကို မဖြိုနိုင်ပါဘူး။
    ဂူဆိုရင်လည်း ၀က်ကိုမမူပါဘူး။
    လူဆိုရင် ဂူကိုဖြိုနိုင်ပါလိမ့်မယ်
    အကျိုးပြုတဲ့ဂူဆိုရင်လူတွေကဖြိုမှာမဟုတ်ပါဘူး။

  2. ဘယ်သူ ဦးဆောင်တာလဲ ၊ ဘယ်သူလုပ်မှာလဲ၊ တစ်နိုင်ငံလုံး သံဃာတွေလို့ ဘယ်သူက သုံးနှုံးလိုက်တာလဲ၊ ဆရာတော်ကြီးတွေကို စော်ကားရအောင် အဲဒိသူက ဘယ်လောက် အဆင့်ရှိလို့လည်း ပြဿနာလေး နည်းနည်းရှိတာနဲ့ ဖျက်သိမ်းဘို့ ကြိုးစားရအောင် ရူးနေလား၊ မိုက်ရိုင်းလိုက်တာ၊ လုံးဝ ဦးဏှောက်မရှိတဲ့ လုပ်ရပ်၊ အဆင့်အတန်းမရှိဘူး၊ နာမည်လေး နည်းနည်းရတာနဲ့ လုပ်ချင်ရာလုပ်ရင် သူများနောက်က ပါမယ်မှတ်နေတယ်၊ မြောက်ပေးလို့ ပေးမှန်းမသိကြဘူး….။

  3. လုံးဝအားပေးဘူး ၊ ကန့်ကွက်တယ် ။ အားမပေးဘူး ၊ ဗုဒ္ဓသာနာတော်ကို ဖျက်ဆီးဖို့ စနစ်တကျကြံစည်နေတဲ့ ဘာသားခြားတို့ ၊ တဖက်စွန်းရောက်ကွန်မြုနစ် တို့ရဲ့ သွေးထိုးလှုပ်ဆော်မှုကို တချို့ရှင်ရဟန်းတွေပါ ခံနေရတာလို့မြင်တယ်။ ဘာသာရေးကိုနိုင်ငံရေးနဲ့ ရောထွေးပြစ်လို့မရဘူး။ နိုင်ငံရေးသမားတွေထဲ မှာ ဗုဒ္ဓဘာသာမဟုတ်သောတခြားဘာသားခြားတွေရောပါဝင်နေတာကိုမမေ့ကြပါနဲ့ ။ မြန်မာပြည်မှာ ၀ိနည်းနှံစပ်ကျွမ်းကျင်သာ သီလသမာဓိနှင့်ပြည်စုံသော သိက္ခာရဆရာတော်အရှင်သူမြတ်တို့ အများကြီးသတင်းသုံးနေတာရှိပါတယ်။ နိုင်ငံရေးသမားတွေက ဘာသာရေးမှာ ပါသင့်သလောက်ပဲဝင်ပါကြစေချင်ပါတယ်။

  4. ညာဏ်မရှိတဲ့ အရူးမို့လို့ ဒီလို အကြံကို ကြံတယ်။ ညာဏ်မရှိတဲ့ အရူး တွေကလည်း ဒါကိုလက်ခံတယ်။
    သီလ၊ သမာဓိ၊ ပညာ ရှိတဲ့ သူတော်ကောင်းတွကို ပျက်စီးရာ ပျက်စီးကြောင်း ကြံတာဟာ။
    **** သံဃဘေဒက ( သံဃာ ကို သင်းခွဲမှု) ***** ပဉ္စာနန္တယ ကံ ****
    ထိုက်တယ်ဆိုတာ မသိဘူးလား နွားတွေ…..
    အဲဒီ သံဃာနာယက အဖွဲထဲမှာ ရဟန္တာ တွေမပါဘူးလို့ ဘယ်သူသိမလဲ….
    အကုသိုလ် မကြောက်ကြဘူး ….. ဇကောလောက်မှ ဇောက်မနက်တဲ့သူတွေပဲ….

  5. ဒီလိုမျိုးသံဃာဂိုင်းတွေမရှိသင့်တော့ဘူး လုံးဝမြစ်ပါမချန်အကုန်အစင်ဖြုပ်ပါတော့ အရှင်ဘုရားများ

  6. ဒီထက်စစ်မှန်တဲ့ မဟန မြန်မာပြည်မှာ ရှိမယ်မထင်ပါဘူး။ မဟနကိုဖျက်သိမ်းဘို့ ပြောတာ အလွန်စိတ်မကောင်းပါ။ တနိုင်ငံလုံးစုစည်းညီညွတ်သော သံဃအဖွဲ့အစည်းကြီး ဖြစ်အောင် ခေတ်အဆက်ဆက် ကြိုးစားတည်ဆောက်ခဲ့ကြရပါတယ်။ မဟနကို အစိုးရကခန့်ထားတာမဟုတ်ပါ။လွပ်လပ်သော သံဃအဖွဲ့အစည်း ဖြစ်ပါတယ်။ အစိုးရကသာ မဟနရဲ့ အဆုံးအမကိုခံယူပြီး အမျိုး ဘာသာအတွက် လုပ်နေတာတွေ့ရပါတယ်။ ဆရာတော်ကြီးများဟာ ပညာ၊သိက္ခာ၊သမာဓိ သာမက သာသနာပြုလုပ်ငန်းတွေ များစွာဆောင်ရွက်ခဲ့တာလေ့လာတွေ့ရှိရပါတယ်။

  7. အစိုးရရဲ့ လက်ကိုင်တုတ်တော့ မသိဘူးဗျာ တို့ မြို့က ဘုရားပွဲတွေရဲ့ အငြိမ့်မှာ သံဃာပျိုတွေကပွဲထိန်းတယ် ဘာလို့လဲ မင်းသမီးသွားမစနဲ့ အပေါ်က နေကွမ်းတံတွေးထုပ်နဲ့ပြစ်တယ် ဒါကိုမကျေနပ်လို့ပြန်ပြောရင် တုတ်နဲ့ရိုက်တယ် စဉ်ပေါ်ကနေ ခုန်ခုန်ပြီးရိုက်တာ ရှောင်လင်ဇတ်လမ်းကြည့်ရသလို တုတ်ကလဲေ၇ှာင်လင်တုတ် ဒါတွေကတော့ မဖြစ်သင့်ဘုးလို့ထင်တယ် ..စစ်မှန်တဲ့ သံဃာတော်က သာသနာတော်နဲ့ တပည့် ဒကာ ဒကာမတွေကို စစ်မှန်တဲ့ တရားကို လမ်းပြပေးရတာမဟုတ်ဘူးလားဗျာ ..ခုတော့ အငြိမ့်တို့ ပွဲလမ်းတွေ…..ဘာဘဲဖြစ်ဖြစ် ဒါတွေဟာ အုပ်ချုပ်တဲ့ သူတွေ ကြောင့် သံဃာ အစားဝင်လာတာပါ ကဲ သံဃာတုတ်ကြောက်လား သေနတ်ကိုင်ပြီး ဖောင်တိန်နဲ့ပစ်တဲ့သူကိုကြောက်လား?

  8. လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်တယ်လေ၊သက်ရောက်မှုတိုင်းမှာတန်ပြန်သက်ရောက်မှုရှိတော့
    အာဏာစက်ကိုလိုက်လျှောနေရတဲ့ဓမ္မစက်ကတော့တိုက်ခိုက်မှုတွေခံရတဲ့သဘောပါဘဲ

  9. သူတော်ကောင်းတို့
    လောကမှာ မသူတော်တွေလွှမ်းမိုးလာရင် သူတော်ကောင်းတွေအနေခက်တယ် ဆိုတာမျိုးမဖြစ်ရလေအောင် ၀ိနည်းတွေကိုမြတ်စွာဘုရားပညတ်ထားခဲ့တာပေါ့။ ခုလဲမဟနဆရာတော်ဘုရားတွေက ရွှေည၀ါဆရာတော် ကိုအကြောင်းပြုပြီး မသူတော်နိုင်ငံရေးသမားတွေရဲ့လုပ်စားမှုကို သူတော်ကောင်းသံဃာတွေမထိခိုက်နိုင်ဖို့ ဆရာတော်ဘုရားကြီးတွေကထိန်းပေးချင်တာဖြစ်ပါတယ်။ အစိုးရလက်ကိုင်တုတ် ဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတာ ဘာတွေဆုံးဖြတ်ကြမှာတုန်းကွယ်။ မဟနဆရာတော်ဘုရားကြီးတွေရဲ့သီလ၊ သမာဓိ၊ ပညာလောက်မပြည့်စုံ တဲ့သူတွေဖျက်သိမ်းချင်တယ်။ ဖျက်သိမ်းဖို့စိတ်ကူးရှိတယ်ဆိုတော့ ပတ္တမြားတောင်ကိုအမြင်ကပ်လို့ ချီးတွေ လူးပြီးပွတ်တိုက်တဲ့ ၀က်တွေနဲ့တူနေပါဦးမယ်။ မမှားသေးခင်ပြင်ကြပေါ့သူတော်ကောင်းတို့ရယ်။
    ဒေါင်းယောင်ဆောင်တဲ့ကျီးတွေရဲ့ထိုးဆိတ်မှုကိုမခံရအောင်ရှောင်နိုင်ကြပါစေ………………………..။

  10. ကျွန်တော်.ကိုဘာသာခြားသူငယ်ချင်းချင်းတစ်ယောက်ကမေးတယ်။မင်းတို.ဗုဒ်ဓဘာသာတွေက သူတပါးအကျိုး ပျက်စီးစရာကို ဘယ်သောအခါမျာ့ မပြော၊မကြံ၊မလုပ် ဆို တဲ။ခုတော့ မင်းတို.ကိုယ်တိုင်ကိုးကွယ်နေတဲ ဘုန်းကြီး တွေကတဲ………………………………………….ကဲ ဘာပြန်ပြောလိုက်ရမလဲ။မိတ်ဆွေတို.

  11. ဘယ်လို သီလ၊ သမာဓိ၊ ပညာ နဲ့ ပြည့်စုံတဲ့ သံဃာတွေက ဘယ်လိုရည်ရွယ်ချက်တွေနဲ့ သာသနာကို စောင့်ရှောက်ဖို့ ကြံစည်ပြီး သံဃမဟာ နာယက ကို ဖျက်သိမ်းဖို့ ကြီုးပမ်းကြတာလည်းဆိုတာ အံသြစရာပဲ။ သံဃမဟာ နာယက ကို မကောင်းပြောနေတဲ့ သူတွေဟာ တကယ်ပဲ့  သံဃမဟာ နာယက ဆရာတော်များ အကြောင်းကိုလေ့ လားဖူးလို့ လား။ နိုင်ငံရေးလုပ်မှ ပရိတ်သတ်စည်တဲ့ခောတ်ရောက်နေလို့  နိုင်ငံရေးလုပ်ဖို့ အစိုးရကို ဆန့်ကျင်ဖို့ တစ်ခုတည်းနဲ့  ဘာသာ သသနာဆိုတာ မသိချင်ယောင်ဆောင်နေကြတာလား။ သံဃမဟာ နာယက ဟာ အစိုးရလုက်ကိုင်တုတ်ပါဆိုတာ ဘယ်အချက်တွေကိုများ အသေချာလေ့ လာပြီးပြောလိုက်တာလည်း။ ရွှေည၀ါ ဆရာတော် လုပ်သမျှထောက်ခံသူတွေဟာ ဆရာတော် နိုင်ငံရေးစကားတွေပြောလို့ လား ၊ ဘာသာ သာသနာအကျိုးကို ဆောင်ရွက်နေလို့ လား။ ဘာသာသနာ အကျိုးကို မဟာ နာယက ဆရာတော်များ ဟာ ရွှေည၀ါ ဆရာတော်လောက်တောင် သယ်ပိုး ထမ်းရွက်ချင်းမရှိဘူးလို့ တွေးတောနေကြတယ်ဆိုရင် ဆရာတော်ဘုရားကြီးများရဲ့ သမိုင်းကြောင်းနဲ့  လုပ်ဆောင်ချက်တွေကို ပြန်လည်လေ့လာကြပါ။ မိုးပြာဂိုဏ်းလို အဓ္ဓမ ၀ါဒီ ဂုဏ်းမျိုးကို သုတ်သင်နိုင်ဖို့ ၊ ယောင်ဆောင် ဘာသာရေး အဖျက် ၀ါဒီကို သန့်စင် တားမြစ်နိုင်ဖို့ ဆို သံဃမဟာ နာယက အဖွဲ့ ဟာမရှိမဖြစ်ပါ။ ဆရာတော်များ ဟာ ဘယ်လောက် ရိုးသားကြည်ညိုဖွယ်ကောင်းတယ် သီလ သမာဓိနဲ့ ပြည့်စုံကြတယ် ဆိုတာ ဖူမျော်ကြည်ညိုဖူးသူတိုင်း လေ့လာဖတ်ရှူ့ ဖူးသူတိုင်း သိနိုင်ပါတယ်။ ဘယ်အသင်းအဖွဲ မှာမဆို ကွဲလွဲတဲ့  အမြင်တွေရှိတတ်ပါတယ်။ ရွှေည၀ါ ဆရာတော်ကိစ္စဟာ စိတ်မကောင်းစရာကောင်းပါတယ်။ ဒါပေမယ့် ပရိတ်သတ်များတဲ့ ဆရာတော်မျိုးဟာ ၀ိနည်းကို သူများထက်လိုက်နာသင့်ပါတယ်။ တရားမဲ့ စကားမျိုး အနည်းငယ်မျှတောင်မပြောဆိုထိန်းသိမ်းသင့်ပါတယ်။ ဘာအကြောင်းချက်တွေ အခြေခံပြီး ဆရာတော်၏ ကိစ္စကို ဆုံးဖြတ်သည်မသိပါ။ ဒါပေမယ့် ” တရားဟောတာမဟုတ်ဘူး သြ၀ါဓပေးတာ ၊ သူတို က ဥပဒေချိုးဖောက်တာ ကြာလှပြီ ..တို့ က လက်တစ်လုံးခြားလေး လုပ်တာ” ဆိုသော အပြောအဟောများနဲ့ ဟောပြောသွားတာဟာ ဘာသာရေးခေါင်းဆောင်တစ်ဦး အနေနဲ့ မပြောသင့်သောစကားတွေပါ။ ကိုးကွယ်သူ ပရိတ်သတ်နည်းပါးသော ဘာသာရေး ခေါင်းဆောင် ဟု ပြောရန် မလိုအပ်လှသော သံဃာမှ ပြောသောစကားမဟုတ်ပါ။ သာမာန်ဘေးမှ မြင်တဲ့ အမြင်လေးတစ်ခုပါ။ အခုသည်မှာ ကွန်မန့်ဝင်ရေးမိတာကလည်း ရွှေည၀ါဆရာတော်ကို မကြည်ညို လို့ ၊ အစိုးရကိုထောက်ခံတဲ့ သူမို့ လို မဟုတ်ပါဘူး ။ အစိုးရကို ဘယ်တုန်းကမှလည်း မထောက်ခံခဲ့သလို ရွှေဝါရောင်တော်လှန်ရေးမှာလည်းပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် သံဃမဟာ နာယက ဆိုတာကို သေချာမသိသူများ ဆရာတော်ကြီးများရဲ့ သီလ သမာဓိ ပညာဂုဏ်တွေကို မသိမကြားဖူးသူများက ဆရာတော်များဟာ အစိုးရလက်ကိုင်တုတ်ဖြစ်တယ် .. အကျိုးအပြစ်ကို မသိပဲ လုပ်ဆောင်နေသူများဖြစ်တယ် ဆိုပြီး ပုတ်ခတ်ရေးသား ရင်း..အခုဆို မဟာနာယက အဖွဲ ကို ဖျက်သိမ်းဖို့ အထိဆိုတဲ့ ၀ါဒဖြန့် ကြံစည်ရင်း အကုသိုလ်များနေကြတာကို မြင်းရင်း စိတ်မကောင်းဖြစ်မိလို့ ဝင်ရေးရတာပါ။ ခံစားချက်၊ နိုင်ငံရေးနဲ့ ၊ ဘာသာရေး ကို မရောမိကြပါစေနဲ့ ။

    1. မေးပါ၇စေဦးခင်ဗျားကမိုးပြာဂိုဏ်းအတွက်တခုတည်းသိတာနဲ.လာမပြောနှဲလေဗျာအခြားဘက်လိုက်တာတွေေ၇ာခင်ဗျားဘယ်လောက်သိလို.လည်းအဲဒီခင်ဗျားပြောတဲ.ဆ၇ာတော်ကြီးတွေကရွှေဝါေ၇ာင်တော်လှန်ေ၇းမှာကျတော.ဘာလို.ေ၇ငုံနှုတ်ပိတ်နေကြသလဲ…………။ဘ၇ိတ်ဒန်.ကတဲ.ကြံ.ဖွတ်ဘုန်းကြီးကိုကျတော.မဖမ်းတာကေ၇ာအကျင်.သီလနဲ.ပြည.်စုံတာဘဲလား………..။?ကျနော်ညဏ်မမှီလို.ခင်ဗျားဘဲဖြေစမ်းပါဦး

    2. @nay min … ဘ၇ိတ်ဒန်.ကတဲဘုန်းကြီးတွေဘာတွေပြောရအောင်…မင်းကို ငါတစ်ခုမေးမယ်။ သူများကို အပြစ်မြင်ရအောင် မင်းကရော ဘယ်လောက်ကောင်းလဲ။

      မင်းကို ငါ စည်းကမ်း ၂ခုပဲမေးမယ်။ မင်းလိုက်နာလားလို့ ဖြေ။
      ၁။ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ နေရာမှာ စည်းကမ်းတကျ အမှိုက်ပြစ်လား။
      ၂။ သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ နေရာကနေ စည်းကမ်းတစ်ကျ လမ်းဖြတ်ကူးလား။

      အဲဒီစည်းကမ်း၂ခု လုံလား။ ငါးပါးသီလအဆင့်တောင်မရောက်သေးဘူးနော်….

      သံယာတွေဆိုတာ စည်းကမ်း (၀ိနည်း) ပေါင်း ထောင်နဲ့ချီရှိတယ် ကို့လူ။ သူများကို လက်ညိုးထိုးချင်ရင်…

      ကိုယ်တိုင် ပြည့်စုံပြီလား အရင်ကြည့်။ မင်းကိုယ်တိုင် အရင်ကောင်းအောင်လုပ်။ ညာဏ်မတိန် ပါနဲ့ကွာ.. ဟုတ်ပြီလား။

  12. သံဃာ့မဟာနာယကအဖွဲ့ကိုဖျက်တာကတော့ ဖျက်သင့်ပါတယ် ဒါပေမယ့်ဖျက်နိုင်လို့ပျက်ပြီပဲထားပါဦး အကျင့်ပျက်ဘုန်းကြီးနဲ့ ဘုန်းကြီးတုတွေကိုထိန်းချုပ်နိုင်ဘို့ ၀ိနည်းနဲ့အညီထိန်းကျောင်းနိုင်ဘို့ သံဃာအဖွဲ့အစည်းတစ်ခုတော့လိုဦးမယ်ထင်တယ် အဲဒီအတွက်ရော ပြင်ဆင်ထားပြီးပြီလား

  13. မဟန ကိုဖျက်လိုက်ရင် ဒယ်အိုးဆရာတော်ပြောပြောနေတဲ့ ချဲဘုန်းကြီး ၊ ဆေးဘုန်းကြီး ၊ တစ်လုံး နှစ်လုံး
    ဘုန်းကြီးအပြင် နိုင်ငံရေးဘုန်းကြီး ပါ ထပ်တိုးလာတော့မယ်။ ခေတ်အဆက်ဆက်မှာနိုင်ငံရေးသမားတွေ
    က ကျောင်းသားထုကို စည်းရုံးပြီး တော့ အခု သံဃာတော်နဲ့  သာသနာတော်ကို ပါဆွဲထည့်နေပြီ ၊

  14. သံဃနာယကအဖွဲ က ဖျက်သိမ်းသင့်တာ ကြာပါပြီ။

  15. ဒီပဲယင်း ဆရာ ဦးအောင်သောင်း လုပ်ချလိုက်တာဖြစ်မယ်။ ခုတစ်လော ဦးအောင်သောင်း အပြင်ထွက်
    လာတယ်။ ဒီနေ့ တောင် ဦးအောင်သောင်း သတင်းစာရှင်းလင်းပွဲလုပ်တာ ဖတ်ရတယ်။
    NLD နဲ့ အစိုးရ ပြေလည်တယ် NLD ကိုလွတ်လပ်စွာ စည်းရုံးခွင့်ပြုတယ်ဆိုပီးခွင့်ပြုလိုက်လို့
    ဒေါ်အောင်ဆန်းစုကြည် ရိုးသားစွာနဲ့ မြန်မာပြည်အနှံ့ ပတ်တယ် စည်းရုံးရေးဆင်းတယ်။။။
    ဒီလိုအချိန်မှာ ဒီပဲယင်း ရွာမှာ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။။။
    တရုပ်က န၀တ အာဏာရှင်ဘက်က ရပ်လိုက်တယ်။။ကုလသမ္မဂ နှာစေးနေတယ်။။
    ပြည်သူတွေ သတိရှိကြပါ။ မြန်မာ့ နိုင်ငံရေးက ကလိန်ကျမှုတွေ ကလိန်ကကျစ်တွေ များလွန်းတယ်။။
    ရိုးသားမှု မရှိဘူး။။တိုင်းပြည် နစ်နာတယ်

  16. ကောင်းတယ် အမြန်ဆုံး ဆောင်ရွက်နိုင်ပါစေ အားပေးပါတယ် မဟန အဖွဲ့ဟာ အစိုးရရဲ့ လက်ကိုင်ဒုတ်ဖြစ်နေတာ ကြာပါပြီ အစိုးရ ရဲ့ အမိန့်ကို နာခံနေသော မဟန အဖွဲ့ တကယ် မရှိသင့်ပါ
    တစ်ကယ့် စစ်မှန်သော မဟန အဖွဲ့မျိုးဆိုလျှင်တော့ ရှိသင့်ပါတယ် အစိုးရ ရဲ့ အမိန့်ကို မနာခံသော
    မဟန အဖွဲ့ အစစ်မှန် လိုလားပါတယ် ….

Comments are closed.