တစ်နှစ်တာ အတွင်း ထူးချွန် မှု အရှိဆုံး ပုဂ္ဂိုလ် အဖြစ် ဒေါ် နော်အုံးလှ ကို ရွေးချယ်

တစ်နှစ်တာ အတွင်း ထူးချွန် မှု အရှိဆုံး ပုဂ္ဂိုလ် (Person of the Year) အဖြစ် Freedom
News Group ၏ အယ်ဒီတာ အဖွဲ့ မှ ဒေါ်နော်အုံးလှ နှင့် နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက်
ရေး အင်္ဂါ ၀တ် ပြု ဆုတောင်း အဖွဲ့  ကို ရွေးချယ် ချီးမြင့် ပေး အပ် လိုက်သည်။ Freedom News Group မှ ဒေါ်နော်အုံးလှ အား  Person of the Year ဆု အတွက်
ရွေးချယ် ပေးအပ် ချီးမြှင့်ရခြင်း မှာ သူမ ၏ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ၊ ပြည်
တွင်း ငြိမ်းချမ်းရေး ၊ မြစ်ဆုံ ရေကာတာ ဆည် တည်ဆောက် မှု ရပ်တန့် ရေး တို့  အတွက်
စွမ်းစွမ်း တမံ ဆောင်ရွက် မှု များ ကြောင့် ပေး အပ်ရခြင်း ဖြစ်သည်။

ဒေါ်နော်အုံးလှ အား NLD မှ ထုတ်ပယ် ခြင်း ကို အမေရိကန် သံရုံး မှာ ၀ါရှင်တန် သို့  သတင်း ပို့ မှု (၀ီကီလိခ်)

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး အတွက်  အင်္ဂါနေ့တိုင်းဆုတောင်းလှုပ်ရှားမှု ကို ဦး
ဆောင်  သူ ဒေါ်နော်အုံးလှသည် ယခု နှစ် မေလ ၁၇ ရက်နေ့ တွင် ဖမ်းဆီးထားရာ အကျဉ်း
ထောင်တွင် ထောင်ဒဏ် ၂ နှစ် ချမှတ် ထားရာ မှ ပြန်လည် လွတ် မြောက်လာခဲ့ သည်။

ပြန်လည် လွတ်မြောက် ပြီး နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက်ရေး ဆုတောင်း ပွဲများ ကို
ဦးဆောင် လှုပ်ရှား ခဲ့ ပြီး ယခုနှစ် စက်တင်ဘာ လ ၂၆ ရက်နေ့ တွင် မြစ်ဆုံဆည် တည်ဆောက်
မှု ရပ်တန့် ရေး နှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး တို့  အတွက် လူ ၂၀၀ ကျော်
ခန့် ပါဝင်သည့် ဆန္ဒပြ တောင်းဆို မှု ပြုခဲ့ သည်။

‘This is Our Contribution to Our Country’

ဒေါ်နော်အုန်းလှသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်ဟောင်းတဦးဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ချခံထားရ စဉ် ကာလက သူမ
လွတ်မြောက်ရေး အတွက် အင်္ဂါနေ့တိုင်း ၀တ်ပြုဆုတောင်း နေသူဖြစ်သည်။

၂၀၀၉  ခုနှစ် အောက်တိုဘာလ တွင် ကမ္မ၀ါစာ တွေ့ ရှိမှု ဖြင့် ဖမ်းဆီး ခံရ ပြီးနောက်
ထောင် ဒဏ် ချမှတ် ခံရခြင်း ဖြစ်သည်။

Mizzima News: Naw Ohn Hla severely injured in car accident

ကရင် တိုင်း ရင်းသူ တစ်ဦး လည်း ဖြစ်သူ ဒေါ် နော် အုံး လှ သည် သူမ ၏ တက်ကြွစွာ
လှုပ်ရှား မှု များ ကြောင့် ၁၉၈၉၊၁၉၉၀၊ ၁၉၉၂၊ ၁၉၉၅၊၁၉၉၈ နှင့် ၂၀၀၇ ခုနှစ် များ တွင်
ဖမ်းဆီး ထိမ်း သိမ်းခြင်း ခံ ခဲ့ ရသည်။

ယမန် နှစ်က FNG မှ ချီးမြှင့် သည့် တစ်နှစ်တာ ထူးချွန်မှု အရှိ ဆုံး ဆု ကို အင်္ဂလန် နိုင်ငံ
တွင် နေထိုင်သည့်မဝေနှင်းပွင့်သုန် က ရရှိခဲ့ သည်။