တိုင်ဖွန်း ၀ါရှီ ကြောင့် ဖိလစ်ပိုင် မှာ သေဆုံးသူ ၆၀၀ နီးပါးရှိပြီ

ဖိလစ်ပိုင် နိုင်ငံ မှာ အားကောင်း တဲ့ အပူပိုင်း မုန်တိုင်း တိုက် ခတ် မှု ကြောင့် သေဆုံး သူ ၅၀၀
နီးပါး ရှိ သွား ပြီး ပျောက်ဆုံး နေသူ ၁၆၇ ဦး ရှိ သွား ပြီ လို့  ဖိလစ်ပိုင် ကြက်ခြေနီ နဲ့  ကူညီကယ်
ဆယ်ရေး အင်တာ နက် စာမျက် နှာ မှာ ဖော် ပြထား ပါတယ်။

ဖိလစ်ပိုင် နိုင်ငံ တောင် ပိုင်း မင်ဒါနာအို ကျွန်းက ကာဂယန် ဒီ အော်ရော် မှာ တိုက် ခတ် ခဲ့ တဲ့
အပူ ပိုင်း မုန်တိုင်း ကြောင့် ပျက်စီးဆုံး ရှုံး မှု တွေ ဟာ အဆမတန် များ ပြီး ဒေသခံ တွေ ကို
ဘေးလွတ် ရာကို ပို့ ဆောင် စဉ် မှာ ရေကြီး၊ မြေပြို မှု တွေ ကြောင့် ကယ်ဆယ် ရေး လုပ်ငန်း
တွေ ထိရောက် မှု မရှိ ဘူး ဆို ဖိလစ်ပိုင် စတား အင်တာနက် သတင်း မှာ ဖော်ပြထား ပါတယ်။

ဝါရှီ လို့ အမည်ပေးထားတဲ့ တိုင်ဖွန်း မုန်တိုင်း  တိုက်ခတ် ခဲ့တဲ့ နေရာ တွေ မှာ ဖိလစ်ပိုင်
နိုင်ငံ တ၀ှမ်းက လက်နက်ကိုင် တပ်ဖွဲ့  နဲ့  အရပ်ဘက်  အဖွဲ့  အစည်း အချို့ ကို ပါ ကူညီ
ကယ်ဆေးရေး လုပ်ငန်း တွေ သွားရောက် လုပ်ဆောက် ဖို့  ဖိလစ်ပိုင် သမ္မတ ဘင်နီနီ အကွီနို
က တိုက်တွန်းထား ပါတယ်။

မုန်တိုင်း ကြောင့် လူတစ်သိန်း ကျော် အိုးမဲ အိမ်မဲ့ ဖြစ်သွား ခဲ့ ရတယ် လို့  ဖိလစ်ပိုင် က လာတဲ့
CNN သတင်း တစ်ရပ် မှာ ဖော် ပြထား ပါတယ်။

Updated  တနင်္ဂနွေ နေ့ နံနက် နောက်ဆုံး ရရှိ တဲ့ သတင်း တွေအရ ဖိလစ် ပိုင် နိုင်ငံ မှာ မုန်
တိုင်းကြောင့် သေဆုံး သူ ၅၈၉ ဦး ရှိ သွား ပြီ ဖြစ်ပါတယ်။

Philipines Storm Death toll mount (Video)

One thought on “တိုင်ဖွန်း ၀ါရှီ ကြောင့် ဖိလစ်ပိုင် မှာ သေဆုံးသူ ၆၀၀ နီးပါးရှိပြီ

Comments are closed.